မိခင်ဖြစ်သူနေထိုင်ရန် ကရင်တိုင်းရင်းသား တစ်ဦးမှ ရွှံ့မြေကြီးကိုသာ အဓိကအသုံးပြုသော နေအိမ် ဆောက်လုပ် - Property News in Myanmar from iMyanmarHouse.com
1961 Views

မိခင်ဖြစ်သူနေထိုင်ရန် ကရင်တိုင်းရင်းသား တစ်ဦးမှ ရွှံ့မြေကြီးကိုသာ အဓိကအသုံးပြုသော နေအိမ် ဆောက်လုပ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ ၂၀ ရပ်ကွက် မြို့ကြီးရပ်၊ သဲပုံဆိပ် စစ်တောင်းမြစ်ကမ်းနားနေတွင် နေထိုင်သည့် ကရင်တိုင်းရင်းသား တစ်ဦးမှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး မျှော်လင့်ချက်ဖြင့် မြေကြီးကိုသာ အဓိကအသုံးပြု ဆောက်လုပ်သောအိမ်ဖြင့် နေထိုင်လျှက်ရှိပြီး မိခင်ဖြစ်သူ နေထိုင်ရန် လူနေအိမ် တစ်လုံးအား ထပ်မံဆောက်လုပ် လျက်ရှိကြောင်း သိရသည်။

"ကျွန်တော်တို့ လင်မယား လက်ရှိနေတဲ့ အိမ်ကလည်း ခြံထဲက မြေကြီးတူးပြီးမှ အဲဒီကရတဲ့ ရွှံ့မြေတွေနဲ့ ဆောက်တာပဲ၊ အဓိကကတော့ ငွေလည်းမကုန်တော့ဘူးပေါ့နော်၊ သစ်လည်း မခုတ်ရတော့ဘူး၊ ၀ါးလည်းမခုတ်ရတော့ဘူး၊ သစ်တောသစ်ပင်တွေလည်း မပြုန်းတီးတော့ဘူးပေါ့၊ ကျွန်တော်အခုလို ဆောက်တာလည်း ကျွန်တော့်အိမ်ထဲက မြေကြီးကို တူးပြီးတော့မှ အဲဒီမြေကြီးနဲ့ပဲ ပြန်ဆောက်တာ ဖြစ်တဲ့အတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရာလည်း ရောက်ပါတယ်၊ ပတ်ဝန်းကျင်လည်း မထိခိုက်ဘူး၊ မြေကြီးကို အသုံးပြုပြီးတော့မှ စပါးခွံရယ်၊ ကောက်ရိုးရယ် အဲဒါကိုပဲ အဓိကရောပြီး လုပ်တာပါ၊ အသုံးပြုတဲ့ ဟာတွေကလည်း လေထုညစ်ညမ်းစေတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်တာလည်း မရှိပါဘူး၊ ကျန်မာရေး အရလည်း ထိခိုက်မှု မရှိပါဘူး" ဟု ရွှံ့မြေကြီးဖြင့်အိမ် ဆောက်နေသူ ကိုစောခွားဖိုးက ပြောကြားသည်။

အဆိုပါ မြေကြီးဖြင့် ဖန်တီးဆောက်လုပ်သောအိမ်အား ကိုစောခွားဖိုး ၄၁ နှစ် (ဘ) ဦးစောဘီးဘီလူး မှ ဆောက်လုပ်ခြင်းဖြစ်ပြီး ဇနီးဖြစ်သူ မနော်လဲစေနုနှင့်အတူ လက်ရှိနေထိုင်လျှက်ရှိသော အိမ်မှာလည်း မြေကြီးဖြင့် ဆောက်လုပ်ထားကြောင်း သိရသည်။ ယခုဆောက်လုပ်နေသည့်အိမ်မှာ မိခင်ဖြစ်သူအား ပေးနေရန် ရည်ရွယ်ဆောက် လုပ်ခြင်း ဖြစ်ကြောင်း၊ မြေကြီးဖြင့် ဆောက်ထားသောအိမ်မှာ မိုးရေဒဏ်မှလွဲ၍ အခြားသဘာဝဘေး အန္တရာယ် များအား ပုံမှန်အိမ်များကဲ့သို့ ကာကွယ် မှု ပေးနိုင်ကြောင်း၊ နွေရာသီကာလတွင် အပူဒဏ် ကျရောက်ခြင်းမှ သက်သာစေကြောင်း ကိုစောခွားဖိုးမှ ပြောကြားသည်။

