ရွှေကြာပင် အစားပေးမြေကွက်တွေ ဈေးနှစ်ဆခန့် မြင့်တက် - Property News in Myanmar from iMyanmarHouse.com
2113 Views

ရွှေကြာပင် အစားပေးမြေကွက်တွေ ဈေးနှစ်ဆခန့် မြင့်တက်

နေပြည်တော် ရွှေကြာပင်ရပ်ကွက်မှာ အစားပြန်ပေးထားတဲ့မြေကွက် ၃၀၀ ကျော် နှစ်လအတွင်းမှာ ဈေးနှုန်းနှစ်ဆနီးပါး မြင့်တက်ခဲ့တယ်လို့ လုပ်ငန်းရှင်များထံက သိရပါတယ်။

နေပြည်တော် စပြီးတည်ဆောက်စဉ်က သိမ်းဆည်းမြေတွေအတွက် အစားထိုးချပေးတဲ့ တောင်သူတွေဆီက မြေကွက်တွေအရောင်းအဝယ်ဖြစ်နေတာပါ။ မှုလတောင်သူက မြေဧကဝက်ကနေ ငါးဧကပိုင်ဆိုင်သူကို ပေ၄၀ x ပေ ၆၀ တစ်ကွက် ၊ ငါးဧက အထက်ပိုင်ဆိုင်တဲ့သူတွေကို သုံးကွက်အချိုးကျနဲ့ ပြန်လည်ပေးဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ပေးပေးချင်းမှာတော့ လမ်းပိုင်းဆိုင်ရာဖောက်လုပ်မှုမရှိတာရယ် ၊ ဓါတ်မီးတိုင်တွေ မဆောက်ရသေးတာကြောင့် ဝယ်ယူသူစိတ်ဝင်စားမှုနည်းနေပြီး နှစ်လအတွင်းမှာ လမ်းပိုင်းဆိုင်ရာနဲ့ မီးအစုံအလင် ရရှိလာပြီဖြစ်တာကြောင့် ဈေးနှုန်း နှစ်ဆမြင့်တက်ခဲ့တာ ဖြစ်ပါတယ်။

ပေ ၄၀ x ပေ ၆၀ တစ်ကွက်ကို ကျပ်သိန်း ၁၅၀ မှ ကျပ်သိန်း ၁၆၀ နဲ့စပြီးပေါက်တဲ့ဈေးနှုန်းမှာ နှစ်လအတွင်း အဲသည်အကွက်တွေဟာ ကျပ်သိန်း ၂၈၀ မှ သိန်း ၃၀၀ အထိ မြင့်တက်လာတယ်လို့လည်း သိရပါတယ်။

‘အခုဆို လမ်းကြားတွေအထိ လမ်းတွေဖောက်လုပ်ပြီးစီးနေပြီ ၊ အဲဒီတော့ ဝယ်တဲ့သူတွေကလဲ စိတ်ဝင်စားလာတော့ ပြုံပြီးဝယ်လာတယ် ၊ အဲဒီတော့ ဝယ်တဲ့သူတွေကလဲ စိတ်ဝင်စားလာတော့ ပြုံပြီးဝယ်လာတယ် ၊ အဲဒီတော့ ဈေးတွေက နှစ်ဆနီးပါးမြင့်တက်လာတာပေါ့’လို့ ဇေယျာအိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ဦးနန္ဒကျော်က ပြောပါတယ် ။

နေပြည်တော်စည်ပင်က ပြန်လည်ပေးဆောင်ခဲ့တဲ့ အကွက်အရေအတွက်မှာ ၃၃၂ ကွက်ဖြစ်ပြီး တောင်သူအများစုက လက်ရှိပေါက်ဈေးနဲ့ ပြန်ရောင်းတဲ့နေရာမှာ ပွဲစားလက်ထဲက ပြန်လည်ရောင်းချတာမဟုတ်ဘဲ တောင်သူတွေကိုယ်တိုင်က ပြန်လည်ရောင်းချနေကြတာဖြစ်တယ်လို့လည်း သိရပါတယ်။

ရွှေကြာကင်ရပ်ကွက်ဟာ တောင်သူတွေလယ်ယာလုပ်စားနေဆဲဖြစ်ပြီးကျေးရွာအတွင်းမှာ ကျွဲ ၊ နွား တိရစ္ဆာန်မွေးမြူမှုများကို ပြုလုပ်နေဆဲဖြစ်ပြီး ရွှေကြာပင်အနီးမှာ ကွက်သစ်တွေရိုက်ပြီး ဗီအိုင်ပီအကွက်တွေ ချပေးထားတာဖြစ်ပါတယ်။ ယခုတောင်သူတွေကိုပေးထားတဲ့ အကွက်တွေမှာ သီးသန့်အကွက်ပုံစံမျိုးဖြစ်ပြီး သပြေကုန်းနဲ့နီးနေတာကြောင့် ဝယ်သူတွေက စိတ်ဝင်စားမှုများလာတယ်လို့လည်း အိမ်ခြံမြေလုပ်ငန်းရှင်တွေက သုံးသပ်ပြောကြားပါတယ်။

မူလသိမ်းဆည်းခဲ့တဲ့ မြေကွက်နေရာမှာပဲ ကွက်သစ်ရိုက်ပြီး ၂၀၁၅ နှစ်ကုန်ပိုင်းကစပြီး နေပြည်တော်စည်ပင်သာယာကပြန်လည်ချထားပေးခဲ့တာ ဖြစ်ပါတယ်။

Credit: The Modern

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service