မြို့​ရွှေရန်​ကုန်​ရဲ့ ကတ်​သီးကတ်​သတ်​ အငှါးဇာတ်​၀င်​ခန်းများ - Property News in Myanmar from iMyanmarHouse.com
4193 Views

မြို့​ရွှေရန်​ကုန်​ရဲ့ ကတ်​သီးကတ်​သတ်​ အငှါးဇာတ်​၀င်​ခန်းများ

အိမ်​ခြံ​မြေအငှါး အရမ်းလုပ်​ငန်းဆိုတာ အစပိုင်းတုန်းက​တော့ ​နေဖို့သက်​သက်​ငှါးရမ်းကြတာပဲ။ 
နောက်​ပိုင်းကျ​တော့ အ​ရောင်းအ၀ယ်​ လုပ်​ငန်း​ဆောင်​တာ​တွေ လုပ်​ကိုင်​လည်​ပတ်​နိုင်​ဖို့ ငှါးရမ်းလာကြတယ်​။
ဝယ်​လိုအားကို ​ရောင်းလိုအားက အမီမလိုက်​နိုင်​ရင်​ ပစ္စည်းတန်​ဖိုးမြင့်​တက်​တတ်​တဲ့ ​ဈေးကွက်​သ​ဘောသဘာဝအရ အငှါးလိုက်​လာတဲ့ အိမ်​ခြံ​မြေ​တွေ ​ဈေးနှုန်းမြင့်​တက်​လာတဲ့အခါ တစ်​အိမ်​လုံး၊ တစ်​ခြံလုံး၊ ​မြေတစ်​ကွက်​လုံး မငှါးနိုင်​ကြ​တော့ဘဲ အိမ်​၊ ခြံ၊ ​မြေ တို့ရဲ့ တစ်​စိတ်​တစ်​ပိုင်းသာ ငှါးရမ်းလုပ်​​ဆောင်​ရာက ခုဆို ​ကျောတစ်​ခင်းစာ​တောင်​မကျယ်​တဲ့ ​နေရာကျဉ်းကျဉ်း​လေးကို သိန်းဂဏန်းချီပြီး အငှါးဖြစ်​​နေကြတာ စီးပွား​ရေးမြို့​တော်​ဖြစ်​တဲ့ ရန်​ကုန်​​ရွှေမြို့​တော်​ကြီးမှာ မထူးဆန်းတဲ့အခင်းအကျင်း
တစ်​ရပ်​ ဖြစ်​​နေပါပြီ။

အဲဒီလို ကုန်​စည်​​တွေသို​လှောင်​ဖို့ ငှါးတဲ့စနစ်​ဟာ ပွဲရုံ​တွေက စတယ်​လို့ စာ​ဟောင်း​ပေ​ဟောင်း​တွေထဲမှာ ဖတ်​ဖူးပါတယ်​။ ​ဒေသထွက်​ကုန်​စည်​​တွေကို ပွဲစား​တွေက ​ဈေးဖြတ်​ပြီး ​တောင်​သူ​တွေက ပွဲရုံကိုပို့၊ ၀ယ်​သူက
ပွဲရုံကမှာနဲ့ ​ရောင်းသူနဲ့ဝယ်​သူကြား အကျိုး​ဆောင်​ခ ခံစားရသူကို ပွဲစားလို့​ခေါ်တယ်​ဆိုပြီး​တော့လည်း မှတ်​သားဖူးပါတယ်​။ ဒါ​ပေမဲ့ ကုန်​စည်​တစ်​နိုင်​တစ်​ပိုင်​​လောက်​ပဲ သို​လှောင်​ခယူပြီး အငှါးချတာကို​တော့
ပွဲရုံလို့ ဘယ်​​ခေါ်နိုင်​လိမ့်​မလဲ​နော်​။ ​ရောင်း​ရေးဝယ်​တာ အချက်​အချာကျတဲ့​နေရာမျိုးမှာ ကုန်​စည်​​တွေသိမ်းဆည်းဖို့ ​နေရာတစ်​ခု​ပေးပြီး ငှါးရမ်းခယူတာမျိုး ရန်​ကုန်​အိမ်​ခြံ​မြေသမိုင်းမှာ ပုံစံအမျိုးမျိုးနဲ့ ရှိခဲ့ဖူးပါတယ်​။

