အိမ်ခြံမြေကို ကိုယ်စားလှယ်လွှဲစာနဲ့ ဝယ်မယ်ဆိုရင် - Property Knowledge in Myanmar from iMyanmarHouse.com
1792 Views

အိမ်ခြံမြေကို ကိုယ်စားလှယ်လွှဲစာနဲ့ ဝယ်မယ်ဆိုရင်

Knowledge | Posted by Shwe Zin Win

အိမ်ခြံမြေဝယ်ယူတဲ့အခါမှာ ကိုယ်တိုင်မဟုတ်ဘဲ တခြားသူကို ကိုယ်စားလှယ်လွှဲစာနဲ့ ဝယ်ယူခိုင်းတဲ့သူတွေအနေနဲ့ အလွှဲသုံးစားပြုလုပ်ခံရတာတွေနဲ့ ပြန်ရောင်းချင်တဲ့အခါမှာ အမည်ပေါက်မဟုတ်တဲ့အတွက် အခက်အခဲကြုံရတာတွေနဲ့ ပတ်သက်ပြီး အကျိုးဆောင်တချို့ကို ကိုယ်စားလှယ်လွှဲစာတွေအကြောင်းမေးမြန်းထားပါတယ်။

မေး။ ။ လက်ဆင့်ကမ်း ဝယ်ထားတာကြောင့် ပြန်လည်ရောင်းချင်ပေမဲ့ အမည်ပေါက်ပြောင်းလဲဖို့ ခက်ခဲနေတာတွေ ရှိပါတယ်။ ဘယ်လိုမျိုး လုပ်ဆောင်ပြီး အမည်ပြောင်းလဲလို့ရပါသလဲ။

ဖြေ။ ။ အဆင့်ဆင့်ဝယ်ခဲ့တဲ့သူလား ၊ တကယ်ဝယ်ခဲ့တဲ့သူဆို မှုလပိုင်ရှင်ရော အထူးလွှဲစာ (SP) နဲ့ အထွေထွေလွှဲစာ (GP) လွှဲယူထားတဲ့သူတွေကို ရှာဖို့ခက်နေမယ်။ သည်လိုမျိုးဆို တရားရုံးမှာ အနိုင်ဒီဂရီယူလို့ရတယ်။ အနိုင်ဒီဂရီနဲ့ အမည်ပြောင်းလို့လည်းရတယ်။

မေး။ ။ ပိုင်ရှင်တိုက်ရိုက်မဟုတ်ဘဲ ကိုယ်စားလှယ်ဆီကနေ စိတ်ချပြီးဝယ်လို့ ရပါသလား။

ဖြေ။ ။ ပိုင်ရှင်တိုက်ရိုက်ကြီးပဲတော့အရာတိုင်း မဖြစ်နိုင်ပါဘူး ။ အထူးသဖြင့် လူကြီးတွေပိုင်တာဆိုရင် GP နဲ့ပဲလုပ်ကြတာတွေများတယ်။ ပိုင်ရှင်မသိတာပါဆိုရင်လည်း တရားဝင်ရတယ်။ GP လွှဲကတည်းကပါပြီးသားပါ။ ပိုင်ရှင်က မသိဘဲလုပ်မှာစိုးရင် GP ကိုပြန်ရုပ်သိမ်းလို့ရပါတယ်။

မေး။ ။ဘာကြောင့်တရားဝင်တာလဲသိချင်ပါတယ်။

ဖြေ ။ ။ GP/SP ဆိုတာက ရပ်ကွက်ရုံးမှာ လုပ်ရတဲ့အရာမဟုတ်ဘူး ။
အစိုးရတရားဝင်မှတ်ပုံတင်ရုံးတွေမှာ လွှဲအပ်သူတွေနဲ့ လွှဲအပ်ခံရတဲ့သူ နှစ်ဦးစုံညီလက်မှတ်ထိုး ၊ လက်ဗွေနှိပ်ပြီးမှ လွှဲထားတာပါ။ GP နဲ့ဆိုအထွေထွေအတွက်ဖြစ်ပြီး ပိုင်ရှင်က GP ပြန်ရုပ်သိမ်းမထားရင်တရားဝင်ပါတယ်။

မေး။ ။ တချို့တွေက ပိုင်ရှင်က တိုက်ရိုက်လွှဲထားတာမျိုးမဟုတ်ဘဲ တစ်ဆင့်လွှဲထားတာကို ရောင်းနေတာတွေက တရားဝင်ပါသလား။

ဖြေ။ ။ တချို့က ပြန်ရောင်းဖို့ရည်ရွယ်ပြီ ဝယ်ကြတဲ့သူတွေက မှတ်ပုံတင်ပြီး ရောင်းဝယ်တာမလုပ်ဘဲ မူရင်းပိုင်ရှင်ကိုယ်စားရောင်းဝယ်ခွင့်ရှိအောင်ပါ။ အခွန်ဆောင်စရာမလိုဘဲ မူရင်းပိုင်ရှင်ဖြစ်သူဆီကနေ တိုက်ရိုက်ရယူထားသူသာ ပိုင်ရှင်ကိုယ်စား ဆောင်ရွက်ခွင့်ရှိတာပါ။ တချို့က လူလည်လုပ်ပြီး GP ရယူထားသူကနေ GP တွေ အဆင့်ဆင့်လွှဲတာတွေက နားမလည်လို့ လုပ်နေတာပါ။

Credti : The Kumudra

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း

Upcoming Property Events

From 25 Apr To 09 May

Mingalardon Garden City

From 10 May To 11 May

Mingalar Market

From 10 May To 11 May

Magical World Apartment

Mingalar Market
MIngalardon Garden City

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service