ဘဏ်ချေးငွေ ရယူလိုပါသလား - Property Knowledge in Myanmar from iMyanmarHouse.com
12478 Views

ဘဏ်ချေးငွေ ရယူလိုပါသလား

Knowledge | Posted by Si Thu Aung

ငွေရေးကြေးရေးကဏ္ဍသည် နိုင်ငံတစ်ခု၏ဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးပါသော ကဏ္ဍ တစ်ရပ် ဖြစ်ပါ သည်။ ငွေရေးကြေးရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှ တိုင်းပြည်သည်လည်း ဖွံ့ဖြိုးတိုးတက်မှုကို မှန်မှန်ကန် ကန်နှင့် မြန်မြန်ဆန်ဆန်ရရှိမည် ဖြစ်ပါသည်။ ငွေရေးကြေး ရေး ကဏ္ဍ တွင်လည်းဘဏ်များ၏ ပူးပေါင်းပါဝင်မှုသည် အဓိက ကျပါသည်။ ယင်းအတွက် ဘဏ်များမှ ဘဏ်ဝန်ဆောင်မှု များစွာကို ပြည်တွင်း လုပ်ငန်းများ အတွက် ဆောင်ရွက်ပေးလျက် ရှိပါသည်။၎င်းဝန်ဆောင် မှုများအနက်မှ ဘဏ်ချေးငွေဝန်ဆောင်မှုသည် စီးပွားရေးလုပ်ငန်းရှင်များ၏ စီးပွားရေးလုပ်ငန်းများ လည်ပတ်ရာတွင် အရှိန်တိုးမြှင့်ဆောင်ရွက်နိုင်စေ ရန် သော်လည်းကောင်း၊ လုပ်ငန်းများတိုးချဲ့ဆောင် ရွက်နိုင်စေရန် သော်လည်းကောင်း၊ ချေးငွေထုတ်ချေးခြင်းဖြင့် ငွေကြေးထောက်ပံ့ခြင်း ဆောင်ရွက်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သဖြင့် အရေးပါသော ၀န်ဆောင်မှုတစ်ရပ် ဖြစ်ပါသည်။