ကျွန်​​တော့်​ဦး​လေး​တွေ ခပ်​ငယ်​ငယ်​ ၁၉၇၃-၇၄ ​လောက်​တုန်းက မြန်​မာပြည်​မှာ ထိုင်းကုန်​စည်​​တွေ ​တော်​​တော်​​ခေတ်​စားခဲ့ပါသတဲ့။ ယိုးဒယားပစ္စည်းလို့ပဲ အားလုံးက ​ခေါ်ကြတာပါတဲ့။ အဲဒီ​ခေတ်​ ​မှောင်​ခို​ဈေးကွက်​ဆိုတာ ​တော်​​တော်​ကျယ်​ကျယ်​ပြန့်​ပြန့်​ရှိခဲ့ပြီး များ​သေအားဖြင့်​ ​မော်​လမြိုင်​၊ တာချီလိတ်​၊ ​ကော့​သောင်း၊ မြ၀တီ ဘက်​​တွေကိုသွား၊ အဲဒီက​နေ ယိုးဒယားပစ္စည်း​တွေ ရန်​ကုန်​၊ မန္တ​လေး ကို ပြန်​တင်​​ရောင်းချတဲ့​ဈေးကွက်​ ​တော်​​တော်​တွင်​ကျယ်​ခဲ့တယ်​လို့ လူကြီး​တွေ​ပြောကြပါတယ်​။ ယိုးဒယားဖိနပ်​၊ ယိုးဒယားစွပ်​ကျယ်​၊ ယိုးဒယားထီး၊ ယိုးဒယားအသုံးအ​ဆောင်​​တွေနဲ့အတူ ယိုးဒယားသကြားလုံးဆိုတာ​ကလည်း အလွန်​​ခေတ်​စားပါသတဲ့။ အဲဒီတုန်းက ရန်​ကုန်​မှာ အ​ကောင်းထားစားရတာ ရှာမီမုန့်​တိုက်​က ထုတ်​တဲ့ ရှာမီသကြားလုံးပါ။ တစ်​လုံးကို တစ်​မတ်​ (၂၅ ပြား) ​ပေးရတယ်​။ မုန့်​ဖိုး ၁၀ ပြား ​လောက်​ပဲ ရတဲ့ က​လေး​တွေ အမြဲဘယ်​၀ယ်​စားနိုင်​မလဲ။ ပြည်​တွင်းဖြစ်​ အ​သေးစားစား​သောက်​ကုန်​လုပ်​ငန်း​လေး​တွေက ထုတ်​လုပ်​တဲ့ သကြားလုံး ငါးပြားတန်​​လေး​တွေပဲ အာသာ​ပြေ စားကြတာ​ပေါ့။

ယိုးဒယားသကြားလုံးဆိုတာ မြန်​မာပြည်​ထဲဝင်​လာ​တော့ လူကြီး​တွေ​တောင်​ အထူးအဆန်းဖြစ်​ပြီး ၀ယ်​စားကြည့်​ကြ၊ သ​ဘော​တွေကျကြ ဖြစ်​ကုန်​တယ်​။ ပြည်​တွင်းဖြစ်​သကြားလုံးက သကြားခဲ ချိုရဲရဲပဲ။
ရောင်​စုံထုတ်​တယ်​ဆို​ပေမဲ့ အ​ရောင်​​တွေက စူးစူးရဲရဲ၊ သကြားလုံးပတ်​ကလည်း စက္ကူပတ်​ မသားနားဘူး။ ယိုးဒယားသကြားလုံးက ပလတ်​စတစ်​အခွံလှလှ​လေးနဲ့၊ သကြားလုံးအ​ရောင်​ကလည်း ​ပြေ​ပြေ​ဖျော့​ဖျော့​လေး​တွေ၊ အနံ့ကလည်း သင်းသင်းပျံ့ ပျံ့ က​လေး၊ အရသာက ချိုသလိုလိုချဉ်​သလိုလို ညင်းညင်းညံ့ညံ့က​လေး၊
ပါးစပ်​ထဲမှာမြုံ့​နေရင်း သကြားလုံးတစ်​၀က်​​လောက်​ ပါးသွားတဲ့အခါ အထဲက အရည်​​တွေထွက်​လာတယ်​။ သူတို့သကြားလုံးက တစ်​ခုလုံအခဲပုံစံမဟုတ်​ဘဲ အလယ်​မှာ အရည်​ပုံစံ ဌာပနာပြီးမှ အပြင်​က အခဲပုံစံနဲ့ ပြန်​ကွပ်​ထားတာကိုး။

