အဲလစ်ဇဘက်တေလာနေထိုင်ခဲ့သောဧက ၄၀၀ ကျယ်သောခြံဝန်း ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
1127 Views

အဲလစ်ဇဘက်တေလာနေထိုင်ခဲ့သောဧက ၄၀၀ ကျယ်သောခြံဝန်း ရောင်းချမည်

ကမ္ဘာကျော် သရုပ်ဆောင်တစ်ဦးဖြစ်သော အဲလစ်ဇဘက်တေလာ နေထိုင်ခဲ့သောနေအိမ်
နိုင်ငံတကာအရောင်းဈေးကွက်သို့ ၀င်လာသည်။

အဲလစ်ဇဘက်တေလာသည် အမေရိကန်မိဘနှစ်ပါးမှ အင်္ဂလန်နိုင်ငံတွင် ဖွားမြင်သည်။
၁၉၆၀ တွင် ရိုက်ကူးထုတ်လုပ်ခဲ့သည့် Butterfield ဇာတ်ကားတွင်အကောင်းဆုံးသရုပ်ဆောင်အဖြစ် အော်စကာဆုရရှိခဲ့သည်။၁၉၆၃ ခုနှစ်တွင် ကလီယိုပက်ထရာဇာတ်ကားရိုက်ကူးရာသရုပ်ဆောင်ကြေးကန်ဒေါ်လာ ၁ သန်းရရှိခဲ့သည်။

ထိုအချိန်ကအမြင့်မားဆုံးသရုပ်ဆောင်ကြေးဖြစ်ခဲ့ပြီးယင်းဇာတ်ကားမှာလည်းထိုခေတ်ကကုန်ကျစရိတ်အများဆုံးဇာတ်ကား ဖြစ်ခဲ့သည်။အဆိုပါဇာတ်ကားတွင် တွဲဖက်သရုပ်ဆောင်ခဲ့သူရစ်ချတ်ဘာတန်နှင့် ၁၉၆၄ ခုနှစ်တွင် လက်ထပ်ခဲ့သည်။

ထို့နောက်ပိုင်းဇာတ်ကားပေါင်း ၁၁ ကားတွဲဖက်သရုပ်ဆောင်ခဲ့သည်။
၁၉၆၆ ခုနှစ်တွင် ရိုက်ကူးထုတ်လုပ်ခဲ့သည့် Who's Afraid of Virginia Woolf?ဇာတ်ကားတွင် အကောင်းဆုံးသရုပ်ဆောင်အဖြစ် အော်စကာဆုထပ်မံရရှိခဲ့သည်။

အဆိုပါ ဇာတ်ကားသည် အော်စကားဆု ၁၃ ဆုလျာထားခံခဲ့ရပြီး ၅ ဆုရရှိခဲ့သည်။
ယင်းဇာတ်ကားကိုအမေရိကန်အောက်လွှတ်တော်စာကြည့်တိုက်တွင် မှတ်တမ်းတင်ထိန်းသိမ်းထားသည်။
အဲလစ်ဇဘက်တေလာသည် အမျိုးသား ၇ ဦးနှင့် ၈ ကြိမ်လက်ထပ်ခဲ့ပြီးအသက် ၇၉ နှစ်အရွယ် ၂၀၁၁ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။ယခုရောင်းချမည့်နေအိမ်သည် အဲလစ်ဇဘက်တေလာနှင့်ခင်ပွန်းဖြစ်သူအထက်လွှတ်တော်အမတ်ဂျွန်ဝါနာတို့ နေထိုင်ခဲ့သောနေအိမ် ဖြစ်ပြီးဗာဂျီးနီးယားပြည်နယ်၊ ဖောကွိုင်ယာခရိုင်၊ မာရှယ်အရပ်တွင်တည်ရှိသည်။

အဲလစ်ဇဘက်တေလာနှင့် ဂျွန်ဝါနာတို့သည် အဆိုပါနေအိမ်တွင် လက်ထပ်ခဲ့ကြခြင်း ဖြစ်သည်။
အိမ်တွင်းရေကူးကန်၊ စပါးကျီနှင့် တင်းနစ်ကွင်းတို့ ပါဝင်သည်။
နေအိမ်အကျယ်အ၀န်း- ၇၀၀၀ စတုရန်းပေ
အိပ်ခန်း- ၄ ခန်း
ရေချိုးခန်း- ၄ ခန်း
ခြံဝန်းအကျယ်- ဧက ၄၀၀
ခေါ်ဈေး- ကန်ဒေါ်လာ ၈ ဒသမ ၇ သန်း

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
အဲလစ်ဇဘက်တေလာနေထိုင်ခဲ့သောဧက ၄၀၀ ကျယ်သောခြံဝန်း ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
အဲလစ်ဇဘက်တေလာနေထိုင်ခဲ့သောဧက ၄၀၀ ကျယ်သောခြံဝန်း ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
အဲလစ်ဇဘက်တေလာနေထိုင်ခဲ့သောဧက ၄၀၀ ကျယ်သောခြံဝန်း ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
အဲလစ်ဇဘက်တေလာနေထိုင်ခဲ့သောဧက ၄၀၀ ကျယ်သောခြံဝန်း ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ

MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်

အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး

Upcoming Property Events

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

From 09 Aug To 10 Aug

Mingalar Market

YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service