ဂရန်သက်တမ်းကုန် မြေနှင့် အိမ်ကိုဝယ်လျှင် - Property Knowledge in Myanmar from iMyanmarHouse.com
4548 Views

ဂရန်သက်တမ်းကုန် မြေနှင့် အိမ်ကိုဝယ်လျှင်

Knowledge | Posted by Hnin Ei Khin

မြေနဲ့ အိမ်ဝယ်ဖို့သွားကြည့်တဲ့အခါအိမ်က နှစ်ထပ်တိုက်ဖြစ်ပေမယ့် မြေက ဂရန်သက်တမ်းကုန်နေတယ်၊ ဂရန် သက်တမ်း ကုန်နေတဲ့ မြေကွက်ကိုတရားဝင် ဝယ်လို့ရပါသလား'' ဟု မိတ်ဆွေတစ်ဦးကဆွေးနွေးလာပါသည်။

မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းတွေဖြစ်တဲ့ မြေ၊ အိမ်တို့ကိုဝယ်ရင် မှတ်ပုံတင်အရောင်းအ ဝယ်စာချုပ် ချုပ်ဆိုမှ
တရားဝင် ပိုင်ဆိုင်ခွင့် ရှိတယ်လို့ ဥပဒေအရ သတ်မှတ်ထားပါတယ်။ ဒါကြောင့် တရားဝင်ပိုင်ဆိုင်ဖို့ဆိုရင်
မှတ်ပုံတင်အရောင်းအဝယ် စာချုပ်ချုပ်ဆိုနိုင်တဲ့ပစ္စည်းမျိုးဖြစ်ဖို့လိုတယ်''

အချို့က မှတ်ပုံတင်အ ရောင်းအဝယ်စာချုပ် ပြုလုပ်ရန်အခွန်ဆောင်ရမှာဖြစ်လို့ မှတ်ပုံတင်စာချုပ် မလုပ်တော့ပဲ
ဝယ်ယူ နေထိုင်ကြတာတွေရှိတယ်လို့လည်း သိရတယ်''

မှန်ပါတယ်၊အိမ်၊ မြေ ရောင်းသူက ရောင်းခွန်ပေးရမှာရှောင်ချင်တာရယ်၊ဝယ်သူက ဝယ်ခွန်ပေးဆောင်ရမှာကိုရှောင် ချင်တာနဲ့ ရောင်းသူထံမှ ကိုယ်စားလှယ် လွှဲစာရယူထားပြီး ဝယ်ယူ နေထိုင်တာတွေရှိပါတယ်။
ဒါကတော့ ရောင်းသူက မြေဂရန်အမည်ပေါက်ဖြစ်ဖို့လိုပါတယ်။
မြေဂရန် အမည်ပေါက်သူထံမှ ကိုယ်စားလှယ်လွှဲစာရရှိမှသာ အဆိုပါ မြေကွက်နဲ့ ပတ်သက်တဲ့ လုပ်ပိုင်ခွင့်ကို
ဝယ်သူက အမည်ပေါက်သူကိုယ်စား ဆောင်ရွက်ခွင့်ရှိလာမှာဖြစ်တယ်''

''ရောင်းသူအမည်မပေါက်တဲ့ မြေကွက်တွေကို ဝယ်ထားပြီးဘာပြဿနာမှမဖြစ်ပဲ နေတဲ့ သူတွေလည်း ရှိနေတယ်
မဟုတ်လား''

ဟုတ်တော့ဟုတ်ပါတယ်၊ဒါပေမယ့် ပြန်လည်ရောင်းချတဲ့အခါမှာ မိမိအမည်မပေါက် တော့ ကာလပေါက်ဈေးအတိုင်း၊ ရောင်းဖိုးငွေမရနိုင်တာတွေရှိတတ်တယ်။ အိမ်အသစ်ပြန်ဆောက်မယ်ဆိုရင်လည်း ဂရန်အမည်မပေါက်တော့ ဆောက်လုပ်ခွင့်လျှောက်ထားရာမှာ အခက်အခဲ တွေရှိတတ်တယ်၊ဒါကြောင့် ရောင်းသူအမည်ပေါက်ဂရန် မြေကွက်ကို
ဝယ်ရင်တော့ မှတ်ပုံတင် အရောင်း စာချုပ်ချုပ်ဆိုနိုင်ပြီး၊ဥပဒေနဲ့အညီ တရားဝင်ပိုင်ဆိုင်ခွင့်ရမှာဖြစ်တယ်''

''ဒါဆို ဂရန်သက်တမ်းကုန် မြေကွက် အခြေအနေမှာမှတ်ပုံတင် အရောင်းစာချုပ် ချုပ်လို့ရ ပါသလား''

တရားရုံးချုပ် အထူးအယူခံခုံရုံးက ဆုံးဖြတ်ခဲ့တဲ့ဦးဝင်းမောင် ပါ ၂ ဦးနှင့် ဒေါ်ငွေခိုင် (ခ) ဒေါ် လှမေ
(၄င်း၏ အထွေထွေကိုယ် စားလှယ် စာရသူဒေါ်ရင်ရင်ထွန်း)

