တစ်နိုင်တစ်ပိုင် အိမ်ခြံမြေ အရောင်းအ၀ယ်ပြုလုပ်သူ များ အလုပ်မဖြစ်၍ ရပ်နားထားသည်များရှိ - Property News in Myanmar from iMyanmarHouse.com
1985 Views

တစ်နိုင်တစ်ပိုင် အိမ်ခြံမြေ အရောင်းအ၀ယ်ပြုလုပ်သူ များ အလုပ်မဖြစ်၍ ရပ်နားထားသည်များရှိ

တစ်နိုင်တစ်ပိုင် အိမ်ခြံမြေအရောင်းအ၀ယ် ပြုလုပ်သူအများစု အလုပ်မဖြစ်၍ လုပ်ငန်းများ ရပ်နားထားရကြောင်း အိမ်ခြံမြေ အကျိုးဆောင် အသိုင်းအ၀ိုင်းမှ သတင်းရရှိသည်။

၂၀၁၄ နှစ်ဆန်းပိုင်းမှ စတင်ကာ ၂၀၁၆ လက်ရှိအထိ အရောင်းအ၀ယ် ထင်သလောက် မဖြစ်၍ အများစုက လုပ်ငန်းရပ် နားထားခြင်း၊ လုပ်ငန်းပြောင်းလဲလုပ်ကိုင်ခြင်းများဖြင့် ဆက်လက်ရပ်တည်နေကြောင်း မြောက်ဒဂုံမြို့နယ်မှ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

‘‘ကုမ္ပဏီ ခပ်ကြီးကြီးတွေပဲ တင်းခံပြီး ကျန်ခဲ့တာ။ ကျန်တဲ့ အ သေးလေးတွေက ၀န်ထမ်းအင် အားတွေလျှော့။ တချို့ဆိုလုပ်ငန်း ကို နားလိုက်တာမျိုးတောင် ရှိ တယ်’’ဟု စိုင်းခွန်နောင်အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းရှင် ဦးစိုင်း ခွန်နောင်က ပြောသည်။

တန်ဖိုးနည်း အိမ်ခြံမြေ ဈေး ကွက် ရပ်ဆိုင်းလုနီးပါးဖြစ်ပေါ် နေချိန်တွင် တန်ဖိုးကြီး အိမ်ခြံမြေ များမှာလည်းအရောင်းအ၀ယ်တဖြည်းဖြည်း လျော့နည်းလာ ကြောင်း သိရသည်။

ဆောက်လုပ်ရေးကဏ္ဍ ဖွံ့ ဖြိုးလာမှုကြောင့် ငါးပွက်ရာ ငါး စာချသည့်အနေဖြင့် ၀င်လာသည့် ဆောက်လုပ်ရေးကုမ္ပဏီများ၊ အရင်းအနှီးနည်းသည့် ကုမ္ပဏီအသေးများသာ လုပ်ငန်းရပ်နားထားသည့် အနေအထားဖြစ်ကြောင်း၊ အရင်းအနှီးတောင့်တင်းပြီး လုပ်သက်ကြာနေသည့် ကုမ္ပဏီကြီး များသာ ပုံမှန်လည်ပတ်နေ ကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း ဒုဥက္ကဋ္ဌ ဦးရန်ဝင်းက ပြောသည်။

မြန်မာနိုင်ငံ အိမ်ခြံမြေ၀န် ဆောင်မှု အသင်းကလည်း ယခုနှစ်အတွင်း တစ်နိုင်ငံလုံးမှ အ ကျိုးဆောင်များအားလုံး လုပ်ငန်း လိုင်စင် ချထားပေးရန် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ် ကြောင်း အသင်းဥက္ကဋ္ဌ ဦးခင် မောင်သန်းက ပြောသည်။

နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 02 Aug To 03 Aug

Emerald Bay Luxury Condo

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service