အာရှ၏ ပထမဆုံးသော Port City စီမံကိန်းအား သီရိလင်္ကာ ပြန်လည်စတင် - Property News in Myanmar from iMyanmarHouse.com
888 Views

အာရှ၏ ပထမဆုံးသော Port City စီမံကိန်းအား သီရိလင်္ကာ ပြန်လည်စတင်

သီရိလင်္ကာနိုင်ငံ မြို့တော်ကိုလံဘိုတွင် ၁ နှစ်ကြာ ရပ်နားထားခဲ့သော အမေရိကန်ဒေါ်လာဘီလျံများစွာတန် Port City စီမံကိန်း တည်ဆောက်မှုကို ပြန်လည် စတင်နိုင်ပြီဖြစ်ကြောင်း သီရိလင်္ကာအစိုးရက တရုတ်ရင်းနှီးမြှုပ်နှံသူများကို မတ် ၁၅ ရက်တွင် တရားဝင်အကြောင်းကြားခဲ့သည်။

CHEC Port City Colombo (Pvt) Ltd, ကုမ္ပဏီသည် Port City စီမံကိန်း တည်ဆောက်မှုကို ချက်ချင်းပြန်လည်စတင်နိုင်ပြီဖြစ်သည်ဟု ဆိပ်ကမ်းနှင့်သင်္ဘောရေကြောင်းစု ၀န်ကြီးဌာနက ယင်းကုမ္ပဏီသို့ ပေးပို့သော တရားဝင်စာတွင် ဖော်ပြခဲ့သည်။

ယင်းစီမံကိန်း ချက်ချင်းပြန်လည်စတင်ရန်အတွက် ၂၀၁၆ ခုနှစ် မတ် ၉ ရက်တွင် ကျင်းပခဲ့သော အစည်းအဝေးတစ်ခု၌ အစိုးရအဖွဲ့က ခွင့်ပြုလိုက်ကြောင်းလည်း ယင်စာတွင် ဖော်ပြခဲ့သည်။

တောင်အာရှ၏ ပထမဆုံးသော ဆိပ်ကမ်းမြို့ စီမံကိန်းဖြစ်သော အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလျံတန် ယင်းစီမံကိန်းကို ကိုလံဘိုဆိပ်ကမ်းအနီး၊ သမုဒ္ဒရာကမ်းစပ် ၅ ဧကကျယ်သော မြို့ပြဥယျာဉ် Galle Face Green နှင့်ကပ်လျက်ဧရိယာ၌ ယခင်သီရိလင်္ကာအစိုးရဟောင်းလက်ထက် ၂၀၁၄ ခုနှစ်
စက်တင်ဘာတွင် စတင်တည်ဆောက်ခဲ့သည်။

သို့ရာတွင် ဆောက်လုပ်မှုစတင်ပြီး ၆ လအကြာ သမ္မတ မိုင်သရီပါလာ သီရိသေနာ အစိုးရသစ်လက်ထက် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် မတ်တွင် ၎င်းအား ရပ်ဆိုင်းခဲ့သည်။

တည်ဆောက်ပြီးစီးပါက Port City သည် ပြည်တွင်းစီးပွားရေးကို ဒေါ်လာသန်းပေါင်းများစွာ တိုးမြှင့်ပေးနိုင်ပြီး အလုပ်အကိုင်ပေါင်း ၈၀,၀၀၀ ကျော် ဖန်တီးပေးနိုင်မည်ဟု ခန့်မှန်းထားကြသည်။

ယင်းစီမံကိန်းတွင် ကုန်သွယ်ရေးထက် ဖျော်ဖြေရေး အပျော်အသုံးပြုသော ဆိပ်ကမ်းငယ်၊ ရွက်လှေကလပ်၊ ပင်လယ်ရှုခင်းကောင်းသော တိုက်ခန်းတွဲ၊ ဈေးဝယ်စင်တာ၊ ဖျော်ဖြေးရေးစင်တာ၊ ကြယ်ငါးပွင့်အဆင့် ဟိုတယ်နှင့် ရုံးခန်းများ ပါဝင်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
အာရှ၏ ပထမဆုံးသော Port City စီမံကိန်းအား သီရိလင်္ကာ ပြန်လည်စတင် - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန

Upcoming Property Events

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service