ကမ္ဘာပေါ်မှာ ဖွံ့ဖြိုးနှုန်း အမြန်ဆုံး မြို့ပြများ - Property News in Myanmar from iMyanmarHouse.com
917 Views

ကမ္ဘာပေါ်မှာ ဖွံ့ဖြိုးနှုန်း အမြန်ဆုံး မြို့ပြများ

၂၀၂၅ ခုနှစ်ရောက်လျှင် တရုတ်နိုင်ငံက ရှန်ကျန်းမြို့တွင် လူဦးရေ (၁၂) သန်းလောက်ထိ ရှိလာလိမ့်မည်။ ၁၉၅၀ တုန်းက လူဦးရေ (၃၁၄၈) ယောက်သာရှိသော တံငါရွာ သာသာလေးသာ ဖြစ်သည်။

၁၉၆၀ တုန်းက အာဖရိကတိုက် ဆာဟာရ သဲကန္တာရ တောင်ပိုင်းခြမ်းတွင် လူဦးရေ တစ်သန်းနှင့် အထက်ရှိသော မြို့ပြဆို၍ ဂျိုဟန်နစ္စဘာ့ဂ်ျမြို့ တစ်မြို့သာ ရှိသည်။ ၁၉၇၀ ရောက်သည့်အခါ ၁၀ မြို့ထိ ဖြစ်လာသည်။ ၂၀၁၀ ပြည့်နှစ်တွင် (၃၃) မြို့ထိ ရှိလာသည်။

ကမ္ဘာတစ်ဝန်းတွင်လည်း မြို့ပြများက ကျယ်ပြန့်သထက် ကျယ် ပြန့်လာနေသည်။ ၂၀၅၀ ပြည့်နှစ် ရောက်သည့်အခါ ကမ္ဘာ့လူသားထု၇၀ရာခိုင်နှုန်းသည် မြို့ပြများတွင်
နေထိုင်နေကြမည် ဖြစ်သည်။

မြို့ပြများ မည်မျှမြန်မြန် ဖွံ့ဖြိုးကျယ်ပြန့် နေသနည်း။ ဒေသအလိုက် ကွာခြားနိုင်သည်။ ဥရောပတွင်လူဦးရေ(၇၃)ရာခိုင်နှုန်းသည် မြို့ပြများမှာ
နေထိုင်နေကြသည်။ တောင်အမေရိကတွင်ကား (၈၃) ရာခိုင်နှုန်း၊ မြောက်အမေရိကတွင်(၈၂)ရာခိုင်နှုန်းသည် မြို့ပြများတွင် နေထိုင်နေကြသည်။ မြို့ပြများ ကျယ်ပြန့်လာနှုန်း ကလည်း ရပ်မသွားသေး။

လန်ဒန်၊ နယူးယောက် တို့သည် တစ်နာရီနေတိုင်း ကိုးယောက်မှ (၁၀) ယောက်နှုန်းလောက်ထိ မြို့ပြနေဦးရေ တိုးလာနေသည်။ လန်ဒန်သည် ယခုနှစ်ဆန်းပိုင်းတွင် လူဦးရေ (၈ ဒသမ ၆) သန်းလောက် ထိရှိလာပြီ။

အာဖရိကနှင့် အာရှတို့ကား မြို့ပြနေ (၅၀) ရာခိုင်နှုန်း မကျော်သေး။ သို့သော် တိုးတက်မှုက မြန်ဆန်နေသည်။ ကမ္ဘာ့လူဦးရေ အထူထပ်ဆုံး အိန္ဒိယနှင့် တရုတ်သည် မြို့ပြနေတိုးနှုန်း အလွန်မြန်နေသည်။

ဒေလီက တစ်နာရီနေတိုင်း (၇၉) ဦး တိုးနေသည်။ မွမ်ဘိုင်းမြို့က (၅၁) ဦး တိုးနေသည်။ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့က တစ်နာရီနေတိုင်း (၅၁) ဦး တိုးနေသည်။

Credit: Messenger

ရောင်းရန်ရှိသော အိမ်ခြံမြေများ

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 02 Aug To 03 Aug

Emerald Bay Luxury Condo

From 08 Jul To 08 Aug

Central Shophouse

YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service