အွန်လိုင်းငွေကြေးဈေးကွက် စိတ်ဝင်စားမှုပိုလာ - Property News in Myanmar from iMyanmarHouse.com
1586 Views

အွန်လိုင်းငွေကြေးဈေးကွက် စိတ်ဝင်စားမှုပိုလာ

ပြည်တွင်းမှာ ကမ္ဘာ့ရွှေဈေးပေါ်မှုတည်ပြီး ငွေကြေးရင်းနှီးမြှုပ်နှံရတဲ့ ငွေကြေးဈေးကွက်ဟာ စတော့ခ်ဈေးကွက်ဖွင့်ပြီးနောက်ပိုင်းမှာ စိတ်ဝင်စားမှုပိုများလာတယ်လို့ သိရပါတယ်။

‘ပြည်တွင်းမှာ စနေတာကတော့ သုံးလေးနှစ်လောက်ရှိနေပါပြီ ၊ စတော့ခ်အိမ်ချိန်းဖွင့်ပြီးနောက်မှာ ဒီဈေးကွက်တွေကဆက်စပ်နေတော့ ပိုပြီးစိတ်ဝင်စားလာကြတယ် ၊ အရပ်နားလည်အောင်ပြောရရင် သူက ရွှေစတော့ခ်လိုပုံစံပါ ၊ ရွှေဈေးနှုန်းပေါ်မှုတည်ပြီး ကစားရတာ’ လို့ SK Trading ကမန်နေဂျာ Jack ကပြောပါတယ်။

Online Financial Market ဆိုတာဘာလဲ

အွန်လိုင်းကနေ ကမ္ဘာ့ရွှေဈေးနှုန်း ကိုယ်ပိုင်အကောင့်ဖွင့်ပြီး ရောင်းဝယ်တဲ့ Financial market ဟာ ခုနောက်ပိုင်းခေတ်စားလာပါတယ်။ financial market မှာ ရင်းနှီးမြှုပ်နှံဖို့အတွက် ကိုယ့်ပိုင်အကောင့်တစ်ခု လိုအပ်ပါတယ်။ကိုယ်ပိုင်အကောင့်ဖွင့်ဖို့အတွက် သတ်မှတ်ဘဏ်မှာ doposit ငွေသွင်းပြီး ဒေါ်လာ ၁၀၀၀ နဲ့စတင်ရောင်းဝယ်လို့ရမှာဖြစ်ပါတယ်။ Spot gold တစ်ခုတည်းမဟုတ်ဘဲ Foreign exchange တွေ ၊ spot silver တွေကိုလည်း အရောင်းအဝယ်လုပ်လို့ရမှာဖြစ်ပါတယ်။

အကျိုးကျေးဇူး

ကမ္ဘာ့ရွှေဈေးပေါ်မှုတည်ပြီး အွန်လိုင်းကနေ ရောင်းဝယ်ရတာဖြစ်တာကြောင့် အချိန်ကုန်သက်သာစေခြင်း ၊ အရင်းနှီးနည်းခြင်း ၊ အခြားလုပ်ငန်းတွေနဲ့ တွဲဖက်လုပ်ကိုင်နိုင်ခြင်း ၊ အွန်လိုင်းရရှိတဲ့မည်သည့်နေရာမဆို မည်သည့် device နဲ့မဆို အသုံးပြုနိုင်ခြင်းတို့ပဲ ဖြစ်ပါတယ်။

‘ချိတ်ဆက်ထားတဲ့ ဘဏ်မှာ ငွေသွင်းပြီး အကောင့်တစ်ခုရမယ် ၊ ဖုန်းထဲမှာ ဆောဖ်ဝဲထဲဝင်ပြီးတော့ အရောင်းအဝယ်လုပ်ရတာ ၊ ဆောဖ်ဝဲကလည်း ဗားရှင်းအမျိုးမျိုးနဲ့လာတယ် ၊ ကုမ္ပဏီတွေက ထည့်ပေးလိုက်တယ် ၊ ဒီဆော့ဖ်ဝဲလေးကလဲ ဖေစ်ဘုတ်ခ်လိုပဲ user name နဲ့ password လေးရှိတယ် ၊ အဲဒါလေးပေးလိုက်တယ်’ လို့ Jack ကဆိုပါတယ်။

