ရန်ကုန်နှင့် ကြည့်မြင်တိုင် တစ်ဖက်ကမ်းကို ဆက်သွယ်ပေးမည့် တံတားစီမံကိန်း မတ်လ ၁၅ ရက်တွင် ပန္နက်တင်မည် - Property News in Myanmar from iMyanmarHouse.com
1187 Views

ရန်ကုန်နှင့် ကြည့်မြင်တိုင် တစ်ဖက်ကမ်းကို ဆက်သွယ်ပေးမည့် တံတားစီမံကိန်း မတ်လ ၁၅ ရက်တွင် ပန္နက်တင်မည်

ရန်ကုန်မြို့သစ်စီမံကိန်း ၏ ပထမဆုံး အကောင်အထည် ဖော်မှုအဖြစ် ရန်ကုန်နှင့် ကြည့် မြင်တိုင် တစ်ဖက်ကမ်းကို ဆက် သွယ်ပေးမည့် တံတားတစ်စင်းကို ယခုလ တတိယပတ်တွင် စတင် တည်ဆောက်ရန် ပန္နက်တင်အ ခမ်းအနား ကျင်းပမည်ဖြစ် ကြောင်း သတင်းရရှိသည်။

ကြည့်မြင်တိုင်ဘက်ကမ်း ဖြစ်သည့် ဗားကရာနှင့် အလတ် ချောင်းကျေးရွာတို့ကို ဆက်သွယ် မည့် လှိုင်မြစ်ကူးတံတား တည် ဆောက်ရန် မတ်လ ၁၅ ရက်၌ ပန္နက်တင်ရန် စီစဉ်ထားကြောင်း ရန်ကုန်အနောက်တောင်ဒေသဖွံ့ ဖြိုးတိုးတက်ရေးကော်မတီ အ တွင်းရေးမှူး ဦးခင်မောင်သန့်က ပြောကြားသည်။

‘‘တစ်ဖက်ကမ်းမှာ မြို့သစ် တည်မှာဖြစ်တဲ့အတွက် ဒီတံတား ကို အရင်စဆောက်တာ။ ဆက် သွယ်ရေးလမ်းကြောင်းကို စဖွင့် လိုက်တဲ့ သဘောပဲ’’ဟု ဦးခင် မောင်သန့်ကပြောကြားသည်။

လှိုင်မြစ်ပေါ်တွင် ဖြတ်သန်း တည်ဆောက်မည့် အဆိုပါ တံ တားကို ရန်ကုန်မြို့သစ်စီမံကိန်း တည်ဆောက်ခွင့်ရသည့် ကုမ္ပဏီ သုံးခုက အကုန်အကျခံ တည် ဆောက်မည်ဖြစ်သော်လည်း ကုမ္ပဏီသုံးခုစလုံးက အဆိုပါတံ တားနှင့်ပတ်သက်၍ သတင်း ထုတ်ပြန်ခြင်းမရှိပေ။

တံတားတည်ဆောက်ရေး လုပ်ငန်းခွင်နှင့် မလွတ်ကင်းသည့် နယ်မြေများမှ နေအိမ်များကို လျော်ကြေးအဖြစ် မြို့သစ်စီမံ ကိန်းမှအိမ်ခန်းများတွင်ပြန်လည် နေရာပေးခြင်း၊ မြေနေရာများပေး ခြင်းတို့ ဆောင်ရွက်ပေးမည်ဖြစ် ကြောင်း သိရသည်။

ကိုရီးယားနိုင်ငံ၏ အကူအ ညီဖြင့် ရန်ကုန်တစ်ဖက်ကမ်းဒလ မြို့သို့ သွယ်တန်းမည့် တံတားမှာ စတင်တည်ဆောက်နေပြီဖြစ် သည်။ ယခုတည်ဆောက်မည့် ဗားကရာ-အလတ်ချောင်းတံတားမှာ စီမံကိန်း တည်ဆောက်ချိန် တစ် နှစ်ခွဲမှ ၂ နှစ်အထိ အချိန်ယူတည် ဆောက်မည်ဖြစ်ကြောင်း သိရ သည်။

ရန်ကုန်မြို့သစ်စီမံကိန်း တွင် လုပ်ကိုင်ခွင့်ရသည့် ကုမ္ပဏီ သုံးခုက ရန်ကုန်နှင့် လမ်းပန်း ဆက်သွယ်ရေး မြန်ဆန်စေရန် တံတားငါးစင်းနှင့် လူနေတိုက်ခန်း သုံးသောင်းကျော် ပါဝင်မည်ဖြစ် ပြီး စီမံကိန်းရုပ်လုံးပေါ်ရန် ဆယ် နှစ်ခန့် အချိန်ယူတည်ဆောက်ရ မည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ခန့်မှန်းထားသည်။

၂၀၁၄ က ရန်ကုန်မြို့တော် ၀န်ကိုယ်တိုင် တင်ပြခဲ့သည့် ရန် ကုန်မြို့သစ်စီမံကိန်းသည်ပွင့်လင်းမြင်သာမှုမရှိဘဲ ဝေဖန်မှုများ ကြောင့် ရပ်ဆိုင်းခဲ့ရသေးသည်။


Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေ
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 02 Aug To 03 Aug

Emerald Bay Luxury Condo

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service