ပုဂ္ဂလိက ဘဏ်အများစု သည် မြန်မာနိုင်ငံအတွင်းရှိ စီးပွားရေးလုပ်ငန်းမျိုးစုံအား ချေးငွေများ ထုတ်ချေးလျက် ရှိပါသည်။ ချေးငွေရယူနိုင်သော လုပ်ငန်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
စက်မှုလက်မှုလုပ်ငန်း
သယ်ယူပို့ဆောင်ရေးလုပ်ငန်း
ဝန်ဆောင်မှုလုပ်ငန်း
ကုန်သွယ်မှုလုပ်ငန်း
ဆောက်လုပ်ရေးလုပ်ငန်း
ဓါတ်သတ္တုရှာဖွေရေးလုပ်ငန်း
စိုက်ပျိုးမွေးမြူရေးလုပ်ငန်း
အထွေထွေ
ချေးငွေလျှောက်ထားရာတွင်ချေးငွေလျှောက်ထားသူများမှဘဏ်သို့တင်ပြရန်လိုအပ်ချက်များ
(က)ပုဂ္ဂိုလ်အမည်ဖြင့်ဖွင့်လှစ်တည်ထောင်ထားသော စီးပွားရေးလုပ်ငန်းဖြစ်လျှင် -
(၁)သက်တမ်းရှိလုပ်ငန်းလိုင်စင်များ ( လုပ်ငန်းအမျိုးအစားပေါ်မူတည်၍ သက်ဆိုင်ရာဌာနမှ ထုတ်ပေးသည့်လိုင်စင်၊ စက်မှုလုပ်ငန်းဖြစ်ပါက ပုဂ္ဂလိကစက်မှုလုပ်ငန်း မှတ်ပုံတင် လက်မှတ်တင်ပြရမည် )
(၂)ဘဏ္ဍာရေးရှင်းတမ်းများ၊ ( အနီးစပ်ဆုံးဘဏ္ဍာရေးနှစ် အပါအ၀င် (၃)နှစ်စာတင်ပြရပါမည်။ ) ကျပ်သိန်း၁၀၀နှင့်အထက် ချေးငွေလျှောက်ထားလျှင် CPA မှတံဆိပ်တုံးရိုက်နှိပ် လက်မှတ်ရေး ထိုးအ တည်ပြုပေး ရပါမည်။
(၃)အခွန်ပြေစာများ ( အနီးစပ်ဆုံး ဘဏ္ဍာရေးနှစ်အပါအ၀င် (၃)နှစ်စာတင်ပြရပါမည် )
(၄)လုပ်ငန်းဓါတ်ပုံများ ( လုပ်ငန်းလည်ပတ်လုပ်ကိုင်နေပုံများ၊ ကုန်တင်ကုန်ချထုပ်ပိုးနေပုံများ၊ ကုန်ချောဓါတ်ပုံများ ) (၁)ကွက်လျှင် (၂) ပုံစီဖြင့် အနည်းဆုံး(၆)ကွက်အတွက် (၁၂) ပုံတင်ပြရပါမည်။ လုပ်ငန်းပေါ်မူတည်၍ဓါတ်ပုံများတင်ပြရပါမည်။
(ခ)ကုမ္ပဏီအမည်ဖြင့်ဖွင့်လှစ်တည်ထောင်ထားသော စီးပွားရေးလုပ်ငန်းဖြစ်လျှင် -
(၁)ကုမ္ပဏီမှတ်ပုံတင်နှင့်ထုတ်ကုန်သွင်းကုန်လိုင်စင် ( ထ.သ.က) သက်တမ်းရှိရမည်။
(၂)သင်းဖွဲ့စည်းမျဉ်း၊ မှတ်တမ်း၊ Form-6 ၊ Form-26 ၊ Form-E ၊
(၃) ဒါရိုက်တာအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်
(၄)Updated Audited Balance Sheet (Paid-up Capital ပမာဏသည် FormEတွင် ဖော်ပြထားသည့် Paid-upCapitalနှင့်တူညီရပါမည် )
(ဂ)အာမခံပစ္စည်းနှင့်ပတ်သက်၍ -
(၁)မြေပိုင်ဆိုင်မှုနှင့်ပတ်သက်သောဂရန်၊ မှတ်ပုံတင်စာချုပ်၊ ဆက်စပ်စာချုပ်များ၊
(၂)မြေပုံ၊ မြေရာဇ၀င်၊ မြေစာရင်းပုံစံ ၁၀၅နှင့်၁၀၆၊ ( ဘဏ်ငွေချေးရန်အကြောင်းပြချက်ဖြင့် (၆) လအတွင်းထုတ်ယူထားခြင်းဖြစ်ရပါမည် )
(၃)အိမ်အဆောက်အဦဓါတ်ပုံများ ( အရှေ့၊အနောက်၊ဘေး၊၀ဲ၊ယာ၊အတွင်းပုံ၊ အထပ်လိုက်ပုံများ ) (၁)ကွက်လျှင် (၃)ပုံစီရိုက်ပေးရပါမည်။
(၄)အဆောက်အဦမှာအသစ်ဆောက်လုပ်ပြီးဖြစ်ပါက အဆောက်အဦဆောက်လုပ်ပြီးစီးကြောင်း သက်သေခံလက်မှတ် ( B.C.C ) တင်ပြရပါမည်။
(ဃ)လျှောက်ထားသူများနှင့်ပတ်သက်၍ -
(၁)မှတ်ပုံတင်မိတ္တူများ၊
(၂)အိမ်ထောင်စုစာရင်းမိတ္တူများ၊
(၃)ရ.ယ.ကမှ ၄င်းရပ်ကွက်နေအိမ်တွင်နေထိုင်ကြောင်းထောက်ခံချက် (အာမခံတင်သောနေအိမ်တွင်နေထိုင်ပါကနေထိုင် ပိုင်ဆိုင်ကြောင်း ရ.ယ.ကထောက်ခံချက် )

