ကိုရီးယား-မြန်မာ ချစ်ကြည်ရေး(ဒလ)တံတား စီမံကိန်းစတင်ခြင်း အိမ်ခြံမြေ များအတွက် ထောက်ပံ့ကြေး ပေးအပ်ပွဲ အခမ်းအနားကျင်းပ - Property News in Myanmar from iMyanmarHouse.com
3010 Views

ကိုရီးယား-မြန်မာ ချစ်ကြည်ရေး(ဒလ)တံတား စီမံကိန်းစတင်ခြင်း အိမ်ခြံမြေ များအတွက် ထောက်ပံ့ကြေး ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ကိုရီးယား-မြန်မာ ချစ်ကြည်ရေး(ဒလ)တံတား စီမံကိန်းစတင်ခြင်း အိမ်ခြံမြေများ အတွက် ထောက်ပံ့ကြေး ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်၊ ဗိုလ်မင်း ရောင်လမ်း၊ စီမံကိန်းဧရိယာဝင်းအတွင်းရှိ မင်္ဂလာမဏ္ဍပ်၌ ကျင်းပရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာလီဘက်ဆွန်း နှင့် တာဝန်ရှိပုဂ္ဂိုလ်များ ၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့် နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ၊ လွှတ်တော်ကိုယ်စား လှယ်များ၊ တိုင်း / ခရိုင် / မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ ၊ ရပ်မိ ရပ်ဖများ ၊ ဒေသခံ ပြည်သူများရောက်ကြသည်။

အစီအစဉ်အရ မင်္ဂလာဆိုင်းဘုတ်အား ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့် ကိုရီးယားသမ္မတနိုင်ငံသံ အမတ်ကြီး မစ္စတာလီဘက်ဆွန်း တို့က စက်ခလုတ်နှိပ်၍ ဖွင့်လှစ် ပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်က အမှာ စကားပြောကြား ရာတွင် ကိုရီးယားနိုင်ငံနှင့် - မြန်မာ နိုင်ငံတို့အကြား သံတမန် ဆက်ဆံရေး ဆောင်ရွက်ခဲ့သည်မှာ (၄၁)နှစ်ပြည့်သည့် အမှတ်ရဖွယ် နှစ် အတွင်း (ဒလ) တံတားစီမံကိန်းအား စတင်အကောင် အထည်ဖော်ဆောင်ရွက် နိုင်သည့်အတွက် ဝမ်းမြောက် ဂုဏ်ယူ ကြောင်း၊ စီမံကိန်းကြီး အကောင်အထည်ဖော် ပြီးစီးပါက ရန်ကုန်မြို့နှင့် ဒလမြို့နေ ဒေသခံပြည်သူ များ၏ လူနေမှု အဆင့်အတန်းမြင့်မားလာအောင် ဒလမြို့နယ် အခြေ အနေမှာလည်း တဟုန်ထိုး တိုးတက်လာမည် ဖြစ်ပါကြောင်း။

၂၀၁၄ ခုနှစ် နိုဝင်ဘာတွင် ကိုရီးယားသမ္မတနိုင်ငံ သမ္မတ Madam Park သည် မြန်မာနိုင်ငံ၌ ကျင်းပခဲ့သော Asean+3 and EAS Summits" အစည်းအဝေးသို့ တက်ရောက်ခဲ့စဉ် နှင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ၂၀၁၄ ခုနှစ် ဒီဇင်ဘာအတွင်း ကိုရီးယားနိုင်ငံ၌ ကျင်းပသော " ASEAN-ROK Commemorative Summit" အစည်းအဝေးသို့ သွားရောက်ခဲ့သည့် ခရီးစဉ်များ တွင် နှစ်နိုင်ငံ ခေါင်းဆောင်များ၏ တွေ့ဆုံဆွေးနွေးမှုများအရ ကိုရီးယား- မြန်မာ ချစ်ကြည်ရေး (ဒလ)တံတား စီမံကိန်း အကောင်အထည်ဖော်ရန် ဖြစ်ပေါ် လာခဲ့ပါကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီး ဌာနနှင့်‌ ကိုရီးယားသမ္မတနိုင်ငံ Exim Bank တို့သည် ၂၀၁၄ ခုနှစ် ဒီဇင်ဘာ (၁၂)ရက်တွင် Minitues of Discussion ကို သဘောတူလက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၁၆ ရက်တွင် ချေးငွေသဘောတူစာချုပ် Loan Agreement ကို အောင်မြင်စွာ လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း၊ တံတားကြီး အောင်မြင်စွာ တည်ဆောက်နိုင်ရေး အတွက် ဒလကမ်းဘက်ရှိ မြေနေရာ ရှင်းလင်းရေးနှင့် မြေယာလျော်ကြေးကိစ္စရပ်များ ဆောင်ရွက်နိုင်ရန်အတွက် ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ၂၀၁၅ ခုနှစ်စက်တင်ဘာ၁ရက်တွင်‌မြေယာလျော်ကြေးနှင့်
ပြန်လည်နေရာချထားရေးညှိနှိုင်း ဆောင်ရွက်ရေးကော်မတီကို ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့ပြီး ကော်မတီမှ ဆုံးဖြတ်ခဲ့သည့်မြေယာလျော်ကြေးဈေးနှုန်းအား ရန်ကုန် တိုင်းဒေ သကြီး အစိုးရအဖွဲ့ထံမှ အတည်ပြုချက်ရယူပြီး ဆောင်ရွက်ခဲ့သည့်အတွက် ယခုကဲ့သို့ မြေယာလျော်ကြေး ပေးအပ်ခြင်းကို အောင်မြင်စွာဆောင်ရွက် နိုင်ခဲ့ကြောင်း။

