အင်နိုစီးတီး စီမံကိန်း ၂၀၁၈ တွင် အပြီးသတ် တည်ဆောက်မည် - Property News in Myanmar from iMyanmarHouse.com
1476 Views

အင်နိုစီးတီး စီမံကိန်း ၂၀၁၈ တွင် အပြီးသတ် တည်ဆောက်မည်

တောင်ဥက္ကလာပမြို့ နယ်မှ ယခင်ပါရမီယာဉ်ရပ်နား ၀င်းနေရာတွင် အထပ် ၃၀ မြင့် အဆောက်အအုံများပါဝင်မည့် အဆင့်မြင့် လူနေအိမ်ရာနှင့်ဈေး ၀ယ်စင်တာ အင်နိုစီးတီး စီမံကိန်း ကို ၂၀၁၈ ၌ အပြီးသတ် တည် ဆောက်မည်ဖြစ်ကြောင်း သတင်း ရရှိသည်။

အဆိုပါစီမံကိန်းကို မူလမြေ ပိုင်ဆိုင်သူ မြန်မာ့စီးပွားရေး ဦး ပိုင်လီမိတက်က မြေ ၇ ဒသမ ၆၂၉ ဧကပေါ်တွင် ကိုရီးယားနိုင်ငံ အခြေစိုက် အင်နိုစီးပွားရေးအုပ်စု နှင့် ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ် သည်။

ရန်ကုန်တိုင်း ဒေသကြီး တောင်ဥက္ကလာပမြို့နယ် ပါရမီ လမ်းနှင့် ဝေဇယန္တာလမ်းထောင့်ရှိ ကာကွယ်ရေးဝန်ကြီးဌာနပိုင်မြေ (ယခင်ပါရမီကားကြီးဝင်းနေရာ) တွင် အဆိုပါစီမံကိန်းကို မေလ ပထမပတ်၌ စတင်တည်ဆောက် မည်ဖြစ်သည်။

လူနေအိမ်ခန်း ၂၁၆ ခန်းပါ အထပ် ၃၀ မြင့် အဆောက်အအုံနှစ် လုံး၊ လူနေအိမ်ခန်း ၁၀၄ ခန်းပါ ၂၉ ထပ်မြင့် အဆောက်အအုံ သုံး လုံး၊ ၁၃ ထပ်မြင့် ဟိုတယ်တစ်လုံး နှင့် ဈေးဝယ်စင်တာအပါအ၀င် အဆင့်မြင့် အဆောက်အအုံများ တည်ဆောက်မည်ဖြစ်သည်။

မြန်မာ့စီးပွားရေး ဦးပိုင်လီမိ တက်က ပထမဆုံး လုပ်ဆောင် သည့် အဆင့်မြင့်စီမံကိန်းတစ်ခု ဖြစ်ပြီး တည်ဆောက်ရေးလုပ်ငန်း များကို ယခုလကုန်တွင် စတင် မည်ဖြစ်သည်။

ယခု စီမံကိန်းကို မူလက ၂၀၁၃ နှစ်ကုန်က စတင်တည် ဆောက်ရန် ရည်ရွယ်ခဲ့သော်လည်း အကြောင်း အမျိုးမျိုးကြောင့် ယခု ၂၀၁၆ မေလမှသာ စတင်မည်ဖြစ် သည်။ယခုစီမံကိန်းသည် တောင် ဥက္ကလာပမြို့နယ်၏ အထပ်မြင့် အဆောက်အအုံ ဆောက်လုပ်ရေး လုပ်ငန်း စီမံကိန်းများတွင် အကြီး မားဆုံး ဖြစ်လာမည့်စီမံကိန်းတစ် ခုဖြစ်သည်။

အင်နိုစီးတီးစီမံကိန်းသည်လူ နေအိမ်ခန်းများကို ယခုနှစ်လယ် တွင် ကြိုတင်ရောင်းချရန် စီစဉ် ထားပြီး ကွန်ဒိုဥပဒေထွက်ရှိပြီး ဖြစ်သောကြောင့် နိုင်ငံခြားသား များအား ပစ်မှတ်ထားရောင်းချရန် ရည်ရွယ်ထားကြောင်းသိရသည်။

Credit; 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 02 Aug To 03 Aug

Inno City Special Sales Event

Magical World Apartment
Emerald Bay Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service