အစိုးရသစ် တက်လာချိန်တွင် ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့ရန် ဂျပန်ကုမ္ပဏီကြီးများ စတင်ဆောင်ရွက် - Property News in Myanmar from iMyanmarHouse.com
1528 Views

အစိုးရသစ် တက်လာချိန်တွင် ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့ရန် ဂျပန်ကုမ္ပဏီကြီးများ စတင်ဆောင်ရွက်

တိုကျို- မြန်မာနိုင်ငံတွင် အစိုးရသစ် တက်လာချိန်၌ ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုမြှင့်တင်တိုးချဲ့သွားရန် ဂျပန်ထိပ်တန်းကုမ္ပဏီကြီးများက စတင်လုပ်ဆောင်နေပြီဟု သိရှိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည်နှင့် သမ္မတသစ် ဦးထင် ကျော်တို့ ဦးဆောင်မည့် အစိုးရ သစ်သည် ယခုလကုန်ပိုင်းတွင် တရားဝင် အာဏာလွှဲပြောင်း ရ ယူမည်ဖြစ်ရာ ဂျပန်လုပ်ငန်းစုကြီး များက မြန်မာနိုင်ငံတွင် စီးပွား ရေး အခွင့်အလမ်းများ ပိုမိုပွင့် လင်းလာမည်ဟု ယုံကြည်နေကြ သည်။

Mitsui & Co. နှင့် Marubeni ကော်ပိုရေးရှင်းကြီးများသည် ပြည်တွင်း၌ စိုက်ပျိုးရေးလုပ်ငန်းခွင် သုံး ဓာတ်မြေဩဇာများ ထုတ်လုပ်မည့် စီမံကိန်းများ စတင်ခဲ့ ပြီး Mitsubishi၊ Itochu နှင့် Sumitomo ကော်ပိုရေးရှင်းကြီး များကလည်း ၎င်းတို့၏ မော်တော်ကား ထုတ်လုပ်မှုနှင့် ဆက်နွှယ် သည့် လုပ်ငန်းများကို အင်တိုက်အားတိုက် အရှိန်အဟုန်မြှင့်တင်လာသည်။

ဒီမိုကရေစီစနစ် ပိုမိုပီပြင် ခိုင်မာလာခြင်းက အရှေ့တောင် အာရှဒေသနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ကောင်းစွာ ပေးနိုင်မည်ဟုလည်း ဂျပန်ကုမ္ပ ဏီကြီးများက ယုံကြည်ယူဆ လျက်ရှိသည်။ ယခုလဆန်းက Mitsui သည် ပြည်တွင်းမှ စိုက် ပျိုးရေး လုပ်ငန်းဆိုင်ရာ ကုမ္ပဏီ ကြီး တစ်ခုနှင့် ပူးပေါင်းကာ Agri First Co. ဓာတ်မြေဩဇာ ထုတ်

လုပ်ရေးနှင့် အရောင်းဆိုင်များကို ဖွင့်လှစ်ခဲ့သည်။

Marubeni ကလည်း မြန်မာ နိုင်ငံရှိ လက်တွဲဖော်ကုမ္ပဏီတစ် ခုနှင့် ပူးပေါင်းကာ ၂၀၁၇ ခုနှစ်၊ ဧပြီလမှစ၍ ဓာတ်မြေဩဇာထုတ်လုပ်မှု လုပ်ငန်းများ စတင်သွား ရန် စီစဉ်လျက်ရှိသည်။

မော်တော်ယာဉ် ထုတ်လုပ် ရေးနှင့် ဆက်စပ်သော လုပ်ငန်း များတွင် ယမန်နှစ်မှ စတင်ကာ Sumitomo က Hino Motors Ltd.က ထုတ်လုပ်သည့် ထရပ် ကားများအတွက် ပြုပြင်မှုနှင့် ထိန်းသိမ်းမှုဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ အစပြုခဲ့သည်။

ထို့အတူ Itochu ကလည်း
Isuzu Motors Ltd. က ထုတ် လုပ်သည့် မော်တော်ကားများအ တွက် ပြုပြင်ထိန်းသိမ်းရေး လုပ် ငန်း တစ်ရပ်ကို ထူထောင်ခဲ့သည်။

Mitsubishi သည်လည်း ၎င်းတို့ ထုတ်လုပ်သည့် မော်တော် ယာဉ်များနှင့် ဆက်စပ်သည့် လုပ် ငန်း အများအပြားကို ချဲ့ထွင်လာ ပြီး Mitsubishi Motors Corp က ထုတ်လုပ်သည့်ကားများ တင် သွင်းခြင်းနှင့် ရောင်းချခြင်းတို့ကို ပိုမိုအရှိန်မြှင့် ဆောင်ရွက်လာ သည်။

မြန်မာနိုင်ငံ လူဦးရေ၏ ၆၀ ရာခိုင်နှုန်းမျှသည် စိုက်ပျိုးရေး လုပ်ငန်းနယ်ပယ်နှင့် ဆက်စပ်နေ ပြီး နှစ်စဉ် ဓာတ်မြေဩဇာတန်ချိန် တစ်သန်းမျှ အသုံးပြုနေကြသည်။ လက်ရှိတွင် မြန်မာနိုင်ငံ၏ ဓာတ် မြေဩဇာဈေးကွက်သည် ဗီယက် နမ်၊ ထိုင်းတို့နှင့် ယှဉ်ပါက ငါးပုံ တစ်ပုံမျှသာ ရှိသေးသော်လည်း လျင်လျင်မြန်မြန် တိုးတက်လာ မည်ဟု လေ့လာသူများက ခန့်မှန်း ထားသည်။

ထို့အပြင် တစ်ပတ်ရစ် မော် တော်ယာဉ် ရောင်းဝယ်မှု ဈေး ကွက်မှာလည်း ပြီးခဲ့သည့် လပိုင်း များအတွင်း ပိုမိုကြီးမားကျယ်ပြန့် လာကြောင်း သိရှိရသည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေ
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 02 Aug To 03 Aug

Emerald Bay Luxury Condo

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service