ဒဏ္ဍာရီ ပုံပြင်ထဲက အမေ့လျော့ခံ မြို့တော်ကြီးပြောင်းလဲဖို့လိုပြီ - Property News in Myanmar from iMyanmarHouse.com
1856 Views

ဒဏ္ဍာရီ ပုံပြင်ထဲက အမေ့လျော့ခံ မြို့တော်ကြီးပြောင်းလဲဖို့လိုပြီ

ပင်လယ်ဝ ကနေ ၂၁ မိုင်ဝေးပြီး ရန်ကုန်မြစ် ၊ ပဲခူးမြစ် ၊ ပုဇွန်တောင်ချောင်းတွေဆုံရာ ဒေသ ၊ ဒီရေ အတက်အကျ အမြဲရှိနေတယ့် ရန်ကုန်မြစ်ကြီးရဲ မြစ်ကမ်းနဖူးမှာ အလောင်းမင်းတရားခေတ် ကတည်းက အောင်အတိတ် အောင်နမိတ်နဲ့ အခြေတည်ခဲ့တဲ့ ရန်ကုန်ဆိုတဲ့ မြို့ငယ်လေးဟာ အင်္ဂလိပ်အစိုးရ က အောက်မြန်မာပြည်ကို သိမ်းပိုက်လိုက်ပြီး ချိန်ကစလို့ စနစ်တကျ နဲ့ ပီပီပြင်ပြင် မြို့တစ်ခုဖြစ်လာပါတယ် ၊ မြန်မာပြည်ရဲ့ အထင်ကရ အစိုးရ ရုံးစိုက်ရာ မြို့တော်ကြီး အဖြစ် ခေတ်အဆက်ဆက်မှာ ဖြတ်သန်းရပ်တည်ခဲ့တာ မြန်မာသိကမ္ဘာသိဖြစ်ပါတယ် ။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို မြန်မာနိုင်ငံသားတွေ သာမက မဟာရန်ကုန်ဆိုတဲ့ မြို့တော်ကြီးပါ လိုက်နာ ခဲ့ရတဲ့ အတွက် ခေတ်အဆက်ဆက်က မြန်မာနိုင်ငံရဲ့ မြို့တော်အဖြစ် နှစ်ပေါင်းရာနဲ့ချီ ဆောင်းခဲ့ရတဲ့ သရဖူကို ပျဉ်းမနားလယ်ဝေးဒေသမှာ အသစ်တည်ထားခဲ့ပြီး ဝန်ထမ်းတွေ အများဆုံးနေကြတယ့် ကွန်ကရစ် မြို့တော်သစ် နေပြည်တော်ကို မြန်မာနိုင်ငံ ရဲ့ မြို့တော်အဖြစ် သရဖူ လွှဲပြောင်းပေးခဲ့ရပါတယ် ။ဒါပေမယ့် နိုင်ငံတကာ မှာတော့ မြန်မာနိုင်ငံရဲ့ မြို့တော်ကို နေပြည်တော်ဆိုတာထက် ရန်ကုန်လို့ဘဲ ယခုထက်တိုင် လူသိများ ထင်ရှားနေဆဲ ဖြစ်ပါတယ်။

ခမ်းနားထည်ဝါလှတဲ့ကိုလိုနီခေတ် အဆောက်အအုံတွေကြီးတွေ ၊ မြို့နေပြည်သူလူထု အတွက် အပန်းဖြေ နားခိုစရာ ကလေးကစားကွင်းတွေ ၊ ပန်းခြံတွေ ၊ စိမ်းလန်းဧရိယာ တွေဆိုရင်လည်း မြို့ပြရဲ့ ဖွံ့ဖြိုးတိုးတက်မှု ၊ခေတ်အဆက်ဆက် မှားယွင်းတဲ့ အဆောက်အအုံဆိုင်ရာ မူဝါဒတွေ ၊ လာဘ်သိပ်ထိုး စီးပွားရေး လုပ်ငန်းတွေနဲ့ ဆက်နွယ်နေတဲ့ အကျင့်ပျက်ခြစားမှု တွေကြောင့် ပန်းခြံတွေက ဟိုတယ်ဖြစ်လိုဖြစ် ၊ ကစားကွင်းတွေက ကွန်ဒိုဖြစ်လိုဖြစ် ၊ စိမ်းလန်းသာယာတဲ့ နေရာတော်တော်များများကလည်း စီးပွားရေး သမားတွေ အမြတ်ထုတ်ဖို့ကောင်းတဲ့ ဈေးဝယ်စင်တာတွေ ၊ ရုံခန်း အဆောက်အအုံ တွေ အဖြစ် ခေတ်အဆက်ဆက်မှာ အသွင်ကူးပြောင်းခဲ့ပါတယ်။

