ဈေးနှုန်းမြင့် မန္တလေးမြို့တွင်း အိမ်ခြံမြေဈေးကွက် သွက်လက်နိုင်ခြေ နည်းပါးနေဆဲဟု ခန့်မှန်း - Property News in Myanmar from iMyanmarHouse.com
850 Views

ဈေးနှုန်းမြင့် မန္တလေးမြို့တွင်း အိမ်ခြံမြေဈေးကွက် သွက်လက်နိုင်ခြေ နည်းပါးနေဆဲဟု ခန့်မှန်း

မန္တလေးမြို့ အိမ်ခြံမြေဈေးကွက်ဟာ လတ်တလောမှာ ဈေးနှုန်းအလယ်အလတ်
တန်းဖြစ်တဲ့ အိမ်ခြံမြေတွေက အထိုက်အသင့် အရောင်းအ၀ယ်ဖြစ်ကြပေမယ့် ဈေးနှုန်း မြင့်တဲ့ မြို့တွင်း အိမ်ခြံမြေတွေကတော့ အရောင်းအ၀ယ် ဆက်လက် အေးစက်နေ နိုင်ကြောင်း အကျိုးဆောင်
တချို့က သုံးသပ်ကြပါတယ်။

အစိုးရသစ် တက်လာပြီးနောက်ပိုင်းမှာ အိမ်ခြံမြေကဏ္ဍကို ဘယ်လိုမူဝါဒ ချမှတ်ဦးမလဲဆိုတာ အများစုက စိတ်ဝင်စားစွာ စောင့်ကြည့်နေ ကြပေမယ့် အောက်ထစ် ကျပ်သိန်းပေါင်း သောင်းချီ ဈေးခေါ်နေကြတဲ့ မြို့တွင်း အချက်အချာကျတဲ့ နေရာတွေ ရဲ့ အရောင်းအ၀ယ်ကတော့ သွက်လက်စွာ လည်ပတ်နိုင်ဦးမှာ မဟုတ်ကြောင်း သုံးသပ်ကြပါတယ်။

တကယ်တော့ အိမ်ခြံမြေ၀ယ်ယူရာမှာ ၀ယ်ယူသူက သတ်မှတ်တန်ဖိုးအပေါ် ပေးဆောင်ရမယ့် အခွန်နှုန်းထားတွေအတွက် ပြီးခဲ့တဲ့နှစ်က သတ်မှတ်ချက်ဟာ အရင်နှစ်တွေထက်စာရင် လုပ်သာ ကိုင်သာ ရှိခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်မှာ အိမ်ခြံမြေတန်ဖိုး ကျပ်သိန်း ၅၀၀ နဲ့ အောက်ကို အခွန် သုံးရာခိုင်နှုန်း၊ ကျပ်သိန်း ၅၀၀ မှ ၁,၅၀၀ အထိကို ၁၀ ရာခိုင်နှုန်း၊ ကျပ် သိန်း ၁,၅၀၀ မှ ၃,၀၀၀ ကြားကို ၂၀ ရာခိုင် နှုန်း၊ ကျပ်သိန်း ၃, ၀၀၀ အထက်ကို ၃၀ ရာခိုင် နှုန်း ပေးဆောင်ဖို့ သတ်မှတ်ခဲ့ပါတယ်။

ဒါပေမဲ့ ၂၀၁၅ ခုနှစ်မှာတော့ ကျပ်သိန်း ၁,၀၀၀ အထိကို အခွန် သုံးရာခိုင်နှုန်း၊ ကျပ်သိန်း ၁,၀၀၀ မှ ၅,၀၀၀ အထိ ငါးရာခိုင် နှုန်း၊ ကျပ်သိန်း ၅,၀၀၀ မှ ကျပ်သိန်း ၁၀,၀၀၀ အထိ ၁၀ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁၀,၀၀၀ မှ ကျပ်သိန်း ၁၅,၀၀၀ အထိ ၂၀ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁၅,၀၀၀ နှင့် အထက်ကို ၃၀ ရာခိုင် နှုန်း ပေးဆောင်ဖို့ ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။

ဒါဟာ အရင်ကထက်စာရင် အတော် သက်သာသွားတယ်လို့ ပြောနိုင်ပေမယ့် အရောင်းအ၀ယ် ကတော့ ၂၀၁၅ ခုနှစ် တစ်နှစ်လုံးမှာလည်း ကောင်းကောင်း လည်ပတ်နိုင်ခြင်း မရှိခဲ့ပါဘူး။ လတ်တလောမှာ အစိုးရသစ်အနေနဲ့ အိမ်မြေကဏ္ဍမှာ အခွန်နဲ့ ပတ်သက်ရင် ဘယ်လိုကိုင်တွယ် အပြောင်းအလဲ လုပ်ဦး မယ်ဆိုတာ မသိရှိရသေးပေမယ့် အခွန်ကို ထပ်တိုးလိုက်မယ်ဆိုရင်တော့ အရောင်း အ၀ယ်အေးနေတဲ့ ဈေးကွက်ဟာ ပိုငြိမ် သက်သွားဖို့ များတယ်လို့ အိမ်မြေဈေးကွက်မှာ လုပ်ကိုင်နေသူအများစုက ခန့်မှန်းကြ ပါတယ်။

အဲဒါနဲ့ အခြားတစ်ဖက်မှာ ဖွံ့ဖြိုးပြီးနေရာမှာ ရှိနေတဲ့ အိမ်ခြံမြေပိုင်ရှင်တွေအနေနဲ့ အခွန်နှုန်းထား ဘယ်လိုပဲပြောင်းပြောင်း၊ လက်ရှိခေါ်နေတဲ့ ပေါက်ဈေးတန်းကနေ များစွာ နှိမ့်ခွာပြီး ဈေးမခေါ်နိုင်ကြကြောင်း လည်း သုံးသပ်ကြပါတယ်။

အထူးသဖြင့် ဈေးနှုန်း အလယ်အလတ်တန်းစားလို့ ခေါ်ရမှာဖြစ်တဲ့ ကျပ်သိန်း ၁,၀၀၀ နဲ့ ကျပ်သိန်း ၄,၀၀၀ ကြား အိမ်ခြံမြေတွေဟာ ဈေးနှုန်းအပြောင်းအလဲ မများနိုင်ဘူးလို့ အများစုက သုံးသပ်ကြပါတယ်။

Credit : Myamnar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service