နေပြည်တော် ကောင်စီနယ်မြေအတွင်း ဝန်ထမ်းအိမ်ရာလိုအပ်ချက် ၁၀ရာခိုင်နှုန်း ဖြည့်ဆည်းပေးနိုင် - Property News in Myanmar from iMyanmarHouse.com
1498 Views

နေပြည်တော် ကောင်စီနယ်မြေအတွင်း ဝန်ထမ်းအိမ်ရာလိုအပ်ချက် ၁၀ရာခိုင်နှုန်း ဖြည့်ဆည်းပေးနိုင်

ဝန်ကြီးဌာနပေါင်းစုံ အခြေစိုက်ရာ နေပြည်တော် ကောင်စီနယ်မြေအတွင်း ဝန်ထမ်းအိမ်ရာလိုအပ်ချက်ကို ၂၀၁၅/၂၀၁၆ ဘဏ္ဍာရေးနှစ်အတွင်း ၁၀ ရာခိုင်နှုန်းခန့် ဆောက်လုပ်ပေးနိုင်ခဲ့တယ်လို့ နေပြည်တော်စည်ပင်သာယာရေးကော်မတီက သိရပါတယ်။

‘လိုနေတဲ့ အခန်းအရေအတွက်က ၁၁၈၆၁ ပါ ၊ ခုဘဏ္ဍာနှစ်မှာဆောက်လို့ပြီးသွားပြီး ခွဲဝေချထားပေးတဲ့အခန်းအရေအတွက်က ၁၂၂၄ ဖြစ်လို့ ၁၀ ရာခိုင်နှုန်းလောက်ပဲ ဖြည့်ဆည်းပေးနိုင်ပါတယ်’ လို့ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ၊ အိမ်ခန်းခွဲဝေချထားရေးဌာနက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

နေပြည်တော် တည်ဆောက်မှုများ အပြီး အိမ်ခန်း လိုအပ်ချက်အရ ၂၀၁၅/၂၀၁၆ ဘဏ္ဍာနှစ်မှာ ပထမဆုံးအကြိမ် ထပ်မံဆောက်လုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

‘လူပျိုဆောင်ငါးလုံး ၊ အပျိုဆောင် ၁၀ လုံးနဲ့ ၊ အမှုထမ်းအိမ်ယာ ၂၁ လုံးဆောက်လုပ်ခဲ့တာပါ ၊ အဆောင်တွေအနေနဲ့ တစ်လုံးကို အခန်း ၄၈ ခန်းပါပြီး ၊ အမှုထမ်းအိမ်ရာကတော့ တစ်လုံးကို ၂၄ ခန်းပါပါတယ် ၊ ဒါကြောင့် အခန်းစုစုပေါင်း ၁၂၂၄ ခန်းခွဲပေးနိုင်ခဲ့ပါတယ်’ လို့ နေပြည်တော်စည်ပင်သာယာရေးကော်မတီတာဝန်ရှိသူ တစ်ဦးကပြောပါတယ်။

နေပြည်တော် ကောင်စီအနေနဲ့လည်း ရထားတဲ့ဘတ်ဂျက်အပေါ်မှုတည်ပြီး တည်ဆောက်ပေးရတာဖြစ်လို့ အခန်းလိုအပ်ချက်အကုန်လုံးကို အပြည့်အဝဖြည့်ဆည်းအပေးနိုင်တာလို့ သိရပါတယ်။

နေပြည်တော်မှာ ဝန်ထမ်းဦးရေတိုးပွားလာတာကြောင့် ဝန်ထမ်းတွေအနေနဲ့ အိမ်ခန်းမရတဲ့အခါမှာ အပြင်မှာ ငှားနေရတာတွေ ၊ အသိမိတ်ဆွေအခန်းတွေမှာ ပေါင်းနေရတာတွေ ရှိနေတယ်လို့ အားကစားဝန်ကြီးဌာနက ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

‘အစ်မက အလုပ်ဝင်တာ သိပ်မကြာတော့ အခန်းမရဘူး ၊ ရွှေနံ့သာမှာငှားနေရတာ ၊ ရတဲ့လစာနဲ့ မလောက်ချင်ဘူးပေါ့ ၊ အခုတော့ အခန်းလေးရလာတော့ အဆင်ပြေသွားပြီ’ လို့ နေပြည်တော် အားကစားဝန်ကြီးဌာနက အခန်းရတဲ့ ဝန်ထမ်းတစ်ဦးက ပြောပါတယ် ။

Credit: The Modern

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 02 Aug To 03 Aug

Inno City Special Sales Event

ERC Luxury Condo
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service