မဝေးတော့သည့်အနာဂတ်ကာလတစ်ခုတွင် နှစ်နိုင်ငံ
ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက် နိုင်မှုကို အခြေခံ၍ ကိုရီးယား-မြန်မာ ချစ်ကြည်ရေး (ဒလ)တံတားကြီး အကောင်အထည်ဖော် ဆောင်ရွက်နိုင်တော့ မည်ဖြစ်၍ နှစ်နိုင်ငံ တာဝန်ရှိသူများ အနေဖြင့် ဒေသခံပြည် သူတို့၏ အိမ်မက် တံတားကြီး အောင်မြင်စွာ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် ပေးစေ လိုကြောင်း ပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက ကိုရီးယား-မြန်မာ ချစ်ကြည်ရေး(ဒလ)တံတား စီမံကိန်းဖြစ်မြောက်အောင် ဆောင်ရွက် ခဲ့မှုနှင့် မြေရာလျော်ကြေးကိစ္စရပ်များ နှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ လီဘက်ဆွန်းက အမှာစကားပြောကြားသည်။

ယင်းနောက် ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဆွေ က မလွတ်ကင်းသော အိမ်ခြံမြေများအတွက် ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင် က စီမံကိန်းနယ်နိမိတ်အတွင်း ကျရောက်သော ဒေသခံများ အတွက် ထောက်ပံ့ကြေးကို ဒလမြို့နယ်နေ ဦးမြင့်သိန်းအား လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် က ဒေသခံတစ်ဦးဖြစ်သူ ဒေါ်ခင်မာဦးအား လည်းကောင်း၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဝင်းမြင့် က ဒေသခံတစ်ဦးဖြစ်သူ ဦးမောင်မောင်အားလည်းကောင်း ပေးအပ်သည်။

ကိုရီးယား-မြန်မာ ချစ်ကြည်ရေး(ဒလ)တံတားသည် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့နှင့် ဒလမြို့နယ်တို့ကို ဆက်သွယ်ပေးကာ လှိုင်မြစ်ကို ဖြတ်ကျော် တည်ဆောက်မည့် တံတားတစ်စင်း ဖြစ်ပြီး တံတားအမျိုးအစားမှာ သံမဏိကြိုး ဆိုင်းတံတားဖြစ်ကာ ပင်မတံတား(၁၉၃၆)ပေ၊ ချဉ်းကပ် တံတား(ရန်ကုန်) ၂၀၂၆ ပေ၊ ချဉ်းကပ် တံတား(ဒလ) ၂၁၈၂ ပေ၊ စုစုပေါင်းတံတားအရှည် (၆၁၄၃) ပေ ရှိပြီး၊ ယာဉ်သွားလမ်းအကျယ် (လေးလမ်း သွား) ၈၇ ပေ၊ ချဉ်းကပ်တံတားအကျယ်(ဒလ) ၆၈ ပေ (လေးလမ်းသွား) ၊ချဉ်းကပ် တံတား အကျယ် ရန်ကုန်ဘက် (နှစ်လမ်းသွား) ၄၇ ပေ နှင့် DWT (၁၅၀၀၀)တန်ချိန်ရှိ Cargo သင်္ဘောကြီးများ ရေလမ်း ကင်းလွတ်စွာ သွားလာနိုင် ရန်အတွက် ရေလမ်း ကင်းလွတ်အမြင့် ၁၆၀ ပေ၊ ရေလမ်းကင်းလွတ် အကျယ် ၅၂၅ ပေ၊ ယာဉ်တစ်စီး ချင်း ခွင့်ပြုအလေးချိန်မှာ (၇၅)တန်ဖြစ်ပါသည်။

ရန်ကုန်ဘက်ကမ်းနှင့် ဒလဘက်ကမ်းကို ဆက်သွယ်သွားလာနိုင်မည့် ကိုရီးယား-မြန်မာချစ်ကြည်ရေး (ဒလ) တံတား ပေါ်ထွန်လာခြင်းကြောင့် ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မြို့မှ ဒလမြို့နယ်၊ တွံတေးမြို့နယ်၊ ကော့မှူးမြို့နယ်၊ ကွမ်းခြံကုန်းမြို့နယ်များသို့လည်းကောင်း၊ ဒေးဒရဲ တံတားမှတဆင့် ဒေးဒရဲ၊ ဖျာပုံ၊ ကျိုက်လတ်၊ ဘိုကလေးမြို့ကြီးများအပါအဝင် ဧရာဝတီတိုင်း တစ်တိုင်းလုံးသို့ လည်းကောင်း လွယ်ကူလျင်မြန်စွာ သွားလာ နိုင်မှာဖြစ် သကဲ့သို့ ရန်ကုန်မြို့တွင် တွေ့ကြုံနေရသည့် ယာဉ်ကြောပိတ်ဆို့မှုကိုလည်း အတိုင်းအတာ တစ်ခု အထိ အတော်အတန် လျော့ပါးသက်သာ သွားစေမည် ဖြစ်ကြောင်း သိရသည်။

Credit: MOI Webportal Myanmar

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 02 Aug To 03 Aug

Emerald Bay Luxury Condo

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service