စက်မှုဖွံ့ဖြိုးမှု အချက်အချာကျ ဒေသတွေရဲ့ စက်မှုဇုန်မြေဈေး ထိန်းနိုင်ဖို့လို - Property News in Myanmar from iMyanmarHouse.com
1227 Views

စက်မှုဖွံ့ဖြိုးမှု အချက်အချာကျ ဒေသတွေရဲ့ စက်မှုဇုန်မြေဈေး ထိန်းနိုင်ဖို့လို

စက်မှုလုပ်ငန်းမူဝါဒမှာ စက်မှုဖွံ့ဖြိုးမှု အချက်အချာကျဒေသတွေအဖြစ် သတ်မှတ်ထားတဲ့ တိုင်းဒေသကြီးတွေရဲ့ စက်မှုဇုန်မြေဈေးကွက်တွေကို ထိန်းသိမ်းနိုင်ဖို့လည်း လိုအပ်တယ်လို့ ကျွမ်းကျင်သူတချို့က ပြောပါတယ်။

ရန်ကုန် ၊ ပဲခူး ၊ မန္တလေး ၊ စစ်ကိုင်း စတဲ့နေရာတွေနဲ့ ဆက်စပ်ဒေသတွေကို စက်မှုဖွံ့ဖြိုးမှုအချက်အချာကျတဲ့နေရာတွေအဖြစ် ရွှေးချယ်ထားတာပါ။ စက်မှုဇုန်တွေရဲ့ မြေဈေးတွေမြင့်ပြီး တချို့က လုပ်ငန်းမလုပ်ဘဲ မြေကွက်တွေကို ကိုင်ထားတာတွေကြောင့် တကယ်လုပ်ငန်းလုပ်သူတွေနဲ့ ငှားရမ်းလုပ်ကိုင်သူတွေအတွက် အခက်အခဲတွေရှိနေခဲ့တာပါ။ အစိုးရသစ်လက်ထက်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာနိုင်ဖို့ စက်မှုဇုန်တွေကို သတ်မှတ်ထားတဲ့အချက်တွေအတိုင်း သေချာစိစစ်ဖို့ လိုအပ်တယ်လို့ ကျွမ်းကျင်သူတချို့နဲ့ အကျိုးဆောင်တချို့ကပြောပါတယ်။

စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဦးညီလင်းက ‘ကြားတာကတော့ စက်မှုဇုန်တွေကို ပြန်စိစစ်မယ်တဲ့ ၊ အရင်အစိုးရလက်ထက်ကတည်းက စက်မှုဇုန်တွေမှာ လုပ်ငန်းမလုပ်တာတွေကို ပြန်သိမ်းမယ်သတ်မှတ်ထားပေမဲ့ ခုထိဘာမှမသေချာခဲ့ဘူး ၊ အဲဒီလိုသတ်မှတ်လိုက်တော့ စက်မှုဇုန်တွေမှာ ဘာဖြစ်လာသလဲဆိုတော့ ဂိုဒေါင်ဈေးကွက်ဖြစ်လာတယ်။ တကယ်လုပ်ငန်းလုပ်တဲ့သူမရှိဘူး’ လို့ပြောပါတယ်။

လက်ရှိမှာတော့ ကိုင်ထားကြပြီး လုပ်ငန်းမလုပ်တဲ့ စက်မှုဇုန်မြေကွက်တွေကို စိစစ်ပြီး သတ်မှတ်ချက်တွေတိုင်း လုပ်ဆောင်ပေးဖို့ သင့်ပြီလို့ သိရပါတယ် ။ လုပ်ငန်းရှင်တချို့နဲ့ အကျိုးဆောင်တချို့ကတော့ လုပ်ငန်းမလုပ်တဲ့မြေတွေကို ပြန်သိမ်းယူသင့်ပြီး တကယ်လုပ်ငန်းလုပ်ကိုင်မယ့် သူတွေကိုပဲ ချပေးသင့်တယ်လို့ ပြောကြပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကလည်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်တွေမှာ မြေတွေကို ကိုင်ထားကြပြီး လုပ်ငန်းတွေ မလုပ်နိုင်တာတွေက အဟန့်အတားအခက်အခဲဖြစ်စေတာတွေကြောင့် တိုင်းဒေသကြီးအတွင်းမှာ ရင်းနှီးမြှုပ်နှံမှုလုပ်မယ့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်တွေ့ဆုံဆွေးနွေးပြီး ဆောင်ရွက်ဖို့ရှိတယ်လို့ မီဒီယာတွေ့ဆုံပွဲတစ်ခုမှာ ပြောခဲ့ပါတယ်။

