ဦးပိန်တံတားအနီး အပန်းဖြေဟိုတယ် တည်ဆောက်မှု ပြန်စစ်ဆေးရန် ဆောက်လုပ်မှု ခေတ္တရပ်ဆိုင်း - Property News in Myanmar from iMyanmarHouse.com
2516 Views

ဦးပိန်တံတားအနီး အပန်းဖြေဟိုတယ် တည်ဆောက်မှု ပြန်စစ်ဆေးရန် ဆောက်လုပ်မှု ခေတ္တရပ်ဆိုင်း

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်ရှိ တောင်သမန် အင်းနှင့် ဦးပိန်တံတားအနီးတွင် မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် တောင်သမန်ကျေးလက် ရီဆော့ စီမံကိန်း တည်ဆောက်နေမှုများ ကို ပြန်လည်စိစစ်မည်ဖြစ်၍ ဆောက်လုပ်နေမှုအား ခေတ္တရပ် ဆိုင်းထားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဦးပိန်တံတား အရှေ့ဘက်ပေ ၁,၉၀၀ အကွာ တောင်သမန် ကျေးရွာအနီးရှိ တောင်သမန်အင်းနှင့် ထိစပ်နေသည့် မြေဧက ၄၀ ကျော်ပေါ်တွင် ပုဂ္ဂလိကပိုင် တောင်သမန်သစ္စာကုမ္ပဏီက မြန်မာ့ရိုး ရာယဉ်ကျေးမှုနှင့် တောင်သမန် ကျေးလက် ရီဆော့စီမံကိန်းကို ၂၀၁၅ ဧပြီလကုန်တွင် စတင် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါစီမံကိန်း၏ မြေရာ ဇဝင်နှင့် မြေအသုံးချမှုဆိုင်ရာ များ၊ သဘာဝပတ်ဝန်းကျင်ဆိုင် ရာများအပေါ် အသေးစိတ် ပြန် လည်သုံးသပ်ရန် ယင်းလုပ်ငန်း များ ဆိုင်းငံ့မည်ဖြစ်ကြောင်း၊ မူလစာချုပ်ပါ စည်းကမ်းချက် များနှင့်အညီ ဆောင်ရွက်ခြင်း ရှိ၊မရှိ စစ်ဆေးမည်ဖြစ်ကြောင်း၊ ပြည်သူလူထုအတွက် အကျိုးရှိ နိုင်၊ မရှိနိုင်ပါ ထည့်သွင်းသုံးသပ် ရမည်ဖြစ်၍ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ခေတ္တဆိုင်းငံ့ရန် ညွှန်ကြားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံးမှ စုံစမ်းသိရသည်။

တောင်သမန်အင်းအတွင်း ဆောက်လုပ်နေသည့် ရီဆော့စီမံ ကိန်းကို မေလ ၂၈ ရက်တွင် မြို့ တော်ဝန်က ကွင်းဆင်းစစ်ဆေး ပြီး ဆောက်လုပ်မှုခေတ္တရပ်ဆိုင်း ထားရန် ကုမ္ပဏီမှ တာဝန်ရှိသူ များအား ပြောကြားခဲ့ကြောင်း အစိုးရအဖွဲ့ရုံးမှ သိရသည်။

တောင်သမန်သစ္စာကုမ္ပဏီ လီမိတက်က ဆောင်ရွက်နေသည့် အဆိုပါစီမံကိန်းတွင် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အမွေအနှစ်များဆိုင် ရာ ပြကွက်၊ မြန်မာ့ရိုးရာလက်မှု ပစ္စည်းများ ဈေးတန်း၊ ဝန်ဆောင် မှုနယ်မြေ၊ ခရီးသွားလမ်းညွှန်နယ် မြေ၊ နားနေအပန်းဖြေဥယျာဉ်၊ ခရီးသွားဝန်ဆောင်မှုနယ်မြေ စသည်ဖြင့် ကဏ္ဍခြောက်ခုပါဝင် ကာ မြေဧက ၄၀ ကျော်တွင် အ ကောင်အထည်ဖော်ဆောင်ရွက် နေခြင်းဖြစ်သည်။

‘‘တိုင်းဝန်ကြီးချုပ်က ခေတ္တ ရပ်ဆိုင်းမယ်ဆိုပြီး ပြောထားတာ။ ကျွန်တော်တို့လည်း ကြားပါတယ်။ အရင်အစိုးရလက်ထက်ကတည်း က အဲဒီမြေယာတွေကို တခြား နည်းနဲ့ သုံးစွဲခွင့် ခွင့်ပြုချက်ရထား ပြီး မြို့တော်စည်ပင်ရဲ့ တရားဝင် ခွင့်ပြုချက်နဲ့ တည်ဆောက်နေတဲ့ အတွက် ခေတ္တရပ်ဆိုင်းမယ်ဆိုပေ မယ့် ပြဿနာကြီးကြီးမားမား တော့ မရှိနိုင်ပါဘူး။