မြို့နေပြည်သူလူထု စိတ်လက် အပန်းဖြေဖို့ အပန်းဖြေစရာ နေရာတွေ ဆယ်စုနှစ် နှစ်ခုအတွင်းမှာ တစ်ဖြည်းဖြည်း ပျောက်ကွယ်ကုန်တာ မြို့နေလူထု တွေ အားလုံး သိနေမြင်နေကြပါတယ်။
၁၉၆၂ ခုနှစ် မတိုင်ခင်က အာရှ တိုက်ရဲ့ စိတ်ဝင်စားစရာ ကောင်းတဲ့ အလှ ဆုံးမြို့တော်သစ်ကြီး ၊ စင်ကာပူ မြို့တည်ဖို့ အတွက် ၀န်ကြီးချုပ် လီကွမ်ယု ကိုယ်တိုင် လာရောက်လေ့လာ အတုယူရတဲ့ မြို့တော်ကြီး ၊ မြန်မာနိုင်ငံသားတွေ ဂုဏ်ယူနေရဆဲဖြစ်တဲ့ အထင်ကရ မြတ်ဘုရား ရွှေတိဂုံ ရှိတယ့် မြို့တော်ကြီး အခုချိန်မှာတော့ အားနည်းချက် ပေါင်းမြောက်များစွာနဲ့ အာရှ မဆိုထားနဲ့ အရှေ့တောင်အာရှ က မြို့တော်ကြီးတွေကိုတောင် လိုက်မီဖို့ အတွက် နှစ်ပေါင်းများစွာ ခေတ်နောက်ကျကျန်ရစ်လို့ နေခဲံရပါပြီ ။

ပင်လယ်ပြင်ကနေ သင်္ဘောစီးလာလို့ စင်ရော်ဌက်ကလေးတွေနဲ့ အတူ ပထမဆုံး အနေနဲ့ မြင်နိုင်တာကတော့သိဂုတ္တရ ကုန်းတော်ပေါ်ကမြတ်ဘုရား ရွှေတိဂုံ စေတီတော်ကြီးဘဲ ဖြစ်ပါတယ် ၊ ရွှေတိဂုံကို ဖူးရပြီဆိုရင်တော့ သင်ရန်ကုန်ရောက်ပါ ပြီလို့ ပြောနိုင်တဲ့ အထိ နိုင်ငံတကာက ကုန်စည်ကူးသန်းသွားလာရေး လုပ်တဲ့ သင်္ဘောသားလောကမှာ ထင်ရှားပါတယ်။ မြန်မာပြည်ရဲ့ စီးပွားရေး လုပ်ငန်းတွေရဲ့ အထင်ကရ အဆောက်အအုံ တွေကလည်း ရန်ကုန်ရဲ့ Heart of the city လို့ခေါ်တဲ့ မြို့တွင်းခြောက်မြို့နယ်မှာဘဲ ရှိနေတာဖြစ်ပါတယ။်

မဟာရန်ကုန်ကို စတည်ကာစက အမျှော်အမြင်ကြီးတဲ့ အင်္ဂလိပ်အစိုးရ က မြို့နေပြည်သူတွေ အတွက် မြို့တွင်း တိုက်ခန်းမှာ မွန်းကျပ်လို့ ညနေဘက်မိသာစု လိုက် အနီးအနားမှာ အပန်းဖြေနိုင်တဲ့ ပန်းခြံငယ်လေးတွေ ဖန်တီးတည်ဆောကပေးထားလို့ မိသားစုလိုက် အပန်းဖြေ နိုင်အောင် စီစဉ်ပေးခဲ့သလို ကလေးတွေကို ဆော့ကစားနိုင်စေတဲ့၊ကစားကွင်းလေးတွေပါ ရန်ကုန်က ရပ်ကွက်တိုင်းမှာ ထည့်သွင်းတည်ဆောက်ပေးခဲ့ပါတယ်။