၂ဝ၁၄ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံးစာမျက်နှာ ၁၆၇ စီရင်ထုံးမြေဂရန် ဆိုသည် မှာမြေကိုအသုံးပြုနိုင်သော အခွင့်အ ရေး ဖြစ်သည်။အဆိုပါ အခွင့်အရေးသည် ဂရန်စာချုပ်တွင်ခွင့်ပြုထားသည့် သက်တမ်းအတွင်းသာ အကျိုးခံစားခွင့်
ရရှိနိုင်ပါသည်။

ဂရန်သက်တမ်းကုန်ဆုံးသွားသည့်အခါဂရန်ရရှိထားသူသည် ၄င်းရရှိထားသည့် မြေ အသုံးပြုပိုင်ခွင့်
အခွင့်အရေးသည်လည်း ကုန်ဆုံးသွားသည့်အတွက်ထိုမြေတွင် ၄င်းအနေဖြင့် အခွင့်အရေးတစ်စုံတစ်ရာ
မရှိတော့ ဟု ဆိုရပေမည် ၊ ဖြစ်ကြောင်းဆုံးဖြတ်သုံးသပ်ထား တာကို တွေ့ရပါတယ်''

ဒါဆို ဂရန်မြေနဲ့ ပတ်သက်လို့ ရောင်းချလွှဲပြောင်းပေးကမ်းရင် တရားမဝင်တဲ့ သဘော ပေါ့''
ယေဘူယျခြုံပြောရရင်တော့ ဥပဒေအရ ဒီသဘောပဲလို့ဆိုရမှာ ဖြစ်တယ်၊

ဒါပေမယ့် အစိုးရဂရန်ရရှိထားသူသည် ကျူးကျော်နေထိုင်သူအားမြေဂရန်သက်တမ်းအတွင်းတွင် မြေကွက်မှ ဖယ်ရှားပေးရန်တရားစွဲဆိုရာ အမှုအတောအတွင်း မြေဂရန်သက်တမ်းကုန်ဆုံးသွားစေကာ မူ လက်ရောက်ရပိုင်ခွင့်ရှိသည်
ဟု ဦးအောင်သိန်းပါ ၂ ဦးနှင့် ဒေါ်မမ ကြီး၁၉၆၄ ခုနှစ်မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ ၂၆၉
အမှုမှာ ဆုံးဖြတ်ထားတာတွေ့ရ တယ်။

ဒါကြောင့် ဂရန်သက်တမ်းမကုန်သေးမီ အရောင်းအဝယ်မှတ်ပုံတင် စာချုပ်ချုပ်ဆိုခြင်းကို တစ်စိတ်တစ်ပိုင်း
ဆောင် ရွက်နေဆဲဖြစ်ရင် ဆက်လက် အ တည်ပြုဆောင်ရွက်နိုင်မှာဖြစ်ပါတယ်''

''မြေဂရန်သက်တမ်းတိုး ပြီးမှ ဝယ်ရင် ပိုကောင်းတဲ့သဘောပေါ့''

မှန်ပါတယ်၊ မိမိဝယ်ယူမယ့် မြေကွက်ဟာ ဂရန်သက်တမ်းကုန်နေပြီဆိုရင်တော့ သက်တမ်း အရင်တိုးပြီးမှ
ဝယ်ယူခြင်းက အကောင်းဆုံး ဖြစ်ပါတယ်''

တကယ်လို့ ဂရန်သက် တမ်းတိုးဖို့ အမည်ပေါက်ကွေယ်လွန်သွားရင် ဘယ်လိုဆောင်ရွက်နိုင်သလဲ''

ဒါကတော့ဂရန်အမည် ပေါက်ကွယ်လွန်သူရဲ့ အမွေဆက်ခံသူကအဆိုပါ မြေကွက်နဲ့ ပတ်သက်လို့ စီမံခန့်ခွဲနိုင်ရန်
သက်ဆိုင်ရာ တရားရုံးမှာ အမွေထိန်းစာလျှောက်ထားရပါတယ်။
တရားရုံးက အမွေထိန်းစာ ထုတ်ပေးခဲ့ရင်၊အမွေထိန်းစာရသူက အဆို ပါ မြေကွက်ကို
ဂရန်သက်တမ်းတိုးခွင့် လျှောက်ထား ခြင်း၊ရောင်းချခြင်းတို့အတွက် တရားရုံးရဲ့ခွင့်ပြုချက်ကို ရယူပြီး
သက်ဆိုင်ရာ အစိုးရရုံးများမှာ ဆက်လက်ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်''

သူငယ်ချင်းရှင်းပြမှပဲ ဂရန်သက်တမ်းကုန်မြေကွက်တွေကိုဝယ်ယူရာမှာ တရားဝင်ဖြစ်အောင် ဆောင်ရွက်နိုင်တယ်
ဆိုတဲ့ အချက်တွေသိရပြီး စိတ်ထဲရှင်းသွားတော့တယ်''မှန်ပါတယ်၊ ဥပဒေဆို တာ ပြည်သူတွေ မနစ်နာအောင်
အခွင့်အရေးတွေပေးထားပါတယ်။ ဥပဒေ ဘောင်အတွင်းမှာဥပဒေ နှင့်အညီ ဆောင်ရွက် မယ်ဆို ရင် အခက်အခဲမရှိဘူး
လို့ ပြောချင်ပါ တယ် သူငယ်ချင်း''

Credit : ဈေးကွက် ဂျာနယ်

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ

Upcoming Property Events

42 Mini Condo
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service