သေတမ်းစာ ရေးပြီး ပေးသွားသည့် မြေနှင့် အိမ်ကို ၀ယ်လျှင် - Property Knowledge in Myanmar from iMyanmarHouse.com
7288 Views

သေတမ်းစာ ရေးပြီး ပေးသွားသည့် မြေနှင့် အိမ်ကို ၀ယ်လျှင်

Knowledge | Posted by Si Thu Aung

''သေတမ်းစာရေးပြီး ပေးသွားတဲ့ မြေနဲ့ အိမ်ကို ဝယ်ရင် ဘယ်လို ဆောင်ရွက်ရမလဲ ဆရာ''ဟု တပည့်တစ်ယောက်က စာရေးသူ၏ ရုံးခန်းသို့ လာရောက်ပြီး ဆွေးနွေးလာပါသည်။
''သေတမ်းစာနဲ့ ပတ်သက်ရင် (၂)မျိုးရှိတယ်။
ပထမတစ်မျိုးက သေတမ်းစာထဲမှာ ဘယ်ပစ္စည်းကို ရောင်းပြီး အမွေခွဲမယ်၊ ကျန် ပစ္စည်းကို ဘယ်သူ့ကို ပေးမယ် စသဖြင့်ပေါ့၊ စီမံခန့်ခွဲဖို့ ရေးသွားတာဖြစ်တယ်။

အဲဒီလိုသေတမ်းစာမှာ ပစ္စည်းတွေ ခွဲဝေပေးဖို့ ရေးထားရင်တော့ ခွဲဝေပေးရမယ့် သူတစ်ဦးကို အမည်နဲ့တကွ ဖော်ပြပြီး သေတမ်းစာ အတည်ပြုသူအဖြစ် ခန့်ထားကြောင်း သေတမ်းစာထဲမှာ အတိအလင်းဖော်ပြထားရတယ်။
ဒါမှ သေတမ်းစာရေးသူ ကွယ်လွန်သွားရင် သေတမ်းစာ အတည်ပြုသူအဖြစ် ခန့်ထားခြင်းခံရသူက သက်ဆိုင်ရာ တရားရုံးမှာ သေတမ်းစာ အတည်ပြုလက်မှတ် လျှောက်ထားရယူရမှာဖြစ်တယ်''

''ဒါဆိုရင် သေတမ်းစာ အတည်ပြုလက်မှတ် ရသူက ကွယ်လွန်သူရဲ့ ပစ္စည်းတွေ ပိုင်သွားပြီပေါ့''
''သေတမ်းစာ အတည်ပြုလက်မှတ် ရသူက သေတမ်းစာထဲမှာ ပါရှိတဲ့အတိုင်း ပစ္စည်းကို တာဝန်ယူရောင်းချခြင်း၊ ခွဲဝေခြင်း၊ ပေးကမ်းခြင်း ကိစ္စတွေကို ဆောင်ရွက်ပေးရမှာဖြစ်တယ်၊ သူကိုယ်တိုင်က ပိုင်ဆိုင်ခွင့် မရဘူး၊ စီမံခန့်ခွဲပေးပိုင်ခွင့်ရှိသူသာ ဖြစ်တယ်''

''တကယ်လို့ သေတမ်းစာ အတည်ပြုလက်မှတ် ရသူက သေတမ်းစာမှာပါတဲ့အတိုင်း ခွဲဝေ ဆောင်ရွက်မပေးဘူးဆိုရင် ဘယ်လိုဖြစ်နိုင်သလဲ ဆရာ''
''သေတမ်းစာထဲမှာပါရှိတဲ့ အမွေရခွင့်ရှိသူတွေက သေတမ်းစာ အတည်ပြုလက်မှတ် ရသူကို အမွေခွဲဝေပေးဖို့ တရားရုံးမှာ လျှောက်ထားတောင်းဆိုခွင့် ရှိတယ်''