ယနေ့ခေတ် လူငယ်တွေကို ပြောရင် ခေတ်ဟောင်းကဒဏ္ဍာရီလာ ပုံပြင်တစ်ပုဒ်အကြောင်း နားထောင်ကောင်းအောင် သူတို့ကိုလာ ပြောနေတယ်လို့ဘဲထင် မြင်ကြမှာ သေချာတယ့် အထိ ရန်ကုန်က အများကြီးပြောင်းလဲ လို့သွားပါပြီ။ ကောင်းတဲ့ အပြောင်းအလဲတွေကို လူတိုင်းက လက်ခံပေမယ့် ကိုယ်လက်စိတ်ကျန်းမာရေးက အစ စိတ်ပင်ပန်းဆင်းရဲ ရမယ့် အပြာင်းအလဲကို တော့ လက်မခံနိုင်တာ လူတွေရဲ့သဘာဝဖြစ်ပါတယ်။

မြို့တွင်းခြောက်မြို့နယ်ထဲမှာ ရှားရှားပါးပါး အပန်းဖြေနိုင်တဲ့ ပန်းခြံဆိုလို့ မဟာဗန္ဓုလပန်းခြံ တစ်ခုသာယနေ့ခေတ်မှာ အထင်အရှား ကျန်ရှိပါတော့တယ် ၊ ဒါတောင် မြို့ပြစီမံကိန်းပညာရှင်တွေ အရပ်ဘက်အဖွဲ့အစည်းတွေ က အစိုးရ အဖွဲ့ကို တွန်းတွန်းတိုက်တိုက်လုပ်ခဲ့တယ့် အပြင် သမိုင်းဝင်လွတ်လပ်ရေး ကျောက်တိုင်ကြီးလည်း ရှိတဲ့အထင်ကရ ပန်းခြံကြီးတ စ်ခုဖြစ်လို့ ကျန်ရှိခဲ့တာဖြစ်ပါတယ် ၊ ( လွန်ခဲ့တဲ့ ငါးနှစ်ဝန်းကျင်က မဟာဗန္ဓုလ ပန်းခြံကြီးရဲ့ အခြေအနေကို အားလုံးလည်း သိပြီးဖြစ်တဲ့ အထိ အခြေအနေ ဆိုးဝါးခဲ့ပါတယ်။

နေပြည်တော်လို့ ခေါ်တဲ့ မြို့တော်သစ်ကြီးကို မြို့တော်ဟောင်းရန်ကုန်မြို့တော်က အစိုးရ ရုံးတွေ ပြောင်းသွားခဲ့တဲ့ အချိန်က စပြီး ဆယ်စုနှစ် တစ်စု နီးပါး ကြာမြင့်လာတဲ့ အချိန်ထိ ရန်ကုန်မြို့မှာ ညောင်ပင်အိုတွေတွယ်ကပ်နေတဲ့ အစိုးရ ဌာနဆိုင်ရာ ရုံးဟောင်းတွေ ၊ ပြုပြင်သူ ကင်းမဲ့လို့ ပျက်စီးချင်တိုင်း ပျက်စီးနေတဲ့ အဆောက်အအုံ တွေ တော်တော်များများက မြို့ရဲ့အလှကို ဖျတ်ဆီးစေသလို ဖြစ်နေတာ အားလုံးလည်း တွေ့မြင်နေရ မှာဖြစ်ပါတယ်။

ဒါ့အပြင် ကောင်းမွန်တဲ့ စေတနာနဲ့ အလုပ်လုပ်ခဲ့ပေမယ့် မှားယွင်းတဲ့ ၇လာဒ်သစ်တစ်ခုကတော့ ရန်ကုန်သားတွေ တစ်ခါမှ မကြုံဖူးသေးတဲ့ ယာဉ်ကြောပိတ်ဆို့မှု ပြသနာဘဲ ဖြစ်ပါတယ်။ ကားစုတ်တွေ အစား ကားသစ်တွေ စီးစေချင်ခဲ့ လူကြီးမင်းရဲ့ စေတနာ ကြောင့် ကားစုတ်တွေ အစား ကားအသစ်တွေ ကို ပြည်သူတွေ ပြန်လည်စီးနင်းနိုင်ပေမယ့်လည်း မြန်မာတစ်ပြည်လုံးမှာ လမ်းမကြီးတွေပေါ်ကို ရောက်လို့လာပါတယ်။

