အရပ်ထဲက ရောင်းပေါင်စာချုပ် ခိုင်မာမှုနည်းလို့ သတိပြုသင့် - Property Knowledge in Myanmar from iMyanmarHouse.com
2177 Views

အရပ်ထဲက ရောင်းပေါင်စာချုပ် ခိုင်မာမှုနည်းလို့ သတိပြုသင့်

Knowledge | Posted by Zarni Kyaw

အိမ်ခြံမြေဈေးကွက်ထဲမှာ အရောင်းဈေးကွက်အေးနေတာကြောင့် တချို့ကငွေပေါ်အောင် ရောင်းပေါင်စာချုပ်ချူပ်ပြီး ပေါင်နှံကြတာတွေရှိပြီး ဥပဒေအရခိုင်မာမှုမရှိတာကြောင့် သေချာစိစစ်ပြီးမှ လုပ်သင့်တယ်လို့ သိရပါတယ်။

ဘဏ်တွေမှာတရားဝင် အပေါင်ထားဖို့က လုံးချင်းအိမ်တွေလောက်သာရရှိတာကြောင့် တချို့အရပ်ထဲမှာပဲ တိုက်ခန်းတွေတန်ဖိုးနည်းမြေကွက်တွေကို အပေါင်ထားကြတယ်။ အပေါင်ထားတဲ့အခါမှာလည်း ရောင်းပေါင်စာချုပ်နဲ့ ချုပ်ဆိုရတာကြောင့် တချို့က ပြန်မရွှေးနိုင်ဘဲ ထိုးအပ်လိုက်ရတာတွေလည်းရှိတယ်လို့ သိရပါတယ်။

မြေကွက်တွေကို အပေါင်ထားတဲ့သူတွေရှိသလို တိုက်ခန်းအပေါင်ထားတဲ့သူတွေလည်းရှိပါတယ် ။ စီးပွားရေးကျွမ်းကျင်သူတချို့နဲ့ ဥပဒေပညာရှင်တချို့က တိုက်ခန်းတွေကို ဘဏ်မှာတရားဝင်အပေါင်ထားနိုင်ဖို့ အာမခံချက်နည်းပါးတာတွေကို လုပ်ဆောင်ပေးဖို့ လိုအပ်နေတယ်လို့လည်း ပြောပါတယ်။

အကျိုးဆောင်ရှေ့နေဦးကျော်စွာက ‘ဥပဒေအရ တရားဝင်ပြင်ပမှာပါ ပေါင်နှံခွင့်ပေးလိုက်မယ်ဆို အပေါင်နဲ့ပတ်သက်တဲ့ အိမ်ခြံမြေ ပြဿနာတွေလဲ ရှင်းသွားနိုင်မယ် ၊ အခုတွေ့နေရတာတွေက အပေါင်ထားတဲ့အိမ်တွေကို ရောင်းစားတာနဲ့ ပတ်သက်ပြီး ဖြစ်နေကြတာတွေပါ ၊ အရပ်ထဲမှာအပေါင်ထားရင် စာချုပ်ကအစ တိတိကျကျလုပ်မှပဲ အဆင်ပြေနိုင်မယ်လို့’ ရှင်းပြပါတယ်။

အရပ်ထဲမှာ အပေါင်ထားတဲ့အခါ တချို့ကတန်ဖိုးရဲ့သုံးပုံတစ်ပုံငွေယူလို့ရတယ်။ အချို့က တန်ဖိုးရဲ့တစ်ဝက်လောက်အထိပေးတယ်လို့ သိရပါတယ်။ အတိုးနှုန်းက သုံးကျပ်ကနေ ခုနှစ်ကျပ်ဝန်းကျင်လောက်အထိပေးပြီး စာချုပ်ကိုခြောက်လချုပ်တာများတယ်လို့ အကျိုးဆောင်တချို့ကပြောပါတယ်။

အရပ်ထဲမှာ တိုက်ခန်းအပေါင်ထားတဲ့အခါ တချို့ကအခန်းကနေ ထွက်ပေးရသလို အရောင်းအဝယ်စာချုပ်ချုပ်ရပြီး သော့အပ်ရတယ် ။ အပေါင်ထားသူရဲ့အမည်ပေါက်ဖြစ်ရပြီး အတိုးကို သုံးကျပ်ကနေ ငါးကျပ်အထိပေးရတယ် ။ တချို့က ငွေရှင်တွေက အတိုးကို တိုးတောင်းတာတွေလည်းရှိတယ်လို့ သိရတယ်။

ဒဂုံသီးသန့်အကျိုးဆောင် မကေသီက ‘အရပ်ထဲမှာက နားလည်မှုနဲ့အပေါင်ခံကြတာ ၊ တချို့ဆို အတိုးပေါ်အတိုးဆင့်သွားပြီး မြေကွက်ကို အပ်လိုက်ရတာတွေရှိတယ် ၊ တချို့ဆို အကွက်တွေက ရောင်းမထွက် ငွေလိုနေတော့ အပေါင်ထားပြီး ပြန်မရွှေးတော့ဘဲ အဆုံးခံလိုက်တဲ့သူတွေလဲ ရှိတယ်’ လို့ပြောပါတယ်။

Credit: The Modern

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ

Upcoming Property Events

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service