ဝန်ကြီးချုပ် က စိစစ်မယ်ဆိုရင်လည်း လိုအပ် တာတွေ တင်ပြပေးသွားဖို့ အ ဆင်သင့်ရှိနေပါတယ်’’ဟု တောင် သမန်သစ္စာကုမ္ပဏီမှ စီမံခန့်ခွဲ ရေး တာဝန်ခံတစ်ဦးက ပြော သည်။ပြည်တွင်း၊ ပြည်ပခရီးသွား ဧည့်သည်များအတွက် မြန်မာ့ရိုး ရာ ယဉ်ကျေးမှုအမွေအနှစ်များ နှင့် ကျေးလက်ဒေသအငွေ့အ သက်များကို တစုတစည်းတည်း ရရှိခံစားနိုင်စေရန်နှင့် တောင် သမန်ဒေသကိုဗဟိုပြု၍ မန္တလေး တိုင်းဒေသကြီး၏ ခရီးသွားလုပ် ငန်းဖွံ့ဖြိုးလာစေရန်ပါ ရည်ရွယ် ပြီး တောင်သမန်ကျေးလက် ရီဆော့စီမံကိန်းကို ကျပ်သိန်း ပေါင်းသုံးသိန်း (ကျပ်သုံးဆယ် ဘီလီယံ)ခန့် ရင်းနှီးမြှုပ်နှံတည် ဆောက်ရန် စီစဉ်ထားပြီး လာ မည့်သုံးနှစ်အတွင်း အပြီးတည် ဆောက်နိုင်ရန် ရည်ရွယ်ထား သည်ဟု တောင်သမန်သစ္စာ ကုမ္ပဏီ၏ ယခင်ပြောရေးဆိုခွင့် ရှိသူ ဒါရိုက်တာ ဦးစိုးမြတ်သူက ပြောကြားသည်။

အဆိုပါ စီမံကိန်းအကောင် အထည်ဖော်ဆောင်ရွက်မှုအပေါ် သဘာဝပတ်ဝန်းကျင်နှင့် ဒေသခံ များ၏ လူမှုစီးပွားရေးလုပ်ငန်းများ ထိခိုက်မှုဖြစ်မည်ကိုလည်း မန္တ လေးမြို့ခံအချို့က စိုးရိမ်မှုများရှိ နေသည်။

Credit : 7Day Daily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ
ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ
ကမ္ဘာ့ရွံစရာအကောင်းဆုံး အိမ်သာကို နိုင်ငံပေါင်း ၉၁ သို့ လိုက်လံရှာဖွေခဲ့သော ဗြိတိန်အမျိုးသား နောက်ဆုံးတွင် တွေ့ရှိသွားခဲ
ကမ္ဘာ့ရွံစရာအကောင်းဆုံး အိမ်သာကို နိုင်ငံပေါင်း ၉၁ သို့ လိုက်လံရှာဖွေခဲ့သော ဗြိတိန်အမျိုးသား နောက်ဆုံးတွင် တွေ့ရှိသွားခဲ
မြေငှားဂရန်သက်တိုးခြင်း အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေငှားဂရန်သက်တိုးခြင်း အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
လူတို့၏ ခန္ဓာကိုယ်ကို အလင်းရိပ်တစ်ခုက လွှမ်းခြုံထားပြီး သေဆုံးချိန်တွင် ပျောက်ကွယ်သွားကြောင်း သိပ္ပံပညာရှင်များ အံ့ဖွယ်တ
လူတို့၏ ခန္ဓာကိုယ်ကို အလင်းရိပ်တစ်ခုက လွှမ်းခြုံထားပြီး သေဆုံးချိန်တွင် ပျောက်ကွယ်သွားကြောင်း သိပ္ပံပညာရှင်များ အံ့ဖွယ်တ
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
မိမိနေအိမ်ကို နမိတ်ကောင်း ဆောင်ယူစေရန် ပြုလုပ်သင့်သော အရာများ
မိမိနေအိမ်ကို နမိတ်ကောင်း ဆောင်ယူစေရန် ပြုလုပ်သင့်သော အရာများ
အသက် ၇၅ နှစ် အဘိုးအိုက ရေသန့်ဘူးကြီး ၁၄ ဘူးနေ့စဉ်မှာနေရာ ရေသန့်သမားက သံသယဖြစ်ကာ ရဲကို တိုင်တန်းကာ ရှာဖွေစစ်ဆေးလိုက်သောအခ
အသက် ၇၅ နှစ် အဘိုးအိုက ရေသန့်ဘူးကြီး ၁၄ ဘူးနေ့စဉ်မှာနေရာ ရေသန့်သမားက သံသယဖြစ်ကာ ရဲကို တိုင်တန်းကာ ရှာဖွေစစ်ဆေးလိုက်သောအခ
ဆယ်လီတို့ကို အရူးအမူး စွဲလမ်းကိုးကွယ်သူများမှာ ဉာဏ်ရည်နိမ့်ပါးကြောင်း ဟန်ဂေရီ သိပ္ပံပညာရှင်များ လေ့လာတွေ့ရှိ
ဆယ်လီတို့ကို အရူးအမူး စွဲလမ်းကိုးကွယ်သူများမှာ ဉာဏ်ရည်နိမ့်ပါးကြောင်း ဟန်ဂေရီ သိပ္ပံပညာရှင်များ လေ့လာတွေ့ရှိ

Upcoming Property Events

From 25 Oct To 26 Oct

Magical World Apartment

Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service