အရောင်းအဝယ် အေးနေတဲ့ အထပ်မြင့် - Property News in Myanmar from iMyanmarHouse.com
1728 Views

အရောင်းအဝယ် အေးနေတဲ့ အထပ်မြင့်

အထပ်မြင့်ဆောက်လုပ်ခွင့် ခေတ္တာရပ်ဆိုင်း
ထားတာကြောင့် ဈေးကွက်အတွင်း အဆင့်မြင့်တိုက်ခန်းရောင်းဝယ်မှု
တွေလည်းရပ်နားထားတာတွေ ရှိနေတယ်လို့
ဆောက်လုပ်ရေးလုပ်ငန်းရှင် တချို့ဆီက သိရပါတယ်။

' တချို့ အဆင့်မြင့် တိုက်ခန်းတွေက
တည်ဆောက်တာတွေ မစခင်ကတည်းက အရောင်းဖွင့်ထားတာတွေရှိတယ် ၊ အခုရပ်ဆိုင်းခိုင်းတာက မြို့အဂါင်္ရပ်ဖွံ့ဖြိုးမှုနဲ့ ကိုက်ညီဖို့ အသေးစိတ်စိစစ်မှာဆိုတော့ ဆောက်လုပ်ခွင့်ပေးတာနဲ့ ပတ်သက်ပြီး ဒီဇိုင်းပိုင်းတွေပုံစံတွေပြောင်းဆောက်
ရမှာကို စိုးရိမ်နေကြတယ် ' လို့ အံ့ထူးဆောက်လုပ်ရေးက မန်နေဂျာ ကိုမင်းမင်း ကပြောပါတယ်။

အရစ်ကျဝယ်ထားတာပါ
လက်ရှိဆောက်လုပ်ခွင့်ရပ်ဆိုင်းထားတဲ့ အဆောက်အအုံအများစုက အဆင့်မြင့်ကွန်ဒိုစီမံကိန်းတွေများတာကြောင့် အခန်းဝယ်ယူထားတဲ့ သူတွေရှိနေပါတယ်။
အရစ်ကျပုံစံနဲ့ဝယ်ယူတာတွေများတာကြောင့်ဆောက်လုပ်မှုနဲ့ ပတ်သက်ပြီး ရပ်ဆိုင်းနေရတာကို လာရောက်မေးမြန်းတာတွေရှိနေတယ်လို့ သိရပါတယ်။
ယူကေဆောက်လုပ်ရေးက တာဝန်ခံ ကိုဖြိုးက ' ဝယ်ထားတဲ့တိုက်ခန်းတွေက အရစ်ကျဆိုပေမဲ့ကွန်ဒိုတွေဆိုတော့ ပြသာနာတစ်ခုခုဖြစ်ရင် ဆုံးရှုံးမှုကြီးနိုင်လို့ လာမေးတာတွေရှိတယ် ' လို့ပြောပါတယ်။

လက်ရှိအခြေအနေ
အထပ်မြင့်အဆောက်အအုံအတွက် စစ်ဆေးမှုတွေကိုတော့ ယခုလ ၁၉ ရက်နေ့က စတင်ကာလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
လက်ရှိအခြေအနေတွေကတော့ ဈေးကွက်အတွင်း ဆောက်လုပ်ရေးလုပ်ငန်းအားလုံးရပ်ဆိုင်ထားပြီး စစ်ဆေးမှုပြီးမှသာ ဆောက်လုပ်ခွင့်နဲ့ ပတ်သက်ပြီး ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန ( အဆောက်အအုံ ) က တာဝန်ရှိသူတစ်ဦးကလည်း ' လုပ်ငန်းရှင်တွေထိခိုက်နစ်နာအောင် မလုပ်ဘူး၊ စစ်ဆေးမှုတွေကိုအတက်နိုင်ဆုံးအမြန်ဆုံးပြီးအောင်လုပ်သွားမယ် ' လို့ပြောပါတယ်။

Credit: The Modern

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ

Upcoming Property Events

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

From 09 Aug To 10 Aug

Mingalar Market

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service