ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းကြောင့် မင်းပြင်ကမ်းခြေရှိ မြေကွက်များ မြို့ပြဧရိယာများထက် ဈေးမြင့်တက် - Property News in Myanmar from iMyanmarHouse.com
2509 Views

ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းကြောင့် မင်းပြင်ကမ်းခြေရှိ မြေကွက်များ မြို့ပြဧရိယာများထက် ဈေးမြင့်တက်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းကြောင့် မင်းပြင်ကမ်းခြေရှိ မြေကွက်များသည် မြို့တွင်း မြေဈေးနှုန်းထားများထက် မြင့်တက်လာကြောင်း ကျောက်ဖြူမြို့ရှိ အိမ်ခြံမြေ အကျိုးဆောင်များထံမှ သိရှိရသည်။

အဆိုပါ ကမ်းခြေရှိ မြေကွက်များမှာ ၂၀၁၄ ခုနှစ် မတိုင်မီက ပေ (၄၀ × ၆၀) တစ်ကွက်လျှင် ကျပ်သိန်း ၃၀ မှ ကျပ်သိန်း ၅၀ ၀န်းကျင်သာ ရှိခဲ့ပြီး လက်ရှိ တစ်ကွက်နှုန်းကို ကျပ်သိန်း ၃၀၀ မှ ကျပ်သိန်း ၆၀၀ ၀န်းကျင် အထိ မြင့်တက်လာကြောင်း သိရသည်။
“ဟိုတယ်နဲ့ ခရီးသွား လုပ်ငန်းစီမံကိန်းကို မျှော်မှန်းပြီး ဆက်တိုက်ဝယ်ယူ၊ ခြံခတ်နေကြပါတယ်။ လောင်းကျိုး၊ ၀မျှောင်အပိုင်းဆို ပိုပြီး အရောင်းအ၀ယ် ဖြစ်နေတယ်”ဟု အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးဖြစ်သူ ဦးမောင်ကြီးက ပြောသည်။

ကျောက်ဖြူမြို့ပြ ဧရိယာများရှိ အိမ်ခြံမြေဈေးများမှာ လက်ရှိ နေရာဒေသအလိုက် ပေ (၄၀ × ၆၀) တစ်ကွက်လျှင် ကျပ်သိန်း ၂၀၀ မှ ကျပ်သိန်း ၃၀၀ ၀န်းကျင်သာရှိပြီး ဈေးငြိမ်နေကြောင်း သိရသည်။
“မြို့တွင်းအိမ်ခြံမြေ ဈေးကွက်ကတော့ ငြိမ်နေပါတယ်။ လက်ရှိ အရောင်းအ၀ယ် မရှိတော့ ဈေးကလည်း တက်ဖို့ မရှိသေးပါဘူး။ မြို့ပြင်ဘက်တွေက ဈေးပိုတက်နေတယ်”ဟု အိမ်ခြံမြေ အကျိုးဆောင် ဒေါ်သန္တာလင်းက ပြောသည်။

၁၅ မိုင်ခန့်ရှည်လျားပြီး အနောက်ဘက်တွင် ဘင်္ဂလားပင်လယ်အော် တည်ရှိနေသည့် မင်းပြင်ကမ်းခြေတွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများကို မျှော်မှန်းပြီး လုပ်ငန်းရှင်အချို့မှာ ပြန်လည် ရောင်းချရန် မြေကွက်များဝယ်ယူ၍ ရင်းနှီး မြုပ်နှံထားကြောင်း သိရသည်။

Credit : The Ladies News

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service