မန္တလေးမြို့ မြေဈေးငါးနှစ်အတွင်း ထက်ဝက်ခန့်ကျရန် ဆောင်ရွက်မည်ဟု မန်းမြို့တော်ဝန်ဆို - Property News in Myanmar from iMyanmarHouse.com
5115 Views

မန္တလေးမြို့ မြေဈေးငါးနှစ်အတွင်း ထက်ဝက်ခန့်ကျရန် ဆောင်ရွက်မည်ဟု မန်းမြို့တော်ဝန်ဆို

မန္တလေးမြို့ မြေဈေးကို လာမည့် ငါးနှစ်အတွင်း လက်ရှိ ဈေးကွက်တွင်ဖြစ်နေသော ဈေး ထက် ထက်ဝက်ခန့်ကျဆင်းသွား အောင်ဆောင်ရွက်မည်ဟု မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောကြားသည်။

‘‘ကျွန်တော့်လက်ထက်မှာ မန္တလေးမြေယာဈေးကျဆင်းရေး လုပ်မယ်။ ၅၀ ရာခိုင်နှုန်းကျကို ကျရမယ်။ ငါးနှစ်အတွင်းကို မဟုတ်ဘူး။ ဒီထက်စောနိုင်သမျှ စောစောဖြစ်လာမယ်’’ဟု မန္တလေး မြို့တော်ဝန် ဒေါက်တာရဲလွင်က ဧပြီ ၂၀ ရက်တွင် ပြောသည်။

မန္တလေးမြို့ မြေဈေးကျဆင်း ရန် မြေအရောင်းအ၀ယ်ကိုယ်စား လှယ်လွှဲစာ (GP)အခြေအနေ များအား သေချာဖော်ထုတ်စိစစ် မည်ဖြစ်ပြီး စက်မှုဇုန်ရှိ မြေကွက် များကိုလည်း စက်မှုလုပ်ငန်းမ လုပ်ကိုင်ပါက ဥပဒေနှင့်အညီ ပြန်လည်သိမ်းဆည်းရန် စီစဉ် မည်ဟု မန္တလေးမြို့တော်ဝန်က ပြောသည်။

‘‘ရဲမွန်တောင် တို့ဘာတို့ ဘက်မှာ ခြံဝင်းမခတ်တာတွေထိ ရှိတယ်။ စက်မှုဇုန်မှာ စက်မှုမ လုပ်ဘဲ မြေကွက်ချည်းဆိုရင် ပြန် သိမ်းမယ်။ အကုန်လုံးဖော်ထုတ် မယ်။ Pressure (ဖိအား)ပေး အရေးယူလိုက်ရင် မြေဈေးကကျ သွားနိုင်တယ်’’ဟု ၎င်းက ရှင်းပြ သည်။

သို့သော် မန္တလေးမြို့ခံ မြေ လုပ်ငန်းရင်းနှီးမြှုပ်နှံလုပ်ကိုင်သူ အချို့ကမူ မြို့တော်ဝန်၏ မန္တလေး မြေဈေးထက်ဝက်ခန့်ကျဆင်း အောင်လုပ်မည့်အစီအစဉ်သည် မဖြစ်နိုင်ဟု သုံးသပ်ကြသည်။

မြေဈေးကျဆင်းအောင်လုပ် သည်ထက် မြို့တော်ဝန်အနေဖြင့် မန္တလေးမြို့ စီးပွားရေးပိုမိုကောင်း မွန်လာအောင်သာ ကြိုးစားသင့် ကြောင်း၊ မန္တလေးမြို့ စီးပွားရေး ပိုမိုကောင်းမွန်လာပါက မြေဈေး နှုန်းပါ ကျဆင်းလာနိုင်ကြောင်း ၎င်းတို့က ဆက်လက်ပြောကြား သည်။

‘‘မြေဈေးကို ကျအောင်လုပ် လို့မရပါဘူး။ အဓိက မြေဈေးကျ ခြင်း၊ တက်ခြင်းက လိုအပ်ချက်၊ ဖြည့်ဆည်းချက်နဲ့ပဲဆိုင်ပါတယ်။ လိုအပ်ချက်နည်းရင် သူ့အလိုလို ကို ကျလာမှာပဲ။ ပြီးတော့ အိမ်ခြံ မြေစီးပွားရေးက နိုင်ငံ့အဓိက စီးပွားရေးတစ်ခုတည်းမှာပါနေ တယ်။ မြေဈေးကို ဆွဲချလိုက်ရင် ဘဏ္ဍာငွေအကျပ်အတည်းသေ ချာပေါက်ဖြစ်မယ်။ ကုန်ဈေးနှုန်း၊ ရွှေဈေး၊ ဒေါ်လာဈေးတွေမချဘဲ မြေဈေးကျအောင်လုပ်နိုင်သ လားလို့ မေးခွန်းထုတ်ချင်တယ်’’ ဟု မန္တလေးမြို့ရှိ ရွိုင်ရယ်ထွန်း သစ္စာအိမ်ခြံမြေ ကုမ္ပဏီပိုင်ရှင် ဦးတင်မောင်က မှတ်ချက်ပေး သည်။

ထို့အပြင် မန္တလေးမြေဈေး အပါအ၀င် မြန်မာနိုင်ငံမြေဈေး များ ဈေးနှုန်းမြင့်နေရခြင်းသည် စီးပွားရေးအခွင့်အလမ်းနည်းပါး နေမှု၊ အလုပ်အကိုင်အခွင့်အ လမ်းရှားပါးနေမှု၊ ငွေကြေးဖောင်း ပွမှု၊ တရားမ၀င်ငွေကြေးစီးဆင်း နေမှု၊ မြေနှင့်ပတ်သက်ပြီး အခွန် ပေးဆောင်မှုမြင့်မားနေခြင်းများ ကြောင့်ဖြစ်သည်ဟု အိမ်ခြံမြေ ဈေးကွက်ကျွမ်းကျင်သူများက ထောက်ပြကြသည်။

‘‘မန္တလေးမြို့တော်ဝန်အသစ် အနေနဲ့ မြေဈေး ၅၀ ရာခိုင်နှုန်း ကျအောင် ဆောင်ရွက်ဖို့ထက် မန္တလေးရဲ့ စီးပွားရေးကို ၅၀ ရာ ခိုင်နှုန်း တက်လာအောင်လုပ်ဖို့လို တယ်။ တခြားစီးပွားရေးလုပ်ငန်း တွေမကောင်းလို့ မြေမှာဝိုင်းမြှုပ်နှံ ရင်းမြေဈေးက တက်လာတာ လေ။ တခြားစီးပွားရေးဘက်မှာ အာရုံစိုက်လာရင် မြေဘက်ကို မလှည့်လာတော့ဘူး’’ဟု ဦးတင် မောင်က ဆိုသည်။

လက်ရှိမန္တလေးအိမ်ခြံမြေ ဈေးကွက်မှာ အရောင်းအ၀ယ် ရော ဈေးနှုန်းပါ အေးစက်နေ သည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 02 Aug To 03 Aug

Emerald Bay Luxury Condo

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service