''ဒုတိယတစ်မျိုးက ဘယ်လို ပုံစံလဲ ဆရာ''
''ဒုတိယတစ်မျိုးကတော့ သေတမ်းစာ ရေးသူက သူပိုင်ပစ္စည်း အားလုံးကို တစ်ဦးတည်းအား ပေးလိုက်တဲ့ ကိစ္စဖြစ်တယ်။ အဲဒီမှာတော့ သေတမ်းစာထဲမှာ သေတမ်းစာအတည်ပြုသူ အဖြစ် မခန့်ထားဘဲ မည်သူ့ကို ပေးလိုက်သည် လို့ ဖော်ပြရေးသားထားတဲ့ သေတမ်းစာ အမျိုးအစားဖြစ်တယ်''
''အဲဒီလိုဆိုရင် ဘယ်လိုလုပ်မလဲ ဆရာ''
''အမွေဆက်ခံခြင်း ဥပဒေအရ သေတမ်းစာမှာပါတဲ့ အမွေရသူက သေတမ်းစာပူးတွဲပါရှိသော အမွေထိန်းစာကို သက်ဆိုင်ရာ တရားရုံးမှာ သေတမ်းစာကို တင်ပြပြီး လျှောက်ထားရယူရမှာ ဖြစ်တယ်''

''သေတမ်းစာပူးတွဲပါရှိတဲ့ အမွေထိန်းစာ ရသူက အမွေပစ္စည်းအားလုံးကို ပိုင်ဆိုင်ခွင့်ရသွားပြီလား ဆရာ''
''နားလည်အောင် ပြောရရင်တော့ ဒီသဘောပဲပေါ့။ သေတမ်းစာပူးတွဲပါရှိတဲ့ အမွေထိန်းစာ ရသူဟာ အမွေရပစ္စည်းများကို တရားရုံးရဲ့ အမိန့်ကို ရယူပြီး ရောင်းချခြင်း၊ ပေးကမ်းခြင်း စတဲ့ မိမိဆန္ဒအတိုင်း ဆောင်ရွက်ခွင့်ရသွားမှာ ဖြစ်တယ်''
''အခု ကျွန်တော် ဆွေးနွေးတဲ့ ကျွန်တော့်အပေါင်းအသင်း ဝယ်မယ့် အိမ်မြေကိစ္စက ဘယ်ဖြစ်နိုင်ပါသလဲ ဆရာ''
''ပထမဦးဆုံး သေတမ်းစာ အတည်ပြုလက်မှတ်၊ ဒါမှမဟုတ် သေတမ်းစာ ပူးတွဲပါရှိတဲ့ အမွေထိန်းစာရရှိပြီး ဖြစ်မဖြစ် အရင်စုံစမ်းမေးမြန်းရမှာ ဖြစ်တယ်။ ရပြီးသားဆိုရင်တော့ သိပ်ပြီး အခက်အခဲ မရှိတော့ဘူးပေါ့''
''အရောင်းအဝယ် မှတ်ပုံတင်စာချုပ် တစ်ခါတည်းလုပ်လို့ ရသွားပြီပေါ့နော် ဆရာ''
''သေတမ်းစာ အတည်ပြုလက်မှတ်ပဲဖြစ်ဖြစ်၊ သေတမ်းစာ ပူးတွဲပါရှိတဲ့ အမွေထိန်းစာပဲ ဖြစ်ဖြစ် ရရုံနဲ့ အရောင်းအဝယ် မှတ်ပုံတင်စာချုပ် တစ်ခါတည်း ချုပ်ဆိုလို့ မရသေးဘူး၊ အစောက ပြောခဲ့သလို၊ တရားရုံးမှာ အဆိုပါ မြေနဲ့ အိမ်ကို ရောင်းချခွင့်ပြုကြောင်း အမိန့်တစ်ရပ် ချမှတ်ထုတ်ပေးဖို့ သေတမ်းစာ အတည်ပြုလက်မှတ် ရထားတဲ့သူ၊ ဒါမှမဟုတ် သေတမ်းစာ ပူးတွဲပါရှိတဲ့ အမွေထိန်းစာ ရရှိထားသူက လျှောက်ထားရယူရမှာ ဖြစ်တယ်၊ အဲဒီ တရားရုံးရဲ့ ရောင်းချခွင့်ပြုတဲ့ ခွင့်ပြုမိန့်ရမှ မြို့တော်စည်ပင်သာယာရေး ကော်မတီရုံးမှာ မြေပုံကူးမယ်၊ ပြီးမှ စာချုပ်စာတမ်းရုံးမှာ အရောင်းအဝယ်မှတ်ပုံတင်စာချုပ်ကို ချုပ်ဆိုလို့ ရမှာဖြစ်တယ်''