စက်မှုဇုန်တွေကို ပြန်လည်စိစစ်ပြီး စိုက်ပျိုးရေးဇုန် ၊ မွေးမြူရေးဇုန်တွေနဲ့ အခြေခံအဆောက်အအုံတွေကောင်းကောင်း ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ အဆင်ပြေပြေဆောင်ရွက်လို့ရအောင်လည်း လုပ်ဆောင်ဖို့ရှိတယ်လို့ သိရပါတယ်။
ဝယ်ရောင်းအကျိုးဆောင်ဦးဝင်းနိုင်က ‘စက်မှုဇုန်မှာ ဝယ်ဖို့ထက် ငှားချင်တာတောင် ပေ ၄၀x ပေ ၆၀ ဆိုရင် ကျပ် ၅၀၀,၀၀၀ ဝန်းကျင်အထက်မှာရှိတယ်။ တချို့စက်မှုဇုန်တွေမှာဆိုလည်း နာမည်ခံပဲရှိတော့တယ်။ ဂိုထောင်တွေပဲများတယ်။ တချို့တွေက မြေဈေးတွေမတန်တဆ ဈေးတင်ထားတာကြောင့် အရောင်းအဝယ်သိပ်မရှိဘဲ အငှားလောက်ပဲရှိတယ်’ လို့ သိရပါတယ်။

ဈေးကွက်ကျမ်းကျင်သူတချို့ကတော့ အစိုးရက တိုက်ရိုက်ငှားရမ်းပြီး အပိုင်ရောင်းချတာမျိုးမဟုတ်ဘဲ နှစ်လတ်နှစ်ရှည်အဖြစ်ငှားရမ်းတာမျိုတွေ ပြုလုပ်ရင်လည်း မြေကစားသူတွေ ပျောက်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။ စက်မှုဇုန်တွေကို အခြေခံအဆောက်အအုံ (infrastructure) ပြည့်စုံအောင်လုပ်ဆောင်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကောင်းတွေရအောင် ဆွဲဆောင်နိုင်တယ် ။ စက်မှုဖွံ့ဖြိုးအောင် စက်မှုဇုန်တွေချပေးပေမဲ့ ဈေးကစားသူတွေက ကြိုဝယ်လှောင်ရောင်းလုပ်နေတော့ ဈေးတက်တာဖြစ်တယ်။ စက်မှုဇုန်ဆိုပေမဲ့ မြေကွက်လွတ်တွေအများကြီးရှိနေတယ်။ စည်းကမ်းအတိုင်းမလုပ်လို့ ပေါ်နေတဲ့ ပြဿနာတွေပါလို့ သုံးသပ်ကြပါတယ်။

စီးပွားရေးနဲ့ ဥပဒေလမ်းညွန် ဦးတင်သန်းဦးက ‘ဆွစ်ဇာလန်မှာလုပ်သလို အသုံးမပြုရင် tax ပိုကောက် ၊ နောက်တစ်နှစ်မှ ထပ်အသုံးမပြုရင် tax နှစ်ဆကောက်တယ် ၊ အရင်ကလို လုပ်ငန်းမပြနိုင်ရင် မြေသိမ်းခံရမှာစိုးတာနဲ့ ဂိုဒေါင်တွေ ဆောက်ခွင့်ပြုံတင်တာမျိုးတွေ ခွင့်မပြုသင့်ဘူး’ လို့ပြောပါတယ်။

Credit: The Modern

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်

Upcoming Property Events

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

From 09 Aug To 10 Aug

Mingalar Market

THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service