စက်မှုဇုန်များအတွင်းရှိ လုပ်ငန်းလည်ပတ်ခြင်းမရှိသည့် စက်ရုံနှင့် မြေကွက်များကို ညွှန်ကြားချက်အတိုင်း ထိရောက်စွာ အရေးယူမည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
1266 Views

စက်မှုဇုန်များအတွင်းရှိ လုပ်ငန်းလည်ပတ်ခြင်းမရှိသည့် စက်ရုံနှင့် မြေကွက်များကို ညွှန်ကြားချက်အတိုင်း ထိရောက်စွာ အရေးယူမည်ဟုဆို

ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန် ၂၉ ခုမှ မြေကွက်လပ် များနှင့် လုပ်ငန်းဆောင်ရွက်ခြင်း မရှိသည့် စက်ရုံများကို တိုင်းအစိုးရက ကွင်းဆင်းစစ်ဆေးနေပြီး ညွှန် ကြားချက်များအတိုင်း ထိရောက် စွာ အရေးယူဆောင်ရွက်မည်ဖြစ် ကြောင်း သတင်းရရှိသည်။

စက်မှုဇုန်များတွင် ဂရန်ရရှိ ပြီး ခြောက်လအတွင်း လုပ်ငန်း ဖော်ဆောင်ရန်၊ လူနေအိမ်ဆောက် လုပ်ခြင်းမရှိရန်၊ တစ်ဆင့်ပြန် လည်ငှားရမ်းခြင်း၊ ရောင်းချခြင်း မပြုရန် စသည့်အချက်များပါဝင် သော ညွှန်ကြားချက်တစ်ရပ်ကို ယခင်အစိုးရလက်ထက်က ထုတ် ပြန်ခဲ့သော်လည်း လက်တွေ့တွင် အရေးယူဆောင်ရွက်ခြင်းမရှိ၍ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၌ မေးမြန်းခဲ့ရာ လျှပ်စစ်၊ စက် မှုလက်မှုနှင့် လမ်းပန်းဆက်သွယ် ရေးဝန်ကြီးက ယခင်အစိုးရ၏ ညွှန်ကြားချက်အတိုင်း အရေးယူဆောင်ရွက်မည်ဖြစ်ပြီး လက်ရှိတွင် စက် မှုဇုန်များကိုကွင်းဆင်းစစ်ဆေး နေကြောင်း ပြန်လည်ဖြေကြားခဲ့ သည်။

‘‘အဖွဲ့လေးဖွဲ့ခွဲပြီး မေလ ၁၉ ရက်ကစတင်စစ်ဆေးခဲ့ပါတယ်။ အမှန်တကယ် စက်ရုံတည်ဆောက်ပြီး လုပ်ငန်းလည်ပတ်နေတဲ့ စက် ရုံတွေရှိပါတယ်။ တချို့က သိမ်း မှာ စိုးတဲ့အတွက် ဂိုဒေါင်တွေ ဆောက်ပြီး ပစ္စည်းသိုလှောင်တာ မျိုး၊ ဒါမှမဟုတ် ငှားစားတာမျိုး လုပ်နေတာလည်း ရှိပါတယ်။ တချို့သော မြေကွက်တွေကတော့ လုံးဝဘာမှမလုပ်တဲ့ မြေကွက်များ ဖြစ်ပါတယ်။
ကွင်းဆင်းစစ်ဆေးမှု ကရရှိလာတဲ့ အချက်အလက်များ နဲ့ ဆက်လက် ဆောင်ရွက်မယ့် အခြေအနေများကို ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြ မှာ ဖြစ်ပါတယ်’’ ဟု လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက် သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော် က ပြောသည်။

မေလ ၂၆ ရက်က ပြုလုပ် သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒုတိယပုံမှန်အစည်း အဝေး (စတုတ္ထနေ့)တွင် ပုဇွန် တောင်မြို့နယ် မဲဆန္ဒနယ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးတင့် လွင်က ရန်ကုန်တိုင်းဒေသကြီးအ တွင်းရှိ စက်မှုဇုန်၌ ခြောက်လအတွင်း လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ခြင်း မရှိသည့် လုပ်ငန်းရှင်များနှင့် မြေကွက်လပ်များကို ပြန်လည်သိမ်းဆည်းခြင်း၊ အရေးယူဆောင်ရွက်ရန် အစီအစဉ်ရှိ၊ မရှိမေးခွန်းမေးမြန်းခဲ့ရာ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးကအထက်ပါအတိုင်းဖြေကြားခြင်း
ဖြစ်သည်။

ပြီးခဲ့သည့် အစိုးရလက်ထက် က ၂၀၁၄ နိုဝင်ဘာတွင် ထုတ် ပြန်သော စာရင်းများအရ ရန်ကုန် တိုင်းဒေသကြီးရှိ စက်မှုဇုန် ၂၉ ခုတွင် မြေကွက်လပ်ပေါင်း ၄,၄၁၈ ဧက၊ မြေကွက်အားဖြင့် ၂,၃၃၉ ကွက်နှင့် ဂိုဒေါင်အလွတ် ၁,၂၉၉ လုံးရှိကြောင်း သိရသည်။

ယင်းကဲ့သို့ စက်မှုဇုန်များ တွင် လုပ်ငန်းအကောင်အထည် ဖော်ဆောင်ရွက်ခြင်းမရှိဘဲ မြေ
ဈေးကစားခြင်း၊ တစ်ဆင့် ပြန် လည်ငှားရမ်းခြင်း၊ ရောင်းချခြင်း များပြုလုပ်နေ၍ အမှန်တကယ် လုပ်ငန်းလုပ်လိုသည့် လုပ်ငန်းရှင်များနစ်နာမှုရှိနေပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို
လည်းထိခိုက်စေကြောင်းအထက်ပါလွှတ်တော်ကိုယ်
စားလှယ်က ထောက်ပြသည်။

မေ ၁၉ ရက်မှ မေ ၂၄ ရက်အထိ လှိုင်သာယာစက်မှုဇုန် (၁)၊ (၂)၊(၃)၊(၄)၊(၅)၊(၆)၊(၇)၊ ငွေပင်လယ်နှင့် ရွှေလင်ဗန်းစက်မှုဇုန်စသည့် စက်မှုဇုန်ကိုးခုကို ကွ င်းဆင်းစစ်ဆေးပြီးဖြစ်ကြောင်း လျှပ်စစ်၊စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး
ဒေါ်နီလာကျော်က ပြောသည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား

Upcoming Property Events

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

From 09 Aug To 10 Aug

Mingalar Market

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service