လိုအပ်ချက်နဲ့ကိုက်ညီဖို့ လိုတဲ့ ကွန်ဒိုဈေးကွက် - Property News in Myanmar from iMyanmarHouse.com
1554 Views

လိုအပ်ချက်နဲ့ကိုက်ညီဖို့ လိုတဲ့ ကွန်ဒိုဈေးကွက်

ရန်ကုန်မြို့တွင်း မြေနေရာအကျယ်အဝန်းကြောင့် ရွှေ့ပြောင်းဆောက်လုပ်လာမယ့် ကွန်ဒိုအဆောက်အအုံတွေ အနေနဲ့ ဝယ်ယူသူတွေရဲ့ လိုအပ်ချက်ပေါ်မူ တည်ပြီး ဆောက်လုပ်ရောင်းချသင့်တယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တချို့ထံက သိရပါတယ်။
‘ဆောက်လုပ်ရေးဈေးကွက်မှာက တည်ဆောက်မူ့နဲ့ပတ်သက်ပြီး နှစ်မျိုးရှိတယ် ၊ တစ်မျိုးက ဈေးကွက်ကိုဖန်တီးပြီးဆောက်လုပ်တဲ့ဈေးကွက်နဲ့ ဈေးကွက်ရှိနေပြီးသားနေရာမှာ ထပ်ဆောက်လုပ်တဲ့ဝေးကွက် နှစ်ခုရှိတယ် ၊ အခုဒီမှာအများစုက ဈေးကွက်ရှိထားတဲ့နေရာတွေမှာ ထပ်ထပ်ဆောက်တာများတယ် ၊ နောက်ပိုင်းမှာကျတော့ ကိုယ်တိုင်ဈေးကွက်ဖန်တီးပြီးမှ ဆောက်လုပ်တဲ့ဈေးကွက်က ပိုကောင်းနိုင်တယ်’ လို့ အံထူးဆောက်လုပ်ရေးက မန်နေဂျာ ကိုမင်းမင်းက ပြောပါတယ်။

မြေနေရာနဲ့ ဆောက်လုပ်မူ့
ရန်ကုန်မြို့ရဲ့ မြို့တွင်းမြေနေရာဟာ လက်ရှိသတ်မှတ်ထားတဲ့ ဧကဝက် (၂၀၀၀ စတုရန်းပေ) တဖြည်းဖြည်းရှားပါးနေပြီဖြစ်ပါတယ်။ ဒါကြောင့်နောက်ပိုင်းဆောက်လုပ်လာကြတဲ့ ကွန်ဒိုနဲ့ အဆင့်မြင့်အိမ်ရာ အများစုဟာ ဆက်စပ်မြို့နယ်တွေဖြစ်တဲ့ ရန်ကင်း ၊ မရမ်းကုန်း ၊ တာမွေ ၊ လိုင် စတဲ့မြို့နယ်တွေမှာ ဆောက်လုပ်လာကြသလို ဆိပ်ငြိမ်ရပ်ကွက်တွေဖြစ်တဲ့ မြို့သစ်တွေမှာလည်း ဆောက်လုပ်ကြပါတယ် ။

သည်လိုအဆောက်အုံတွေအများစုကတော့ ဈေးကွက်လိုအပ်ချက်ကိုလိုက်ပြီး ဆောက်လုပ်ကြတဲ့တိုက်တွေများပြီး ဝယ်လိုအားကို ဦးစားပေးထားတဲ့ ဝန်ဆောင်မူ့ များပြားတဲ့ ဆိတ်ငြိမ်တိုက်တွေပဲ ဖြစ်ပါတယ်။

မြို့တွင်းဆောက်လုပ်မူ့မှာတော့ ကွန်ဒိုတိုက်ခန်းတွေထက် အဆင့်မြင့်လူနေတိုက်ခန်းတွေများပြားပြီး ဓါတ်လှေကားပါတိုက်တွေကို ကွန်ဒိုပုံစံပြင်ဆင်ရောင်းချကြတာများပါတယ် ။
နောက်ပိုင်းဆောက်လုပ်လာကြမယ့် တိုက်တွေမှာတော့ တကယ်လိုအပ်ချက်ကိုကြည့်တဲ့ လုံးချင်းအိမ်ရာတွေပါဝင်လာသလို လိုအပ်ချက်ကြောင့်မဟုတ်ဘဲ မြေနေရာကိုကြည့်ပြီး ဝန်ဆောင်မူ့ပေးချင်တဲ့ကွန်ဒိုတိုက်တွေလည်း ဆောက်လုပ်လာကြပါတယ်။

‘ဘယ်လိုလူတွေနေမှာလဲ ၊ နေချင်တဲ့သူတွေ လိုအပ်ချက်နဲ့ ဆောက်ဖို့အရေးကြီးတယ် ၊ ဒါတွေက သူတို့ကို ဆွဲခေါ်သွားမယ် ၊ သူတို့ကလာနေကြမယ် ၊ ဒါမျိုးတွေတွဲဖက်ပြီးဆောက်ရမယ် ၊ မြန်မာနိုင်ငံမှာက အခုအချိန်အထိ ဒါတွေကရှားပါးနေတယ် ၊ အမှန်ဆိုရင် ဆောက်လုပ်ရေးပညာနဲ့ ဈေးကွက်ကိုဆွဲဆောင်နိုင်ဖို့ ဝန်ဆောင်မူ့တွေ ထည့်သွင်းနိုင်ဖို့လိုတယ် ’ လို့ စီးပွားရေးပညာရှင် ဦးတင်သန်းဦးက ပြောပါတယ်။

အခုနောက်ပိုင်းကွန်ဒိုဆောက်လုပ်မူ့အများစုကတော့ ဈေးကွက်ရှိပြီးသား နေရာမှာဝေးကွက်ရှာတာများပါတယ်။ ရှိပြီးသားနေရာမှာ ရှာတဲ့ဈေးကွက်ကတော့ ထပ်ဖောက်စရာမလိုဘဲဈေးကွက်မှာလည်း အရောင်းတင်လိုက်တာနဲ့ ဈေးနူန်းပါခန့်မှန်းနိုင်ပါတယ်။

Credit: The Modern

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 02 Aug To 03 Aug

Emerald Bay Luxury Condo

From 08 Jul To 08 Aug

Central Shophouse

INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service