အငှားအိမ်ရာစီမံကိန်းမှ တိုက်ခန်း ၃၉၃ ခန်း မဲစနစ်ဖြင့် အငှားချ - Property News in Myanmar from iMyanmarHouse.com
1000 Views

အငှားအိမ်ရာစီမံကိန်းမှ တိုက်ခန်း ၃၉၃ ခန်း မဲစနစ်ဖြင့် အငှားချ

မန္တလေးမြို့ရှိ ဧရာဝတီမြစ်ကမ်းတစ်လျှောက်တွင် ယာယီ တဲများဖြင့် နေထိုင် သည့် ကာယလုပ်သားများအတွက် တည်ဆောက်ပေး ထားသည့် အငှားအိမ်ရာတိုက်ခန်း ၁၅၈၄ ခန်းအနက် ကျန်ရှိနေသော တိုက်ခန်းပေါင်း ၃၉၃ ခန်းကို ယနေ့နံနက် ၈ နာရီက အောင်မြေသာစံမြို့နယ် ကမ်းနားလမ်းရှိ အဆိုပါအငှားအိမ်ရာတိုက်ခန်းဝင်း အတွင်း၌ မဲနှိုက်ချထားပေးခဲ့ကြောင်း သိရသည်။

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ ကမ်းနားလမ်းတစ်လျှောက် (၁၄)လမ်းမှ (၂၁)လမ်းအထိ တာဝန်ယူတည်ဆောက်ထားသည့် အငှားအိမ်ရာတိုက်ခန်း ၁၅၈၄ ခန်းအနက် ၁၁၈၁ ခန်းအား မတ် ၇ ရက်တွင် မဲစနစ်ဖြင့် အခန်းနေရာများ အငှားချထားပေးခဲ့ပြီး ယခု ကျန်ရှိနေသည့် အခန်းပေါင်း ၃၉၃ ခန်းကို အငှားနေထိုင် ခွင့်လျှောက်ထားသူ ၄၃၈ ဦးအတွက် ဒုတိယအသုတ် အနေဖြင့် ထပ်မံအငှားချထားပေးခြင်းဖြစ်ကြောင်း မန္တလေး မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

''တိုက်ခန်းအတွက် မဲပေါက်လို့ ဝမ်းသာပါတယ်။ အငှားအိမ်ရာတွေမှာ တိုက်ခန်းတွေ ပြန်ရောင်းစားတာ တွေမရှိပါဘူး။ အချို့သူတွေက မပြေလည်ကျတော့ အခန်းချင်းအလိုက်ပေးပြီး လဲလှယ်တာတွေရှိပါတယ်''ဟု ပထမအသုတ်တွင် မဲပေါက်၍ အငှားအိမ်ရာတွင် နေထိုင်သူ မအေးအေးခိုင်က ပြောကြားသည်။ု

မဲနှိုက်၍ ပဉ္စမအထပ်ပေါက်သူ ကိုထွန်းထွန်းကလည်း ''အထပ်မြင့်ပေမယ့် အခုအချိန်မှာ လုံလုံခြုံခြုံနဲ့ အဆင့်မြင့်မြင့် နေရတော့မယ့်အတွက် ဝမ်းသာ နေပါတယ်။

မကြာမီမိုးရာသီကလည်း ရောက်တော့မယ်ဆိုတော့ ရွှေ့ပြောင်း နေထိုင်ရတဲ့ ဒုက္ခတွေ ကင်းသွားတာပေါ့''ဟု ပြောကြားသည်။ အငှားအိမ်ရာ စီမံကိန်းကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက ကျပ်ငွေ သန်းပေါင်း ၁၁ဝဝဝ အကုန်အကျခံ တည်ဆောက်ထားခြင်းဖြစ်ပြီး ၁၂-ခန်းတွဲ ခြောက်ထပ် အဆောက်အအုံပေါင်း ၂၂-လုံးမှ အခန်းအရေအတွက် ၁၅၈၄-ခန်း ကို အငှားချထားပေးနေကြောင်း သိရသည်။

Credit: MOI Webportal Myanmar

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 08 Jul To 08 Aug

Central Shophouse

Emerald Bay Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service