ချေးငွေအမျိုးအစား၊အတိုးနှုန်းနှင့်ဝန်ဆောင်ခများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
(က)ကူးသန်းရောင်းဝယ်ရေးချေးငွေ ( Commercial Loans)
ချေးငွေ( Loans ) ၊စာရင်းပိုထုတ်ချေးငွေ ( Overdraft ) ဖြင့်ခွင့်ပြုပါသည်။
Loans အတိုးနှုန်း( ၁၁.၅%)၊ Overdraft အတိုးနှုန်း ( ၁၂% )၊ ၀န်ဆောင်ခ ( ၁%)
(ခ)စက်မှုဇုန်ဝင်ချေးငွေနှင့်စီမံကိန်းဝင်စိုက်ပျိုးရေးချေးငွေထုတ်ချေးခြင်း
ချေးငွေ( Loans ) စနစ်ဖြင့်ခွင့်ပြုပါသည်။
အတိုးနှုန်း ( ၁၁.၅%)၊ ၀န်ဆောင်ခ ( ၁%)
(ဂ)ဘဏ်အပ်ငွေစာရင်းလက်ကျန်ကိုအပေါင်ပြုချေးငွေထုတ်ချေးခြင်း
ချေးငွေ( Loans ) စနစ်ဖြင့်ခွင့်ပြုပါသည်။
အတိုးနှုန်း ( ၁၁.၅%)၊ ၀န်ဆောင်ခ ( ၁%)
(ဃ)အစိုးရငွေတိုက်စာချုပ်( Treasury Bond ) ကိုအပေါင်ပြု၍ငွေထုတ်ချေးခြင်း
ချေးငွေ( Loans ) စနစ်ဖြင့်ခွင့်ပြုပါသည်။
အတိုးနှုန်း ( ၁၁.၅%)၊ ၀န်ဆောင်ခ ( ၁%)
(င)ရွှေကိုအပေါင်ပြု၍ငွေချေးခြင်း
ချေးငွေ( Loans ) ၊စာရင်းပိုထုတ်ချေးငွေ ( Overdraft ) ဖြင့်ခွင့်ပြုပါသည်။ Loans အတိုးနှုန်း( ၁၁.၅%)၊ Overdraft အတိုးနှုန်း ( ၁၂% )၊ ၀န်ဆောင်ခ ( ၁%) (တရားဝင်သတ်မှတ်ထားသော`ရွှေတုံး´ များကိုသာအပေါင်လုပ်ထုံး၊ လုပ်နည်းနှင့်အညီ လက်ခံပါသည်။ အနည်းဆုံးလက်ခံနိုင်မည့်ရွှေအလေးချိန် (၅)ကျပ်သားသတ်မှတ်ထားပါသည်။ )
(စ)ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်မှရောင်းချသော နိုင်ငံပိုင်ပစ္စည်းဝယ်ယူသူများသို့ချေးငွေထုတ်ချေးခြင်း
ချေးငွေ ( Loans ) စနစ်ဖြင့်ခွင့်ပြုပါသည်။ အတိုးနှုန်း ( ၁၁.၅%)၊ အခြားဝန်ဆောင်ခများမကောက်ခံရပါ။ သို့သော် သတ်မှတ်ရက် ပေးသွင်းရန်ပျက်ကွက်ပါက ပြစ်ဒဏ်ကြေး Default Fees ၁%ကောက်ခံရပါမည်။
(ဆ) Assignment ofDebt
အစိုးရနှင့်အစိုးရကဲ့သို့ခိုင်မာသောအဖွဲ့အစည်းများထံမှ ဘဏ်နှင့်ဆက်သွယ်သူ Customer က အမှန်ရရန်ကြွေးမြီဖြစ်ကြောင်း သံသယဖြစ်ဖွယ်စိုးစဉ်းမျှမတွေ့ရှိဘဲ မှန်ကန်ပါက ငွေချေးနိုင်ပါသည်။