ဒီလို နည်းပညာမြင့်​မြင့်​နဲ့ထုတ်​ထားတဲ့သကြားလုံးဆို​တော့ က​လေး​တွေမ​ပြောနဲ့ လူကြီ​တွေ​တောင်​အကြိုက်​​တွေ့သ​ပေါ့။ယိုးဒယားသကြားလုံးတစ်​လုံးကို အဲဒီ​ခေတ်​က ၁၀ ပြား ​ရောင်းတယ်​။ ပြောချင်​တာက သကြားလုံးအ​ကြောင်းမဟုတ်​ပါဘူး၊ သကြားလုံး​ရောင်းသူ​တွေ ဦး​လေးမိဘ​တွေအိမ်​မှာ အခ​ပေးပြီး ပစ္စည်းထားတဲ့အ​ကြောင်း ​ပြောချင်​တာပါ။ သူတို့က မိန်းမလျာ​တွေဖြစ်​ပါသတဲ့။ ဗိုလ်​ချုပ်​​အောင်​ဆန်းလမ်း​ပေါ်မှာ ည​နေဆို သစ်​သားဗန်းနဲ့ ဗန်း​ထောက်​ ချခင်းပြီး အဲဒီဗန်း​ပေါ် သကြားလုံး​တွေ ပုံ​ရောင်းတာဆိုပဲ။ သူတို့​ရောင်းချန်​က ည​နေ ၆ နာရီ​လောက်​က​နေ ည ၉ နာရီအထိပဲ။ အ​နောက်​ဘက်​မှာ ​လေဟာပြင်​​ဈေးနဲ့ အ​ရှေ့ဘက်​မှာ
ရုပ်​ရှင်​ရုံတန်းရှိတဲ့ ဗိုလ်​ချုပ်​​အောင်​ဆန်းလမ်းက အကွက်​အကွင်းကျတယ်​​လေ။ အဲဒီသကြားလုံးသည်​​တွေက ဦး​လေးတို့အိမ်​မှာ ပစ္စည်း​တွေသိမ်း​ပေးဖို့
အကူအညီ​တောင်းပြီး ပစ္စည်းသိမ်းခ တစ်​လ ၁၅ ကျပ်​ ​ပေးမယ်​​ပြော​ပေမဲ့ ဦး​လေးရဲ့အဘွားက ပိုက်​ဆံမယူဘဲ သိမ်းခွင့်​​ပေးလိုက်​တယ်​။ သူတို့လိုပဲ မြို့ထဲမှာ ​ဈေးလာ​ရောင်းတဲ့ ဆင်​​ခြေဖုံးဘက်​က ဈေးသည်​​​တော်​​တော်​များများ သူတို့ပစ္စည်း​တွေထားဖို့ မြို့ထဲအိမ်​​တွေကို အခ​ကြေး​ငွေ​ပေးပြီးငှါးရမ်းကြတယ်​။

အဲဒီတုန်းကတိုက်​​တွေက ကိုလိုနီ​ခေတ်​မှာ​ဆောက်​ခဲ့တဲ့တိုက်​​တွေဆို​တော့ ​လှေကားက ​အချိုးအ​ကွေ့​တွေမရှိဘူး၊ ​တောက်​​လျှောက်​အ​ဖြောင့်​ပဲ။ ဒီ​တော့ အောက်​ဆုံးထပ်​ ​လှေကားတစ်​၀က်​​လောက်​ကို ​မြေရှင်​က ငှါးစားတယ်​။
လှေကား​ခြေရင်း ​မြောင်းဖုံး​ကျောက်​ပြား​ပေါ်မှာ
ကိုယ်​တည်​ခင်းမယ့်​ကုန်​စည်​ကို ရတန်​သ​လောက်​ချခင်းပြီး လူက လှေကား​အောက်​ပိုင်း သုံး​လေးငါးထစ်​​လောက်​အထိ တက်​ထိုင်​ ရောင်းချကြတာ​ပေါ့။ သစ်​သီးဆိုင်​၊ မုန့်​ဆိုင်​၊ ကွန်​ဒုံးဆိုင်​၊ ဖိနပ်​ဆိုင်​၊ ​သော့ပြင်​သူ၊ နာရီပြင်​သူ စသဖြင့်​ လမ်းမကြီး​တွေ​ပေါ်မှာ အဲဒီလုပ်​ငန်း​တွေ
ခုထိ​တွေ့နိုင်​ပါတယ်​။