ကားစီးရေ သုံးသိန်းကျော် ရှိလာပေမယ့် တကယ့် အခြေခံလူတန်းစား ၂ ဒသမ ၂ သန်း သုံးစွဲနေရတဲ့ဘတ်စ်ကားက ၆၀၀၀ ကျော်ဘဲရှိတဲ့အပြင် အဲဒီ အထဲကမှ အမှန်တကယ် နေ့စဉ်ပြေးဆွဲနိုင်တယ့်ဘတ်စ်ကားက အစီးရေ ၄၀၀၀ ကျော်ဘဲ ရှိတယ.်လို့ မထသ ဥက္ကဌ ကြီး ဦးလှအောင်က တွက်ပြခဲ့ဖူးပါတယ်။ ကားတင်သွင်းခွင့် မူဝါဒတွေကြောင့် အရင်က သိန်းထောင်ချီတန်တဲ့ ကားတွေ ကို သိန်းရာဂဏာန်းနဲ့ ၀ယ်စီးလို့ ရတဲ့ အထိကို အလွန်အင်မတန်ပြင်ထန်းတဲ့ Dynamic အရွေ့ကြီး တစ်ခု ဖြစ်လာပါတယ်။

ချမ်းသာတဲ့ မိသားစု တွေ အနေနဲ့လည်း အရင်တုံးက ကားတစ်စီးကို မိသားစု တစ်ခုလုံးက မျှသုံးရတဲ့ အခြေအနေကနေ မိသားစု သုံးယောက်ရှိရင် ကားသုံးစီး ၊ ငါးယောက်ရှိရင် ကားငါးစီး ဆိုတဲ့ အထိ ဖြစ်လာပါတယ် ၊ တစ်ချို့မိသားစုတွေ ဆိုရင် အနီးအနားက ဆိုင်တွေမှာ မုန့်ထွတ်ဝယ်စားတာက အစ ကားနဲ့ ဖြစ်လာပါတယ် ၊ ချမ်းသာတဲ့ မိသားစု တွေ ကား အများကြီး စီးနိုင်သုံးနိုင်တာကို မုဒိတာ ပွားနိုင်ပေမယ့် ကားများလာတဲ့ အကျိုးဆက်ကြောင့် ကားလမ်းပိတ်တဲ့ ဒဏ်ရာတွေကိုတော့ ဆင်းရဲတဲ့မိသားစု တွေ ၊ အခြေခံလူတန်းစားတွေကပါ မျှခံလာရတဲ့ အထိ အခြေအနေ ဆိုးလာပါပြီ။
အဓိကလမ်းမကြီး လေးသွယ်ဖြစ်တဲ့ အနော်ရထာ ၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း ၊ ကုန်သည်လမ်းနဲ့ ကမ်းနားလမ်း တွေမှာဆိုရင် နေ့တိုင်းလိုလို ယာဉ်ကြောပိတ်ဆို့နေတက်တဲ့ အတွက် အဲဒိလမ်းပေါ်မှာပြေးနေတဲ့ ကားတွေကို ပြန်စီစစ်ကြည့်လိုက်ရင် ဘတ်စ်ကားထက် ကိုယ်ပိုင်ယာဉ်တွေက အဆပေါင်းများစွာ များပြားနေတာကို စီစစ်တွေ့ရမှာဖြစ်ပါတယ်။

လူဦးရေ သုံးသောင်းအတွက် ပုံစံထုတ်ထားတဲ့ မြို့တွင်းခြောက်မြို့နယ်ဆိုရင် အခုချိန်မှာ လူဦးရေ သုံးသိန်းလောက်ထိနေလာကြသလို ခွင့်ပြုချင်သလို ခွင့်ပြုခဲ့တဲ့ အဆောက်အအုံ တွေ ၊ ကားရပ်ဖို့ပါကင် မရှိတဲ့ အဆောက်အအုံ တွေ ကို ခေတ်အဆက်ဆက်မှာ ဆောက်ခဲ့တဲ့ အကျိုးရလာဒ်အဖြစ် အခုအချိန်တွေမှာ ရန်ကုန်လမ်းမပေါ်မှာ ကားပါကင်နေရာ ဦးထားလို့ စကားများရန်ဖြစ်တာတွေ ၊ ရိုက်ပွဲတွေ ဖြစ်လို့ ဆေးရုံဆေးခန်းနဲ့ ရဲစခန်း မှာ ပြသနာရှင်းရတာတွေ အပြင် မကြာသေးခင် အချိန်တုံးက ဆိုရင် မြို့လယ်ခေါင်မှာ ကားပါကင် လုရင်း လူသတ်မှု အထိ ဖြစ်သွားတာကို စိတ်မကောင်းစွာ ကြားသိနေရပါတယ်။ မှားယွင်တဲ့ မူဝါဒ အကျိုးရလာဒ်ကြောင့် ခုနှစ်ရက်သားသမီး စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်နေရပါတယ်။

