ကမ္ဘောဇနှင့် သမဝါယမဘဏ်လုပ်ငန်းများ အများပိုင်ကုမ္ပဏီအဖြစ် စတော့ရှယ်ယာများ ရောင်းချရန် အစီအစဉ်ရှိ - Property News in Myanmar from iMyanmarHouse.com
2187 Views

ကမ္ဘောဇနှင့် သမဝါယမဘဏ်လုပ်ငန်းများ အများပိုင်ကုမ္ပဏီအဖြစ် စတော့ရှယ်ယာများ ရောင်းချရန် အစီအစဉ်ရှိ

ကမ္ဘောဇ (KBZ)ကုမ္ပဏီများ အုပ်စုနှင့် CB ဘဏ်တို့၏ ကုမ္ပဏီခွဲများသည် ရန်ကုန်စတော့အိတ်ချိန်းတွင် Securities (ငွေချေးသက်သေခံလက်မှတ်) ကုမ္ပဏီများအဖြစ် လုပ်ကိုင်လျက်ရှိရာမှ အများပိုင် ကုမ္ပဏီအဖြစ် စတော့ရှယ်ယာများ ဝင်ရောက်ရောင်းချရန် အစီအစဉ်ရှိကြောင်း သတင်းရရှိသည်။

အဆိုပါ ကုမ္ပဏီအုပ်စုနှစ်ခု ၏ ကုမ္ပဏီခွဲများသည် ရန်ကုန် စတော့အိတ်ချိန်းတွင် ရှယ်ယာ ဝင်ရောက်ရောင်းချမည့်ကုမ္ပဏီ များ၏ ငွေကြေးနှင့် လုပ်ငန်းများ ခိုင်မာမှု၊ လုံခြုံမှု စစ်ဆေးခြင်းနှင့် ကုမ္ပဏီများ၏ ရှယ်ယာများအရောင်းအဝယ်လုပ်ပေးသည့် Se-curities ကုမ္ပဏီအဖြစ် လုပ်ကိုင်နေခြင်းဖြစ်သည်။

ထို့ကြောင့် အဆိုပါကုမ္ပဏီ အုပ်စုများ၏ ဘဏ်လုပ်ငန်းများ သည် စတော့အိတ်ချိန်းသို့ ဝင် ရောက် ရောင်းချပါက ၎င်းတို့ ကုမ္ပဏီကို ကုမ္ပဏီခွဲက ပြန်စစ်ဆေးရမည်ဖြစ်သောကြောင့် အငြင်းပွားဖွယ်ဖြစ်ကြောင်း စတော့ အိတ်ချိန်း လေ့လာသူများက ထောက်ပြသည်။

‘‘CB ဘဏ်က စဖွဲ့ကတည်း က အများပိုင်ကုမ္ပဏီပါ။ စတော့ အိတ်ချိန်းမှာ ဝင်ဖို့လည်း ရှိပါ တယ်။ ဒါပေမဲ့ CB ဘဏ်ကို CB Securities က ပြန်စစ်လို့မရပါ ဘူး။ တခြား Securities ကုမ္ပဏီ က စစ်ရမှာပါ’’ဟု CB Securities ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးသောင်းဟန်က ပြောသည်။

KBZ ဘဏ်အနေဖြင့် ရန်ကုန် စတော့အိတ်ချိန်းတွင် ဝင် ရောက်ရန် အစီအစဉ် ရှိသော် လည်း ဒါရိုက်တာ အဖွဲ့၏ ဆုံး ဖြတ်ချက်အရသာ ဝင်ရောက်မည့်အချိန်ကို ဆုံးဖြတ်မည်ဖြစ် ကြောင်း KBZSC ဒုတိယအုပ်ချုပ် မှု ဒါရိုက်တာ ဦးဇော်လင်းအောင် က ပြောသည်။

‘‘ကျွန်တော်တို့ကုမ္ပဏီတွေ လုပ်ငန်းတစ်ခုတည်းအောက်မှာ ရှိတယ်ဆိုပေမယ့် လုပ်ငန်းတစ်ခု ချင်းစီက အုပ်ချုပ်မှုတစ်ခုချင်းစီ အောက်မှာ ဥပဒေတွေလိုက်နာ ပြီး လုပ်ကိုင်နေပါတယ်။ ဥပမာ KBZ ဘဏ်ဆိုရင် ဗဟိုအုပ်ချုပ်မှု အောက်မှာ လုပ်တယ်။ KBZSC ဆို SECM (ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်)ရဲ့ အုပ်ချုပ်မှုအောက် မှာ လုပ်တယ်’’ဟု ၎င်းက ဆက် လက်ပြောကြားသည်။

အဆိုပါကိစ္စနှင့် ပတ်သက် ၍ ၂၀၁၃ တွင် ထုတ်ပြန်ခဲ့သော ဥပဒေ၌ Securities ကုမ္ပဏီ ဖွင့်ထားသည့် ကုမ္ပဏီကြီးများ ရန်ကုန်စတော့အိတ်ချိန်းဝင်ရောက်ခွင့် ရှိ၊ မရှိနှင့်ပတ်သက်၍ ပြဋ္ဌာန်းထားခြင်းမရှိပေ။

လက်ရှိတွင် ရန်ကုန်စတော့ အိတ်ချိန်း၌ ရှယ်ယာ အရောင်း အဝယ်ပြုလုပ်ရန် FMI (ပထမ ပုဂ္ဂလိက အများပိုင် ကုမ္ပဏီ)၊ Great Horkham အများပိုင် ကုမ္ပဏီ၊ MAPCO အများပိုင် ကုမ္ပဏီ၊ မြန်မာနိုင်ငံသားများဘဏ် အများပိုင်ကုမ္ပဏီ၊ သီလဝါ အများပိုင်ကုမ္ပဏီတို့ကို ခွင့်ပြုထားသည်။

Securities ကုမ္ပဏီ ၁၀ ခု ခွင့်ပြုထားပြီး လက်ရှိတွင် ကုမ္ပဏီငါးခု လုပ်ငန်းလည်ပတ်နေသည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service