"ရောင်စုံပုလင်းတွေကို အလှဆင်တယ်၊ ပြတင်း တံခါးတွေကို အဟောင်းတွေဝယ်ပြီး ပြန်ဆင် တယ်၊ မြေကြီးကို အုတ်ခဲပုံစံ ပုံဖော်ရတာပေါ့၊ ၈ လက်မ ၁၆ လက်မပုံစံအရွယ် မြေခဲလုပ်ပြီးမှ နေလှန်းရတာ၊ အဲဒါခြောက်အောင် သုံးရက်လောက် နေလှန်းရတယ်၊ သူကလုံးဝခြောက်မှ ခိုင်တာလေ၊ အဲလိုမခြောက်ပဲ အထဲက စိုနေသေးရင် စိတ်မချရဘူး၊ နောက်ထပ်ကျွန်တော့် ဒီအိမ်ဆောက်တာ တစ်လလောက်တော့ ရှိပါပြီ၊ အချင်းက ပေ ၂၀၊ အမြင့်က ၉ ပေရှိပါတယ်၊ အိမ်ဆောက်ပြီးရင်လည်း ခိုင်ခန့်မှုရှိအောင် ရွှံ့မြေတွေနဲ့ လိုက်ပြီးတော့ အုပ်ရတာပေါ့၊ ကျွန်တော်တို့ ရွှံ့မြေနဲ့ဆောက်ထားတဲ့အိမ်က နွေရာသီဆိုရင် ပန်ကာတောင် မလိုပါဘူး၊ သူ့သဘာဝအတိုင်း အေးနေတာပဲ၊ အပူဒဏ်ကိုလည်း ကာကွယ်ပေးနိုင်တယ်" ဟု ကိုစောခွားဖိုးက ဆက်လက်ရှင်းပြသည်။

အဆိုပါ သဘာဝရွှံ့မြေဖြင့် ဆောက်လုပ်သော အိမ်မှာ မြင်တွေ့ရခဲသော်လည်း မြန်မာနိုင်ငံအနှံ့ မှော်ဘီ၊ မန္တလေး၊ စစ်ကိုင်းတိုင်း၊ ကချင်၊ မကွေးတိုင်းဒေသ အချို့တို့တွင် ဆောက်လုပ်နေထိုင်မှုများ ရှိကြောင်း၊ ရွှံ့မြေဖြင့် ဆောက်လုပ်သော အိမ်များမှာ ရေဖြင့် ထိတွေ့မှုမှ ရှောင်ကျဉ်ရန်သာ လိုအပ်ပြီး ပုံမှန်အိမ်များကဲ့သို့ အသုံးပြု နေထိုင်နိုင်ကြောင်း သိရသည်။

Credit: Eleven Media Group
မိခင်ဖြစ်သူနေထိုင်ရန် ကရင်တိုင်းရင်းသား တစ်ဦးမှ ရွှံ့မြေကြီးကိုသာ အဓိကအသုံးပြုသော နေအိမ် ဆောက်လုပ် - Property News in Myanmar from iMyanmarHouse.com
မိခင်ဖြစ်သူနေထိုင်ရန် ကရင်တိုင်းရင်းသား တစ်ဦးမှ ရွှံ့မြေကြီးကိုသာ အဓိကအသုံးပြုသော နေအိမ် ဆောက်လုပ် - Property News in Myanmar from iMyanmarHouse.com
မိခင်ဖြစ်သူနေထိုင်ရန် ကရင်တိုင်းရင်းသား တစ်ဦးမှ ရွှံ့မြေကြီးကိုသာ အဓိကအသုံးပြုသော နေအိမ် ဆောက်လုပ် - Property News in Myanmar from iMyanmarHouse.com
မိခင်ဖြစ်သူနေထိုင်ရန် ကရင်တိုင်းရင်းသား တစ်ဦးမှ ရွှံ့မြေကြီးကိုသာ အဓိကအသုံးပြုသော နေအိမ် ဆောက်လုပ် - Property News in Myanmar from iMyanmarHouse.com
မိခင်ဖြစ်သူနေထိုင်ရန် ကရင်တိုင်းရင်းသား တစ်ဦးမှ ရွှံ့မြေကြီးကိုသာ အဓိကအသုံးပြုသော နေအိမ် ဆောက်လုပ် - Property News in Myanmar from iMyanmarHouse.com
မိခင်ဖြစ်သူနေထိုင်ရန် ကရင်တိုင်းရင်းသား တစ်ဦးမှ ရွှံ့မြေကြီးကိုသာ အဓိကအသုံးပြုသော နေအိမ် ဆောက်လုပ် - Property News in Myanmar from iMyanmarHouse.com
မိခင်ဖြစ်သူနေထိုင်ရန် ကရင်တိုင်းရင်းသား တစ်ဦးမှ ရွှံ့မြေကြီးကိုသာ အဓိကအသုံးပြုသော နေအိမ် ဆောက်လုပ် - Property News in Myanmar from iMyanmarHouse.com
မိခင်ဖြစ်သူနေထိုင်ရန် ကရင်တိုင်းရင်းသား တစ်ဦးမှ ရွှံ့မြေကြီးကိုသာ အဓိကအသုံးပြုသော နေအိမ် ဆောက်လုပ် - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ

ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment
Emerald Bay Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service