နိုင်ငံခြားသားများ လုံးချင်းအိမ် ငှားရမ်းမှု များလာ - Property News in Myanmar from iMyanmarHouse.com
1195 Views

နိုင်ငံခြားသားများ လုံးချင်းအိမ် ငှားရမ်းမှု များလာ

သင်္ကြန်အပြီး ရန်ကုန် အိမ်ခြံမြေဈေးကွက်တွင် နိုင်ငံ ခြားသားများအား လုံးချင်းအိမ် ငှားရမ်းမှုများလာကြောင်း အိမ်ခြံ မြေ အကျိုးဆောင်များထံမှ သတင်းရရှိသည်။

တောင်ဥက္ကလာပ၊ မရမ်း ကုန်း အစရှိသည့် မြို့နယ်များတွင် နိုင်ငံခြားသားများက ၎င်းတို့ နေ ထိုင်ရန် လုံးချင်းအိမ်များကို ဈေးကောင်းပေးကာ ခြောက်လမှ
တစ်နှစ်အထိ ငှားရမ်းနေထိုင်မှု မြင့်တက်လာသည်ဟု အဆိုပါမြို့နယ်အခြေစိုက် အိမ်ခြံမြေ အကျိုး ဆောင်များကပြောသည်။

‘‘ပရိဘောဂ အစုံအလင် အဲ ကွန်းနဲ့ ခြံကျယ်ကျယ် ဆိတ်ငြိမ်တဲ့ ရပ်ကွက်လေးတွေကို ရွေးပြီးသူတို့ အရမ်းနေလာကြတယ်။ သင်္ကြန်ပြီးကတည်းက နိုင်ငံခြား သား အငှားတက်လာတယ်’’ ဟု မရမ်းကုန်းမြို့နယ် အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းရှင်တစ်ဦး ကပြောသည်။

အထူးသဖြင့် ဥရောပနိုင်ငံ များမှ လာရောက်သည့် နိုင်ငံခြား သားများကလုံးချင်းများ ငှားရမ်း နေထိုင်ကြပြီး အာရှမှလာသည့် ဂျပန်၊ တရုတ်လူမျိုး အများစုက ကွန်ဒိုများတွင်သာ ရွေးချယ်ငှား ရမ်းနေထိုင်ကြသည်ဟု ၎င်းက ပြောသည်။

ရန်ကုန်တွင် အိမ်ခြံမြေဈေး ကွက် အေးစက်နေချိန်၌ ကွန်ဒိုဥပဒေ အတည်ပြုပြီးဖြစ်သော်လည်း ၀ယ်ယူမည့်သူ မရှိသလောက် နည်းပါးနေသေးကြောင်း အိမ်ခြံမြေလုပ်ငန်းရှင်များက ပြောကြားသည်။
ထို့ကြောင့် ဈေးကွက်အေး စက်နေချိန်တွင် ယခုကဲ့သို့ နိုင်ငံ ခြားသား အငှားဈေးကွက်ဘက် သို့ အကျိုးဆောင်အချို့ပြောင်းလဲ လုပ်ကိုင်လာကြ သည်ဟု သတင်း ရရှိသည်။

နိုင်ငံခြားသားများ အားလုံး ချင်းအိမ်ရာများ ငှားရမ်းရာတွင် တစ်လလျှင် ကျပ် ၁၀ သိန်းမှသိန်း ၅၀ အထိ ရပ်ကွက်မြေအကျယ် ပေါ်မူတည်ပြီး ခြောက်လမှ တစ် နှစ်အတွင်း စာချုပ်ချုပ်ဆို ငှားရမ်းကြသည်ဟု အိမ်ခြံမြေအကျိုး ဆောင်များထံမှ သတင်းရရှိ သည်။

Credit:7daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 02 Aug To 03 Aug

Emerald Bay Luxury Condo

From 08 Jul To 08 Aug

Central Shophouse

YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service