ဘိလပ်မြေနှင့် အိမ်ဆောက်ပစ္စည်းဈေးကွက်အား ဦးဆောင် နေရာယူထားသည့် SCG ကုမ္ပဏီ ပထမသုံးလပတ်ရောင်းချရမှု ပမာဏ ထုတ်ပြန် - Property News in Myanmar from iMyanmarHouse.com
1115 Views

ဘိလပ်မြေနှင့် အိမ်ဆောက်ပစ္စည်းဈေးကွက်အား ဦးဆောင် နေရာယူထားသည့် SCG ကုမ္ပဏီ ပထမသုံးလပတ်ရောင်းချရမှု ပမာဏ ထုတ်ပြန်

ဘိလပ်မြေနှင့် အိမ်ဆောက်ပစ္စည်းဈေးကွက်အား ဦးဆောင် နေရာယူထားသည့် SCG ကုမ္ပဏီမှမြန်မာနိုင်ငံတွင် ၂၀၁၆ ခုနှစ် ပထမသုံးလပတ်အတွက် ထုတ်ကုန်များရောင်းချရမှုမှ မြန်မာကျပ်ငွေ ၆ ဘီလီယံ အမေရိကန်ဒေါ်လာ ၅ သန်းရှိကြောင်း ၄င်း ကုမ္ပဏီ က သတင်းထုတ်ပြန်သည်။

၂၀၁၆ ခုနှစ်၊ ပထမသုံးလပတ်အစီရင်ခံစာအရ မြန်မာနိုင်ငံရှိ SCG ၏ စုစုပေါင်းပိုင်ဆိုင်မှု တန်ဖိုးမှာ မြန်မာကျပ်ငွေ ၄၂၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၄၈ သန်း)ရှိပြီး နှစ်အလိုက်နှိုင်းယှဉ်ချက်အရ ၇၃ ရာခိုင်နှုန်း တိုးတက်လာခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

SCG သည် ယခုနှစ် ပထမသုံးလပတ်ကာလထုတ်ပြန်ချက်မှာ အခြား အာဆီယံနိုင်ငံများတွင် ရင်းနှီးမြှပ်နှံထားသည့် SCG ၏ ထုတ်ကုန်များရောင်းရငွေ နှင့် နှိုင်း ယှဉ်ပါက မြန်မာ နိုင်ငံသည် တတိယနေရာ ရပ်တည်လျှက်ရှိသည်။

SCGသည်ယခုနှစ်ပထမသုံးလပတ်ကာလတွင်SCG ဘိလပ်မြေ/အိမ်ဆောက်ပစ္စည်းလုပ်ငန်းနှင့် SCG ဓာတုထုတ်ကုန်လုပ်ငန်းတို့အောက် ၌ ကုန်စည်ထောက်ပံ့ပို့ဆောင်ရေး (Logistics) နှင့် PVC ပိုက်လုပ် ငန်းတို့တွင် သီးသန့်လုပ်ငန်းခွဲနှစ်ခုဖြင့် တိုးချဲ့လာရာမှ စံချိန်တင်ဝင်ငွေမြင့်တက်လာခြင်းဖြစ်ကြောင်း SCG ကဆိုသည်။

အထပ်မြင့် အဆောက်အဦးများအား အလုံးအရင်းဖြင့်တည်ဆောက်လာသည့် ရန်ကုန်တွင် SCG မှ ၄င်း၏ ထုတ်ကုန်အသစ်များကို ဈေးကွက် အတွင်းပြည်တွင်း ထုတ်ကုန်များနှင့် အပြိုင် တိုးချဲ့ရန်အတွက် ကိုယ်စားလှယ်အရောင်းဆိုင်များတိုးမြှင့်ခြင်း ပြည်တွင်းဆောက်လုပ်ရေးကုမ္ပဏီများနှင့် ချိတ်ဆတ်ပြီး ပိုမိုဆောင်ရွက်မည်ဟုသတင်းထုတ်ပြန်ချက်တွင်ဖော်ပြပါရှိသည်။

ဆောက်လုပ်ရေးလုပ်ငန်းများ အားကောင်းလာပြီး နိုင်ငံခြားရင်းနှီးမြှပ်နှံ မှုများပြားလာသည့် မြန်မာနိုင်ငံတွင် SCG က ထုတ်ကုန်အသစ်များ နည်းပညာအသစ်များ တိုးချဲ့ရန် အနာဂတ်တွင် စီစဉ်ထားကြောင်း သိရသည်။

နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
ဘိလပ်မြေနှင့် အိမ်ဆောက်ပစ္စည်းဈေးကွက်အား ဦးဆောင် နေရာယူထားသည့် SCG ကုမ္ပဏီ ပထမသုံးလပတ်ရောင်းချရမှု ပမာဏ ထုတ်ပြန် - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ

Upcoming Property Events

From 09 Aug To 10 Aug

THADAR CONDOMINIUM

From 09 Aug To 10 Aug

Mingalar Market

From 27 Sep To 28 Sep

18th Property and Car Expo

THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service