သတိထားသင့်တဲ့အချက်

Financial market နဲ့ပတ်သက်ပြီး လက်ရှိမှာ ဥပဒေပြဌာန်းခြင်းမရှိသေးတာကြောင့် ကုမ္ပဏီရွှေးချယ်တတ်ဖို့လိုပါတယ်။ ဥပဒေပြဌာန်းထားခြင်း မရှိသေးတာကြောင့် ကုမ္ပဏီတွေအနေနဲ့ အခွင့်ရေးယူမှုတွေရှိလိုနိုင်တယ်လို့ သိရပါတယ်။ စတော့ခ်အိမ်ချိန်းဖွင့်ပြီးနောက်ပိုင်းမှာ Financial market လုပ်ကိုင်တဲ့ ကုမ္ပဏီတွေလည်း ပိုများလာပါတယ် ။ ဒါကြောင့်မှားယွင်းမှုတွေ ၊ လိမ်လည်မှုတွေကြောင့် မှားယွင်းမှုတွေ ၊ လိမ်လည်မှုတွေမဖြစ်အောင် သေချာလေ့လာပြီးမှ လုပ်သင့်တယ်လို့သိရပါတယ်။ Financial market ဟာတစ်ကမ္ဘာလုံး အရောင်းအဝယ်လုပ်နေတဲ့ ဈေးကွက်ဖြစ်တာကြောင့် သတိထားလုပ်ကိုင်သင့်တယ်။ ဈေးကွက်ကို မလေ့လာဘဲ ဝင်ရောက်လုပ်ကိုင်ပါက အကျိုးအမြတ်ထက် ဆုံးရူံးမှုပိုများနိုင်ပါတယ်။

ငွေကြေးဆုံးရှုံးနိုင်

‘ကြားထဲမှာ ကုမ္ပဏီတွေနဲ့ပတ်သက်ပြီး ဖြစ်သွားတာရှိတယ် ၊ ကုမ္ပဏီလာဖွင့်တယ် ၊ နောက်ပိတ်ပြီးပြေးသွားတယ်ဆိုတော့ ထည့်ထားတဲ့ငွေကြေးတွေ ဆုံးရှုံးနိုင်တယ် ၊ လက်ရှိမှာ စတောခ်လဲ ဖွင့်လိုက်ပြီဆိုတော့ ဒါတွေလဲ ဖြစ်လာနိုင်တယ် ၊ ဒါတွေသတိထားဖို့လိုပါတယ်’ လို့ Jack ကပြောပါတယ်။

Financial market ဟာလက်ရှိမှာတော့ ပြည်ပကုမ္ပဏီတွေနဲ့ ချိတ်ဆက်ပြုလုပ်နေကြတာဖြစ်ပါတယ်။ ပြည်တွင်းမှာလည်း local gold market ပေါ်ပေါက်လာဖို့ကိုလည်း ရွှေလုပ်ငန်းရှင်များအသင်းက ကြိုးစားဆောင်ရွှက်နေတယ်လို့ သိရပါတယ်။

Credit: The Modern
အွန်လိုင်းငွေကြေးဈေးကွက် စိတ်ဝင်စားမှုပိုလာ - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မွန်ဂို စစ်ဘုရင် တိမူးရဲ့ ကျိန်စာတိုက်ထားတဲ့ အုတ်ဂူကြီးကို သိပ္ပံပညာရှင်တွေ မကြောက်မရွံ့ ဖွင့်လိုက်ပြီးနောက် ကမ္ဘာ့သမိုင
မွန်ဂို စစ်ဘုရင် တိမူးရဲ့ ကျိန်စာတိုက်ထားတဲ့ အုတ်ဂူကြီးကို သိပ္ပံပညာရှင်တွေ မကြောက်မရွံ့ ဖွင့်လိုက်ပြီးနောက် ကမ္ဘာ့သမိုင
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့
ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service