''ဒါဆိုရင် သေတမ်းစာကို သေချာကြည့်ရမှာပေါ့''
''အေး- ဟုတ်တယ်၊ သေတမ်းစာကို တချို့က ဘဏ်မှာ သိမ်းဆည်းထားခဲ့တာ၊ စာချုပ်စာတမ်းရုံးမှာ သိမ်းဆည်းထားတာတွေ ရှိတတ်တယ်၊ တချို့ကလည်း Open (အိတ်ဖွင့် သေတမ်းစာ)ဆိုပြီး ရခွင့်ရှိသူ လက်ထဲကို အပ်နှံခဲ့တာလည်း ရှိတယ်။ ဘဏ်မှာ အပ်နှံထားတာဆိုရင်တော့ သေစာရင်း ပြပြီး ထုတ်ယူဆောင်ရွက်ရမှာပေါ့''
''တကယ်လို့ ဆရာရယ်၊ သေတမ်းစာ အတည်ပြုလက်မှတ် မလျှောက်ထားမီမှာ သေတမ်းစာ အတည်ပြုခွင့် ရသူက ကွယ်လွန်သွားရင် ဘယ်လိုဆက်လုပ်ရမလဲ ဆရာ''
''အေး- ဒါလည်း ဖြစ်တတ်တာပဲ၊ ငွေကြေးအဆင်မပြေသေးလို့ သေတမ်းစာ အတည်ပြုလက်မှတ် မလျှောက်ဖြစ်သေးတဲ့အချိန်မှာ သေတမ်းစာ အတည်ပြုရမည့်သူ ကွယ်လွန်သွားရင်တော့ သေတမ်းစာကို အတည်ပြုလျှောက်ထားလို့ မရတော့တဲ့အတွက် သေတမ်းစာ ပျတ်ပြယ်တဲ့သဘော သက်ရောက်ပြီး သေတမ်းစာမရေးဘဲ ကွယ်လွန်သွားသည့် အခြေအနေမျိုး ရောက်ရှိသွားမှာဖြစ်တယ်''

''အဲဒီ အခြေအနေမှာ ကျန်ရစ်ခဲ့တဲ့ မြေနဲ့အိမ်ကို ရောင်းမယ်ဆိုရင် အမွေခွဲပြီးမှ ဆောင်ရွက်လို့ရမှာလား ဆရာ''
''အမွေခွဲပြီးမှ ရောင်းချလို့လည်း ရတယ်၊ အကောင်းဆုံးကတော့ ကျန်ရစ်တဲ့ အမွေဆက်ခံသူတွေက အမွေထိန်းစာ လျှောက်ထားပြီး ဆရာပြောခဲ့သလို အမွေထိန်းစာအရ တရားရုံးမှာ ရောင်းချခွင့် လျှောက်ထားကာ ရောင်းချခြင်းက လွယ်ကူအဆင်ပြေမှာ ဖြစ်တယ်''
''ဟုတ်ကဲ့ပါ ဆရာ၊ ကျွန်တော် ဘယ်လို ဆက်လုပ်ရမယ်ဆိုတာ သိပါပြီ''ဟု စာရေးသူအား နှုတ်ဆက်ဂါဝရပြု၍ ထွက်ခွာသွားပါသည်။
စာဖတ်သူများ ဗဟုသုတဖြစ်စေရန် ရေးသားလိုက်ခြင်း ဖြစ်ပါသည်။

Credit : ဈေးကွက်ဂျာနယ်

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service