ဆောင်ရွက်မည့်လုပ်ငန်းစဉ်
(၁)ချေးငွေရယူလိုသူ ( Assignors) သည် ၄င်းကမြီစားဌာနသို့ ပစ္စည်းပေးသွင်းရခြင်း Purchase Order ( သို့မဟုတ် ) လုပ်ငန်းတစ်ခုခုဆောင်ရွက်ရခြင်းအတွက် ၄င်းနှင့် မြီစားဌာနတို့(၂)ဦးအကြား ချုပ်ဆိုထားသောသဘောတူစာချုပ်ရှိရပါမည်။ ဘဏ်သည် အဆိုပါစာချုပ်မိတ္တူကို တောင်းခံရယူလေ့လာရန်ဖြစ်ပြီး၊ အဆိုပါစာချုပ်၌ ချွင်းချက် တစ်စုံတစ်ရာမပါရှိမှသာ လက်ခံစဉ်းစားမည်ဖြစ်ပါသည်။
(၂)ချေးငွေရယူလိုသောသူသည် မြီးစားဌာနမှကြွေးမြီအတည်ပြုသည့်စာကို ရယူတင်ပြရမည်ဖြစ်ပြီး ၄င်းစာတွင်ပေးဆပ်ရမည့်ကာလကို ဖော်ပြထားမည်ဖြစ်ပါသည်။
(၃)ချေးငွေစာချုပ် Assignment ofDebt ကိုချုပ်ဆိုရန် လိုအပ်ပါမည်။ ၄င်းစာချုပ်ကို (၂) စောင်ပြုလုပ်ချုပ်ဆိုရမည်ဖြစ်ပြီး မိတ္တူအားငွေပေးချေရန် တာဝန်ရှိသည့်ဌာနမှ အရာရှိအကြီးအကဲထံသို့ ပေးပို့ရမည်ဖြစ်ပါသည်။
(၄)ငွေပေးချေရန်တာဝန်ရှိသည့်ဌာနမှ အရာရှိအကြီးအကဲကဘဏ်သို့
(က)ဤစာချုပ်မိတ္တူကိုရရှိကြောင်း၊
(ခ)ဖော်ပြထားသောကြွေးမြီမှန်ကန်ကြောင်း အတည်ပြုချက်၊
(ဂ)ယင်းကြွေးမြီအပေါ်ဆန့်ကျင်တောင်းခံရန်မရှိကြောင်း၊
(ဃ)ငွေပေးချေသောအခါ ပုဂ္ဂလိက ဘဏ်အများစု တွင် စာရင်း သို့ ချက်လက်မှတ် ( Cross Cheque ) ဖြင့်တိုက်ရိုက်ပေးချေမည်ဖြစ်ကြောင်း ပြန်ကြားရန်၊
(၅)ချေးငွေစနစ် ( Loans System )ဖြင့်ထုတ်ချေးရန်
ချေးငွေသက်တမ်း - ၁နှစ်( အများဆုံး )
အတိုးနှုန်း - ၁၁.၅%
ဝန်ဆောင်ခ - ၁%

ချေးငွေစီစစ်၊ဆုံးဖြတ်၊ ခွင့်ပြုခြင်း
ရာဖြတ်များမှ ပုံမှန်တန်ဖိုး၏ ( ၈၀%) ခန့်ကို အတင်းအကြပ်ရောင်းဈေး Force Sale Value အဖြစ်ဖြတ်လေ့ရှိပါသည်။ ဘဏ်များက၄င်းForce Sale Value ၏ ၅၀%ခန့်ကိုသာ ထုတ်ချေးလေ့ရှိပါသည်။ အခြားအချက်အလက်များဖြစ်သော လုပ်ငန်းကောင်းမွန်မှု၊ နာမည်သတင်းကောင်းမွန်မှု၊ အခြားဘဏ်များတွင်ချေးငွေပြဿနာမရှိခဲ့မှု၊ အတိုးမှန်မှန်ပေးခဲ့မှု စတာတွေပေါ်အခြေခံပြီး စဉ်းစား၊ သုံးသပ်၊ဆုံးဖြတ်လေ့ရှိကြပါသည်။