အ​ပေါ်ထပ်​တိုက်​ခန်း​နေသူ​တွေ အတက်​အဆင်းလုပ်​ရင်
ကိုယ်​​လေးယို့​ပေးလိုက်​၊ သယ်​လာတဲ့ပစ္စည်း​တွေ မနိုင်​မနင်းဖြစ်​​နေရင်​ ကူသယ်​​ပေးလိုက်​၊ ပစ္စည်းကြီးကြီးမားမားအတင်​အချလုပ်​ရင်
သူ့လုပ်​ငန်းဆိုင်​ရာပစ္စည်း​တွေကို ပျာပျာသလဲ ဖယ်​ရှားရှင်းလင်း​ပေးပြီး လွတ်​လွတ်​ကင်းကင်းရှိမှ ပြန်​ခင်းကျင်းလိုက်​နဲ့ နေထိုင်​သူ​တွေမငြိုငြင်​ရ​အောင်​ လုပ်​ရပါ​သေးတယ်​။
အခန်းပိုင်​ရှင်​​တွေကလည်း ကိုယ့်​အခန်းတစ်​ခန်းတည်းကို ပုံစံမျိုးစုံနဲ့ အငှါးချထားတာ ​လေ့လာကြည့်​ရင်​ အ​တော်​စိတ်​၀င်​စားဖို့​ကောင်းပါတယ်​။

အထူးသဖြင့်​ လမ်းမတန်း​မြေညီထပ်​အခန်း​တွေ​ပေါ့။ တချို့က ပိုင်​ရှင်​ကိုယ်​တိုင်​လည်း ဒီမှာပဲ​နေချင်​တဲ့အခါ အခန်းကို တစ်​၀က်​ပိုင်းပြီးငှါးတယ်​။
တချို့က ​အောက်​ထပ်​တစ်​ပြင်​လုံးငှါးပြီး အိမ်​ရှင်​က အထပ်​ခိုး​ပေါ်မှာ​နေတယ်​။ တချို့ကျ​တော့ ​အောက်​ထပ်​တစ်​ပြင်​လုံးမငှါးနိုင်​တဲ့အခါ ​အောက်​ထပ်​ကိုပဲ
တစ်​ခြမ်းစီကန့်​ထားပြီး နှစ်​ဦးတစ်​ပြိုင်​တည်းငှါးတယ်​။
ကျွန်​​တော်​​တွေ့ဖူးတဲ့အခန်းပိုင်​ရှင်​​တွေဆို ညီအစ်​ကိုနှစ်​​ယောက်​။
အောက်​ထပ်​ကို ထက်​ခြမ်းခြမ်းပြီး လုပ်​ငန်းနှစ်​ခု ငှါးတယ်​။

ဖိနပ်​ချွတ်​​နေရာကို ​ရော်​ဘာတံဆိပ်​တုံးအလုပ်​လက်​ခံတဲ့သူ ငှါးတယ်​၊ ဖိနပ်​ချွတ်​​ထောင့်​စွန်းမှာ ​ခွေး​ခြေပု​လေးချထိုင်​ပြီး ​ပစ္စည်းကိရိယာပုံးကို မြောင်းဖုံး​ကျောက်​ပြား​ပေါ်ချခင်းထားတဲ့ ​သော့ပြင်​သမား ငှါးတယ်​။
အထပ်​ခိုး​ခြေရင်းဘက်​မှာ ​ဘေထုပ်​သမား​တွေ အထုပ်​အပိုးကို ငှါးခယူပြီး လက်​ခံတယ်​။ ဒါတင်​မက​သေးဘူး နယ်​ကလာတဲ့လူငယ်​နှစ်​​ယောက်​ကိုလည်း
ဘော်​ဒါသ​ဘောမျိုး လက်​ခံထား​သေးတယ်​။

ခု​ခေတ်​ကျ​တော့ ကန်​ထရိုက်​တိုက်​​တွေက ​လှေကားကို အချိုးအ​ကွေ့​တွေနဲ့တည်​​ဆောက်​လာကြတဲ့အခါ
လှေကား​တွေရဲ့​ခြေရင်းမှာ ​လှေကားအိမ်​လို့အမည်​တွင်​တဲ့ အခန်းငယ်​​လေးတစ်​ခု ​ပေါ်ထွန်းလာတယ်​။ အဲဒီ​လှေကားအိမ်​​လေးဟာ တိုက်​တစ်​ခုလုံးရဲ့​မြေပိုင်​ရှင်​အတွက်​​တော့ "​ရွှေ" ပါပဲ။ အစပိုင်းတုန်းက​တော့
အဲဒီ​လှေကားအိမ်​​လေးမှာ ​လှေကားထစ်​​တွေရဲ့​ကျောဘက်​ သမံတလင်းကြမ်းခင်း​ပေါ်
တစ်​တိုက်​လုံးကတိုက်​ခန်း​တွေရဲ့ ရေစက်​​မော်​တာ​တွေ စီခင်းထားကြတယ်​။ ကိုယ့်​အခန်း ​ရေအတက်
တစ်​ခုခုချွတ်​ယွင်းရင်​ အခန်းရှင်​​တွေဆင်းလာပြီး ​မော်​တာစစ်​၊ ​ရေချူ စသဖြင့်​ လုပကြတယ်​။ ​နောက်​ပိုင်း​တော့ အဲဒီအခန်းကျဉ်းက​လေးကိုပဲ
တိုက်​ရဲ့​မြေရှင်​က အငှါးချတယ်​။

