ဂရန်ကြောင့် တိုက်ပတ်ကြသူများ - Property Knowledge in Myanmar from iMyanmarHouse.com
9202 Views

ဂရန်ကြောင့် တိုက်ပတ်ကြသူများ

Knowledge | Posted by Aye Myat Thu

ခွဲခြမ်းပြီး ရောင်းချတဲ့ မြေကွက်တွေနဲ. အကွက်သစ်ရိုက်ပြီး ရောင်းချတဲ့ မြေကွက်တွေ ဝယ်ယူထားတဲ့ သူတချို.မှာ ဂရန်အမည်(ခြံအမှတ်) လွဲမှားကြတာတွေရှိသလို အကွက်ကျယ်ဖြစ်ဖို. ပြန်ဝယ်ရာမှာလည်း ခြံတစ်ကွက်တည်း မရရှိတဲ့ ပြဿနာတွေ ဖြစ်ပေါ်နေတယ်လို. သိရပါတယ်။

ဝယ်တုန်းကတော့ ဂရန်ကောစာချုပ်ကော အမှန်ပဲ၊ ကိုယ်တွေက အိမ်ပြန်ပြင်လို. ခြံခတ်တော့မှ စည်ပင်ကို မြေအကျယ်အဝန်းတိုင်းခိုင်းတော့မှ စည်ပင်ကို မြေအကျယ်အဝန်းတိုင်း ခိုင်းတော့မှ ကိုယ့်အိမ်က ဂရန်က ဘေးအိမ်နံပါတ်မှန်း သိရတယ်။ ဘေးအိမ်နဲ.က ခင်နေတော့ ဒီအတိုင်းပဲ အရောင်းအဝယ် စာချုပ်နဲ. အကုန်လုံးကို မူလဝယ်ထားတဲ့ ပိုင်ရှင်နဲ. ပြန်ရှင်းရတယ်’ လို. တောင်ဒဂုံ(၂၀)(က) ရပ်ကွက်မှာ ပေ၂၀ x ပေ ၆၀ အိမ်ဝယ်ယူတဲ့ မတင်အေးကြည်က သူ.အဖြစ်အပျက်ကို ရှင်းပြပါတယ်။

ရှင်းမရလို. ဖြိုရတယ်။
သည်လို ပြဿနာတွေ ဖြစ်ပေါ်ရတဲ့ မြေတွေကတော့ မြေပိုင်ရှင်တစ်ဦးတည်းက အိမ်ကို အစိုးရက ချပေးတဲ့ ပေ၄၀ xပေ၆၀၊ နှစ်ကွက်ခွဲပြီး (A)(B), (က)(ခ)ခွဲရောင်းတဲ့ အကွက်တွေပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အစိုးရက လယ်ကွင်းနဲ. မြို.သစ်တည်ဆောက်မှုတွေမှာ အကွက်အများကြီးကို နံပါတ် အစဉ်လိုက် တစ်ခါတည်း ဝယ်ယူထားပြီး တစ်ကွက်ချင်း ပြန်ရောင်းတဲ့အခါမှာလည်း မြေကွက် အမှတ်နဲ. ဂရန်ပေါက်မြေကွက်နံပါတ်လွှဲမှားနေတဲ့ ပြဿနာတွေ ရှိနေပါတယ်။

တချို.အကွက်သစ်ချတဲ့ မြေကွက်တွေမှာ အဆောက်အအုံ မှားယွင်းဆောက်လုပ်မိတဲ့ ပြဿနာတွေမှာတော့ တကယ်မြေပိုင်ရှင်က ငွေကြေးအဆမတန် တောင်းဆိုမှုကြောင့် တစ်တိုက်လုံး ဖြိုဖျက်ပေးလိုက်ရတဲ့ ပြဿနာတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။ သည်လို ပြဿနာနေတွေမှာ ပျဉ်ထောင်အိမ်ဆောက်လုပ်ထားသူတွေအတွက် အရွှေ.အပြောင်းက ပြဿနာမရှိပေမဲ့ တိုက်အိမ်ပတ်ကားဆောက်လုပ်သူတွေ အတွက်တော့ ဆုံးရှုံးနစ်နာမှုကြီးတယ်လို. သိရပါတယ်။