ပုဂ္ဂလိက ဘဏ်အများစု တွင် ချေးငွေနှင့်ပတ်သက်ပြီး ချေးငွေကော်မတီဖွဲ့စည်းထားပါသည်။ ၄င်းကော်မတီသည် ချေးငွေအစည်းအဝေးကို ( ၁ ) ပတ်( ၁ ) ကြိမ်လုပ်ပါသည်။ စာရွက်စာတမ်းပြည့်စုံသော ချေးငွေလျှာက်ထားသူများအနေဖြင့် ( ၁၀) ရက်အတွင်း ချေးငွေရနိုင်ပါသည်။
ချေးငွေလျှောက်ထားလိုသူအနေဖြင့်မိမိနေထိုင်ရာနှင့်အနီးဆုံးအေဂျီဒီဘဏ်ခွဲသို့သွားရောက်ပြီး ချေးငွေဆိုင်ရာလိုအပ်ချက်များကိုမေးမြန်းနိုင်ပါသည်။ ဘဏ်ခွဲတိုင်းတွင်ချေးငွေဌာနခွဲများရှိပါသည်။

ပုဂ္ဂလိက ဘဏ်အများစု တွင် ချေးငွေလျှောက်ထားလိုသော လုပ်ငန်းရှင် မည်သူမဆိုနီးစပ်ရာ ဘဏ်ခွဲတွင် သွားရောက် လျှောက်ထားနိုင်ပါသည်။ ဘဏ်မှမည်သူ့ကိုမျှကိုယ်စားလှယ်အဖြစ် ပေးမထားသလို၊ ချေးငွေကော်မတီတွင်အစည်းအဝေးထိုင်ပြီး ရုံးချုပ်မှဆုံးဖြတ်ခြင်းဖြစ်သဖြင့် မည်သူမျှကြားပွဲစားလည်း လုပ်လို့မရပါ ယင်းအတွက်မည်သည့် အကျိုးဆောင်ခမျှ ပေးရန်မလိုအပ်ပါ။ ( ဘဏ်မှ ချေးငွေရရန်အတွက် ဆောင်ရွက်ပေးမည်၊အကျိုးဆောင်ခပေးပါ ဟုဆိုလာလျှင် ၄င်းငွေတောင်းသူ၏ အမည်၊ လိပ်စာနှင့်တကွသက်ဆိုင်ရာသို့အကြောင်းကြားတိုင်ကြားနိုင်ပါကြောင်း အသိပေးအပ်ပါသည်။ )

အခြားသိသင့်သည့်အချက်အလက်များ
(၁)မိတ္တူသာလိုအပ်သောစာရွက်စာတမ်းများ
(ဥပမာ- မှတ်ပုံတင်မိတ္တူများ၊ အိမ်ထောင်စုစာရင်းမိတ္တူများ )
(၂)မူရင်းတင်ပြရန်လိုအပ်သောစာရွက်စာတမ်းများ
(ဥပမာ- မြေပိုင်ဆိုင်မှုနှင့်ပတ်သက်သောဂရန်၊ မှတ်ပုံတင်စာချုပ် ) ကိုမူရင်းပါတစ်ပါတည်းတင်ပြပေးရန်ချေးငွေဌာနမှ တောင်းပါမည်။
(၃)စာရွက်စာတမ်းပြည့်စုံသော ချေးငွေလျှောက်ထားသူများအနေဖြင့် ( ၁၀) ရက်အတွင်းချေးငွေရနိုင်ပါသည်။
(၄)အမြတ်ခွန်ပြေစာပျောက်သွားမယ်ဆိုရင် အရင်ဆုံးအခွန်ဦးစီးဌာနကိုသွားပြီး ထောက်ခံချက်တောင်းခံရပါမည်။ ပြီးမှချေးငွေကိစ္စဆက်လက်ဆောင်ရွက်လို့ရပါမည်။
(၅)အိမ်ထောင်ရှိသူဆိုလျှင် ဇနီး၊ ခင်ပွန်းရဲ့သဘောတူညီချက်လိုပါသည်။ ယင်းအတွက် အိမ်ထောင်မရှိသူဆိုလျှင်အမှန်တကယ်အိမ်ထောင်မရှိကြောင်း ထောက်ခံချက်ရယူရန်ဖြစ်ပါသည်။

နေ၀င်းသိန်း အိမ်ခြံမြေ ပညာရှင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service