ယုဇနအိမ်ရာစီမံကိန်း တိုက်ခန်းများ ရောင်းချခြင်းနှင့် ငှားရမ်းခြင်းတို့ကို မတ်လကုန်မှ စတင်မည် - Property News in Myanmar from iMyanmarHouse.com
1521 Views

ယုဇနအိမ်ရာစီမံကိန်း တိုက်ခန်းများ ရောင်းချခြင်းနှင့် ငှားရမ်းခြင်းတို့ကို မတ်လကုန်မှ စတင်မည်

ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် ယုဇနဥယျာဉ်မြို့တော်အတွင်း မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနက
တည်ဆောက်နေသည့် ယုဇန စီမံကိန်း အိမ်ရာတိုက်ခန်းများကို မတ်လကုန်မှ စ၍ အများပြည်
သူထံ ရောင်းချပေး သွားမည်ဖြစ်ပြီး အချို့သောအခန်း များကို သက်သာသည့်နှုန်းထားဖြင့် ငှားရမ်း ပေးသွားမည်ဖြစ်သည်ဟု ဆောက်လုပ်ရေး ၀န်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး
ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က ပြောသည်။

"အဆောက်အအုံတွေက ပြီးသလောက်ရှိပေမယ့် ရေတွေ၊ လျှပ်စစ်မီးတွေတပ်ဖို့ကျန်သေးတယ်။ နောက်ထပ်တစ်လလောက်မှ ရောင်းနိုင်မယ်။ တချို့အခန်းတွေကို ရောင်း
ပေးမှာ ဖြစ်သလို တချို့အခန်းတွေကိုတော့ အငှားစနစ်နဲ့ လုပ်ပေးဖို့တော့ စီစဉ်ထားတယ်။
ဘယ်လောက်နဲ့ ရောင်းမယ်။ ဘယ်လို ပုံစံနဲ့ရောင်းမယ်ဆိုတာ အသေးစိတ်တော့ မတွက်ချက်
ရသေးပေမယ့် အကြမ်းဖျင်း ပြောလို့ရတာကတော့ သိန်းနှစ်ရာဝန်းကျင် လောက်တော့ ရှိလိမ့်
မယ်၊ ဆွေးနွေးညှိနှိုင်း နေဆဲကာလဖြစ်လို့ အသေးစိတ်တော့ ပြောဖို့ အချိန်နည်းနည်း စောသေး
တယ်" ဟု ၎င်းက ပြောသည်။

ယုဇနဥယျာဉ်မြို့တော်အိမ်ရာအတွင်း အဆိုပါအိမ်ရာကို အပိုင်း (၁) နှင့် အပိုင်း (၂) ခွဲကာ
ဆောက်လုပ်နေခြင်းဖြစ်ပြီး အပိုင်း (၁) အိမ်ရာစီမံကိန်းကို ၂၀၁၄ ခုနှစ်၊ ဩဂုတ်လတွင်
စတင်ဆောက်လုပ်ခြင်းဖြစ်ပြီး အပိုင်း (၂) စီမံကိန်းကိုမူ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလတွင်
စတင်ဆောက်လုပ်ခဲ့သည်။ အပိုင်း (၁) တိုက်ခန်းများမှာ ၂၂ ပေ (စတုရန်းပေ ၄၄၀) ပတ်လည်
အခန်းများဖြစ်ပြီး ရေချိုး ခန်းနှင့် အိမ်သာများပါ တစ်ပါတည်း ပါရှိ သည့် အခန်းများဖြစ်သည်။

ခြောက်ခန်း တွဲ လေးထပ်အဆောက်အအုံ ၁၂ လုံး၊ ရှစ် ခန်းတွဲ လေးထပ်အဆောက်အအုံ
၁၈ လုံး ပါဝင်မည်ဖြစ်ပြီး စုစုပေါင်း တိုက်အလုံးရေ ၃၀ မှ အခန်းပေါင်း ၈၆၄ ခန်းထွက်ရှိမည်
ဖြစ်သည်။