လသာမှာနေတဲ့ ကျွန်တော်မိတ်ဆွေ တစ်ဦးဆိုရင် ကားထားစရာ နေရာမရှိလို့ သူများတိုက်ခန်းရှေ့မှာ ကားရပ်ဖို့ တောင်းတောင်းပန်ပန် နဲ့ ပြောပြီးထားရတဲ့ အပြင် လမ်းတွေကကျဉ်း ကားတွေကများလို့ လမ်းပိတ်နေရင်လည်း ရှစ်ထပ်အမြင့်ကနေ အောက်ကို ဆင်းပြီး မကြာခဏကားကို နေရာရွှေ့ပေးရတဲ့ ဒုက္ခကလည်း မသေးလှပါဘူး ၊ ဒါ့အပြင် မကြာခဏ ကားကိုခဲတွေနဲ့ ညဘက်တွေမှာ ခြစ်ခြစ်သွားတဲ့ အတွက် ဆေးအသစ်ပြန်ပြန် မှုတ်ရလို့ ကားမှုတ်ဆေး သမားတွေနဲ့ တောင် ဖောက်သည်ဖြစ်လို့နေပါပြီလို့ အရွန်းဖောက်ပြီး ပြောပြတဲ့ အထိ သူတို့ ဒုက္ခက ကြီးပါတယ်။

ပြောင်းလဲချိန်တန်ပြီဆိုတဲ့ အမေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆွယ်ကတိစကားလိုဘဲ အမေ့လျော့ခံ နန်းကျ ရန်ကုန်မြို့တော်ကြီးမှာလည်း အများကြီး အပြောင်းအလဲ တွေ လုပ်ဖို့လိုလာပါပြီ ၊ ဆောက်ချင်သလို ဆောက်နေဆဲ ဖြစ်တဲ့ အဆောက်အအုံ တွေ ၊ ဆောက်ဖို့ အရှိန်ယူနေတဲ့ အဆောက်အအုံတွေကို မြို့ပြစီမံကိန်း ဘာသာရပ်တွေ နဲ့ အညီ ချိန်ထိုးပြီးမှ ခွင့်ပြုသင့်သလို ၊ ကိုယ်ပိုင်ကားစီးနေတဲ့လူတန်းစားကိုလည်း အများပြည်သူ သုံးဘတ်စ်ကားလိုင်းတွေ မှာ လာရောက်စီးနင်းလာစေဖို့ အတွက် အားကိုးအားထား ပြုနိုင်တဲ့ ဘတ်စ်ကား စနစ်တွေ ၊ အမြန်မြို့တွင်းပြေးရထား စနစ်တွေကို အကောင်အထည်ဖော်ပေးဖို့လိုပါပြီ ။ နောက်ကျတယ်ဆိုတာ သေဆုံးတာကလွှဲလို့ ဘယ်အရာမှ မကောင်းပါခင်ဗျာ ။

လက်သမား စကား အရ ပြောရရင် အသစ် ထက် အဟောင်းအမြင်ကို ပြန်ပြင်ရတာ ပိုခက်ခဲတယ်ဆိုတာ အားလုံးက လက်သင့်ခံပေမယ့် ယဉ်ကျေးမှု အမွေ အနှစ် ၊ သမိုင်းတန်ဖိုးမြင့်မားတဲ့ နေရာတစ်ခု ၊ ရေခံမြေခံ ကောင်းတဲ့ နေရာတစ်ခု ဖြစ်တဲ့ အမေ့လျော့ခံရန်ကုန်မြို့ကြီးကို စနစ်တကျ ပြန်လည် တည်ဆောက်မယ် ဆိုရင် နိုင်ငံတော်အတွက်လည်း ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်နိုင်လို့ ၀င်ငွေတိုးမှာဖြစ်သလို ရန်ကုန်နေပြည်သူတွေ အတွက် လည်း စိတ်လက်ချမ်းသာ စွာနဲ့ ဘ၀ကို အေးချမ်းပျော်ရွှင်စွာဖြတ်သန်းနိုင်ကြမှာဖြစ်လို့ နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့ Win – Win theory အတိုင်း အောင်မြင်ပျော်ရွှင်ကြမှာဖြစ်ပါတယ်။

ကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service