အမေရိကန်ဟိုတယ်အုပ်စုကိုတရုတ်အန်ဘန်အာမခံလုပ်ငန်းမှ မ၀ယ်ယူဖြစ်ခြင်းအပေါ် တရုတ်အစိုးရစုံစမ်းစစ်ဆေးလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
1380 Views

အမေရိကန်ဟိုတယ်အုပ်စုကိုတရုတ်အန်ဘန်အာမခံလုပ်ငန်းမှ မ၀ယ်ယူဖြစ်ခြင်းအပေါ် တရုတ်အစိုးရစုံစမ်းစစ်ဆေးလျက်ရှိ

တရုတ်အခြေစိုက် အန်ဘန်အာမခံလုပ်ငန်းသည် အမေရိကန်ရှိ စတားဝုဒ် ဟိုတယ်အုပ်စုကို ၀ယ်ယူရန် မူလကစီစဉ်ခဲ့သော်လည်း ယခုအခါဝယ်ယူရန် လက်လျှော့လိုက်ခြင်းနှင့်စပ်လျဉ်း၍ တရုတ်အစိုးရကစုံစမ်းစစ်ဆေးလျက်ရှိကြောင်းတရုတ်အခြေစိုက်အိမ်ခြံမြေ သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ဈေးကွက်အနေအထားအပေါ် သုံးသပ်ချက်အမျိုးမျိုးကြောင့် စတားဝုဒ်ကို ၀ယ်ယူမည့် အစီအစဉ် ရှေ့မတိုးဖြစ်ခြင်းဖြစ် သည်ဟု သာအန်ဘန်ကထုတ်ပြန်ထားသည်။ အန်ဘန်သည် စတားဝုဒ်ကို ၀ယ်ယူရန် တစ်နှစ်တာကာလခန့် ကြိုးပမ်းခဲ့ပြီးနောက်ပိုင်းမှ ယခုကဲ့သို့ ရပ်ဆိုင်းလိုက်ခြင်းနှင့် စပ်လျဉ်း၍ ထင်မြင်ချက်အမျိုးမျိုးပေး ကာ ဝေဖန် သုံးသပ်ခြင်းများတရုတ်နိုင်ငံအတွင်း ပြင်းထန်လာလျက်ရှိသည်။

တရုတ်၏ နယ်စပ်ဖြတ် ကျော်ရင်းနှီးမြှုပ်နှံမှု များနိဂုံးချုပ်သွားပြီဟူသော အယူအဆများ လည်းပေါ်ပေါက်လာသည်။ အန်ဘန်သည် စတားဝုဒ်ကို ကန်ဒေါ်လာ ၁၄ ဘီလီယံဖြင့် ၀ယ်ယူရန်အတွက် ယခုနှစ် မတ်လကုန်ပိုင်းတွင် လေလံအောင်မြင်ခဲ့ပြီး ဖြစ်သည်။
အဆိုပါသတင်းကို iMyanmarHouse.com တွင် ရေးသားဖော်ပြခဲ့ပြီး ဖြစ်ရာ ပြန်လည်ဖတ်ရှုလိုပါက http://goo.gl/6rY1FB လင့်ခ်နှင့် http://goo.gl/clSr73 တို့တွင် ဖတ်ရှုနိုင်ပါသည်။

တရုတ်အခြေစိုက် စီးပွားရေးမဂ္ဂဇင်း တစ်ခုဖြစ်သောCaixinမဂ္ဂဇင်း ကတရုတ်အာမခံလုပ်ငန်း ကွပ်ကဲရေးကော်မရှင် (CIRC) သည် အန်ဘန်က စတားဝုဒ်အား ၀ယ်ယူမည့် အစီအစဉ် ကိုလက်မခံခဲ့ကြောင်း မတ်လအတွင်းကရေးသားဖော်ပြခဲ့ဖူးသည်။ ယခုအခါအဆိုပါ မဂ္ဂဇင်းကိုစုံစမ်းစစ်ဆေးရန်အတွက် အဖွဲ့တစ်ခုဖွဲ့လိုက်သည်ဟုဆိုသည်။
အန်ဘန်ကုမ္ပဏီသည် ၂၀၀၄ ခုနှစ်တွင် ကားအာမခံပေးခြင်းဖြင့် စတင်ခဲ့ပြီး နှစ်အနည်းငယ်အတွင်းလျင်မြန်စွာအောင်မြင်လာသော ကုမ္ပဏီတစ်ခု ဖြစ်သည်။
The Financial Times သတင်းတစ်ရပ်တွင် ဖော်ပြချက်အရ စတားဝုဒ်သည် အန်ဘန်၏ ကမ်းလှမ်းချက်ကိုသုံးကြိမ်တိုင် ပယ်ချခဲ့ကြောင်းလည်းဆိုသည်။

CIRC သည် အန်ဘန်ကုမ္ပဏီ၏ မည်သည့်လုပ်ငန်း ကဏ္ဍအား ၀င်ရောက်စစ်ဆေးမည်၊ မည်သည့်ကာလတွင် ၀င်ရောက်စစ်ဆေးမည်ဆိုခြင်းကိုမူ မသိရသေးချေ။
စတားဝုဒ်ကို အန်ဘန်ကုမ္ပဏီက ၀ယ်ယူရန် စီစဉ်ခဲ့ခြင်းသည် တရုတ်ဥပဒေများကို ချိုးဖောက်ခြင်းဖြစ်ကြောင်း Caixin မဂ္ဂဇင်းကရေးသားဖော်ပြသည်။
တရုတ်ဥပဒေများအရအာမခံကုမ္ပဏီများသည် ပြည်ပတွင် ပိုင်ဆိုင်မှု၏ ၁၅ ရာခိုင်နှုန်းထက် ကျော်လွန်ကာ ရင်းနှီးမြှုပ်နှံမှုမပြုရန် ပြဌာန်းထားသည်ဟုဆိုသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

Upcoming Property Events

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

From 09 Aug To 10 Aug

Mingalar Market

THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service