တချို.မြေပိုင်ရှင်တွေက တိုက်အိမ်ဆောက်ထားတဲ့ ဈေးလောက်ကို လိုချင်ကြတာ၊ အမှန်ဆို မြေကွက်ထက် အမြတ်ကို ကြည့်တော့ ညှိနှိုင်းမရလို. အဆုံးခံဖြိုတာတွေလဲရှိတယ်။ အမှန်ဆို ဘေးချင်းကပ်မြေကွက်ချင်းလဲလို. အဲဒီလောက်ကြီး မထိခိုက်ဘဲ အမြတ်ရှာကြတာ’ လို. အိမ်ခြံမြေ အကျိုးဆောင် ကိုသစ္စာက ပြောပါတယ်။

သည်လို မြေကွက်နေရာနဲ. အမည်ပေါက် နာမည်လွဲခဲ့တဲ့ ပြဿနာတွေဟာ အဆောက်အအုံဆောက်လုပ်တဲ့အခါ ပုံစံတင်မှုထက် ခြံစည်းရိုးခတ်ဖို. ဌာနက မြေလာတိုင်းတဲ့အခါမှ သိရှိကြတာ များတယ်လို. သိရတယ်။

ရောင်းပေမဲ့ ဝယ်ဖို.ခက်နေ
သည်လို(က)(ခ)ခွဲရောင်းတဲ့ မြေကွက်တွေမှာ အိမ်နံပါတ်ကွဲလွဲတာကြောင့် တစ်ခြံတည်း မြေကွက်ကျယ်လိုချင်တဲ့ ဝယ်လက်အနေနဲ. အခက်ကြုံရတဲ့ ပြဿနာတွေလည်း ရှိပါတယ်။

ကိုယ့်အိမ်နံပါတ်က ၃(က)ဝယ်ထားလို. ဘေးက ရောင်းတဲ့အိမ်ကို ဝယ်ချင်ပေမဲ့ ဘေးချင်းကပ်ကို သူက ၂(ခ) ဖြစ်လို. ဂရန် တစ်ခုတည်း လျှောက်ဖို.ခက်လို. မဝယ်ဖြစ်တာ၊ အစက ပေ၂၀ x ပေ ၆၀ ဖြစ်ပေမဲ့ ပေ ၄၀ x ပေ ၆၀ လိုချင်လို. ချဲ.ဝယ်တဲ့အခါ လိုချင်တာကို ဝယ်မရလို. ဈေးပိုပေးဝယ်ရတာ’ လို. တောင်ဒဂုံမြို.နယ် မှာနေတဲ့ ဒေါ်ရင်ရင်သန်းက ပြောပါတယ်။

တချို.မြေကွက်တွေမှာ ဘေးချင်းကပ်အိမ်တွေ ရောင်းဝယ်ကြပေမဲ့ နံပါတ်မတူညီတဲ့ ပြဿနာတွေကြောင့် သက်ဆိုင်ရာဌာနမှာ ဂရန်အမည်ပြောင်းလုပ်တဲ့အခါ နှစ်ခါပြန်အချိန်ကြာတာတွေ ဖြစ်ပေါ်ရပါတယ်။ ဒါကြောင့် ဂရန်မြေတစ်ခုတည်းကို (က)(ခ) ခွဲခြမ်းပြီး ရောင်းချတဲ့ အိမ်တွေကို ဝယ်ယူသူတွေ အနေနဲ. မိမိဝယ်ယူထားတဲ့ မြေစာရင်းကို သက်ဆိုင်ရာဌာနမှာ စစ်ဆေးရုံသာမက မြေကွက်ကိုပါ ကွင်းဆင်းတိုင်းတာပြီး အမည်နဲ. မြေကွက် မှန်မမှန် စစ်ဆေးသင့်တယ်လို. သိရပါတယ်။

သည်လို ပြဿနာတွေဟာ ခိုင်ခန်.ပြီး ရွှေ.ပြောင်းမရတဲ့ အဆောက်အအုံတွေ ဆောက်လုပ်မိပြီး အကွက်မှန်ကို ပြန်မလဲနိုင်ပါက ဆုံးရှုံးနစ်နာမှု ကြီးနိုင်ပါတယ်။ သည်လို ပြဿနာအများစုကတော့ မြေကွက်ကို ခွဲခြမ်းရောင်းချတဲ့ မြို.နယ်တွေနဲ. မြေကွက်အသစ်တွေကို အကွက်ရိုက်ကာ စတင်ပေးတဲ့ မြို.သစ်တွေမှာ အဖြစ်များတယ်လို. သိရပါတယ်။

Credit : The Kumudra

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး

Upcoming Property Events

From 25 Apr To 09 May

Mingalardon Garden City

From 10 May To 11 May

Mingalar Market

From 10 May To 11 May

Magical World Apartment

CarsDB
MIngalardon Garden City

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service