ဒီလိုအငှါးချတာ ကာလများစွာတွင်​ကျယ်​လာခဲ့ပြီးတဲ့​နောက်​မှာ​တော့ လှေကားအိမ်​အ​ခြေပြုလုပ်​ငန်း​ပေါင်းများစွာဟာ ရန်​ကုန်​မြို့ပြစီးပွား​ရေးမျက်​နှာစာမှာ
တစ်​ခွင်​တစ်​ပြင်​​နေရာယူနိုင်​စွမ်းရှိလာခဲ့တယ်​။ စာအုပ်​အငှါးဆိုင်​၊ ဒီဗီဒီ​ခွေအငှါးဆိုင်​၊ အပ်​ချုပ်​ဆိုင်​၊ ဆံပင်​ညှပ်​ဆိုင်​၊ ဖန်​စီပစ္စည်းအ​ရောင်းဆိုင်​၊ နာရီပြင်​ဆိုင်​၊ ​မော်​တာပြင်​ဆိုင်​၊ ​သော့ပြင်​ဆိုင်​၊ ဟန်းဆက်​အ​ရောင်းဆိုင်​၊
လျှပ်​စစ်​ပစ္စည်းပြင်​ဆိုင်​စသဖြင့်​ စာရင်း​သေချာပြုစုရရင်​ တော်​​တော်​ရှည်​လျားသွားနိုင်​ပါတယ်​။
ရန်​ကုန်​မှာ လူဦး​ရေတစ်​စတစ်​စထူထပ်​သိပ်​သည်းလာတာနဲ့အမျှ ​ကျောချစရာ​နေရာကလည်း
တဖြည်းဖြည်းရှားပါးလာပါတယ်​။ အဲဒီလိုပဲ စားဝတ်​​နေ​ရေးအတွက်​ ​ရောင်း​ရေးဝယ်​တာလုပ်​ငန်း​ဆောင်​ရွက်​ဖို့လည်း အထိုင်​​နေရာတစ်​ခုရရှိဖို့က ခက်​ခဲသထက်​ခက်​ခဲလာပါပြီ။

ဆူး​လေဗဟိုပြုစီးပွား​ရေးဇုန်​လို့ ​ပြောရ​လောက်​​အောင်
မြို့လယ်​မှာလာစု​နေတဲ့ စီးပွား​ရေးလုပ်​ငန်းအကွက်​အကွင်း​ကောင်း​တွေ အရှိန်​ရသထက်​ရ လာတဲ့အ​နေအထား
အား​ကောင်း​မောင်းသန်​တည်​မြဲ​နေသမျှ ကာလပတ်​လုံး
ရန်ကုန်မြို့လယ်တိုက်ခန်း​တွေဟာ ပုံစံအမျိုးမျိုးနဲ့အငှါးသွက်​​နေဦးမှာပါပဲ။ အခန်းရှင်​​တောင်းတဲ့​ဈေးကို မငြင်းမဆန်​​ပေးနိုင်​တဲ့သူ​တွေက​တော့
ဣ​နြေ္ဒရရနဲ့ လုပ်​ငန်းလုပ်​နိုင်​မှာဖြစ်​​ပေမဲ့ တစ်​ခန်းလုံးစာမ​ပေးနိုင်​သူ​တွေက အခန်းတစ်​၀က်​​လောက်​ကို စပ်​ငှါး၊
အခန်းတစ်​၀က်​စာ မတတ်​နိုင်​သူက ၁၂ ​ပေခွဲ× ၄ ​ပေ အကျယ်​အ၀န်းရှိတဲ့ ဖိနပ်​ချွတ်​​နေရာငှါး၊ အဲဒီ​နေရာငှါးဖို့​တောင်​မတတ်​နိုင်​သူက အိမ်​​ရှေ့​မြောင်းဖုံး​ကျောက်​ပြား​ပေါ် ​မေးတင်​လို့ စီးပွား​​ရေးမြို့​တော်
ရန်​ကုန်​ရဲ့ ကတ်​သီးကတ်​သတ်​အငှါး​ဈေးကွက်​ပြဇာတ်​မှာ ဇာတ်​ကွက်​အဖုံဖုံ
သရုပ်​​ဆောင်​​နေကြဦးမှာ အ​သေအချာပါ။

ကျော်ေ​ဇာ​လေး မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service