တည်ဆောက်ဆဲဖြစ်သည့် အပိုင်း (၂) တိုက်ခန်းများတွင် စတုရန်းပေ ၄၄၀ ကျယ်
ဝန်းသည့် ရေချိုးခန်း၊ အိမ်သာ တွဲလျက်ပါဝင် သည့် အခန်းများကို တည်ဆောက်နေဆဲ ဖြစ်ပြီး
ခြောက်ခန်းတွဲ လေးထပ် အဆောက် အအုံ ၁၂ လုံး ၊ ရှစ်ခန်းတွဲ လေးထပ် အဆောက် အအုံ
၂၈ လုံးပါဝင်ပြီး စုစုပေါင်း တိုက်အလုံး ရေ ၄၀ မှ အခန်းပေါင်း ၁,၁၅၂ ခန်း ထွက်ရှိ မည်ဖြစ်
သည်။

"အပိုင်း (၁) ဆောက်ဖို့ ကုမ္ပဏီ ၁၁ ခုနဲ့ အပိုင်း (၂) ကို ကုမ္ပဏီ ၁၇ ခု နဲ့ဆောက်နေတာ
ပါ။ တချို့ကုမ္ပဏီတွေက အပိုင်း (၁) မှာကော အပိုင်း (၂) မှာပါ အလုံးယူဆောက်တာတွေ လည်း
ရှိပါတယ်။ အားလုံးကို ဏဗန (ပစ္စည်း ဖိုးနှင့် လက်ခအပြီးအစီး) စနစ်နဲ့ ဆောက် လုပ်စေတာ
ဖြစ်ပါတယ်"ဟု မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ လက်ထောက်ညွှန် ကြားရေးမှူး ဒေါ်ခင်သိင်္ဂီက
ပြောသည်။ ရေ၊ လျှပ်စစ်မီး၊ မိလ္လာစနစ်အပါအ၀င် ဆေးသုတ်ပြီးအထိ ကုမ္ပဏီများမှ အပြီးအစီးတာဝန်ယူ ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး တစ်ပေပတ်လည်နှုန်းထားကို ကျပ် ၁၈,၀၀၀ နှုန်းဖြင့် တင်ဒါရယူ ဆောက်လုပ်နေခြင်း ဖြစ်ကြောင်း ယင်းအိမ်ရာစီမံကိန်းကို ဆောက်လုပ်နေသည့်
ကုမ္ပဏီများထံမှ သိရသည်။

"ဌာနဘက်ကလည်း မကြာခဏ အဖွဲ့ ပေါင်းစုံနဲ့ လာလာစစ်ပါတယ်။ ဆေးသုတ်တာက အစ အပြီးအစီးလုပ်ရပါတယ်။ဆောက်တာကတော့ နှစ်နှစ်လောက်ရှိပါပြီ"ဟု ရွှေရဲဆောက်လုပ်ရေး
တာဝန်ခံ ဦးအောင်ကိုက ပြောသည်။

ယုဇန ဥယျာဉ်မြို့တော်ဝင်းအတွင်းရှိ ပဲခူးမြစ်လမ်းနှင့် ယုဇနတိုက်ခန်းများအကြား မြေကွက်လပ်နှင့်
စစ်တောင်းအိမ်ရာ အနောက်ဘက် ရှိ မြေကွက်လပ်နှစ်ခုပေါ်တွင် အိမ်ရာစီမံကိန်းများကို
တည်ဆောက် နေခြင်းဖြစ်ပြီး မကြာမီ ယုဇန အိမ်ရာစီမံကိန်း အပိုင်း (၃) ကိုလည်း ဆက်လက်လုပ်
ဆောင်ရန် ပြင်ဆင်လျက်ရှိကြောင်း ၎င်းက ပြောသည်။

Credit: Myanmar Time

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ

Upcoming Property Events

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

From 09 Aug To 10 Aug

Mingalar Market

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service