နိုင်ငံခြားသားများ ကွန်ဒိုတိုက်ခန်းဝယ်ယူမှုများလာနိုင်ပြီး အိမ်ခြံမြေဈေးကွက် လည်း သွက်လက်လာနိုင် - Property News in Myanmar from iMyanmarHouse.com
2667 Views

နိုင်ငံခြားသားများ ကွန်ဒိုတိုက်ခန်းဝယ်ယူမှုများလာနိုင်ပြီး အိမ်ခြံမြေဈေးကွက် လည်း သွက်လက်လာနိုင်

မြန်မာနိုင်ငံသို့ အကြောင်းအမျိုး မျိုးကြောင့် လာရောက်နေထိုင်ကြ မည့် နိုင်ငံခြားသားများအနေဖြင့် ယခုအခါ ကွန်ဒိုမီနီယံဥပဒေ ထွက် ပေါ်ခဲ့ပြီဖြစ်သောကြောင့် ကွန်ဒို တိုက်ခန်းများကို ငှားရမ်းနေထိုင်ခြင်း အစား ဝယ်ယူနေထိုင်ခြင်းက ပို၍ များလာဖွယ်ရှိကာ အိမ်၊ ခြံ၊ မြေ ဈေး ကွက်လည်း ပို၍ လှုပ်ရှားသွက်လက် လာနိုင်ကြောင်း သိရသည်။

အိမ်ခြံမြေ ရောင်း၊ ဝယ်၊ ငှားသူ များအတွက် ဝန်ဆောင်မှုပေးနေ သည့် iMyanmarHouse.com မှ မန်နေဂျင်းဒါရိုက်တာ ဦးနေမင်းသူက ''ဒီလို ကွန်ဒိုဥပဒေထွက်ပေါ်ခဲ့ လိုက်တာဟာ အိမ်၊ ခြံ၊ မြေဈေးကွက်မှာ အရောင်းအဝယ် တော်တော်ဖြစ် လာနိုင်စရာ အကြောင်းရှိပါတယ်။ဥပဒေအရ ဆိုလိုထားတာက ကွန်ဒို တစ်လုံးမှာ တိုက်ခန်းပေါင်း ၁ဝဝ ရှိ ရင် အခန်းပေါင်း ၄ဝ ကို ဆောက်လုပ် ရေးသမားက နိုင်ငံခြားသားကို ရောင်း ချပေးနိုင်တဲ့ သဘောပေါ့။ အဲဒီတော့ အိမ်၊ ခြံ၊ မြေဈေးကွက်ကြီးဟာလည်း ပြန်လည် အသက်ဝင် လှုပ်ရှားနိုင် စရာအကြောင်းရှိပါတယ်''ဟု ပြောသည်။

''ဒီလို ကွန်ဒိုဥပဒေထွက်ပေါ်လိုက် တာဟာ နိုင်ငံခြားသားခရီးသွားဧည့် သည်တွေအတွက်တင် မဟုတ်ပါဘူး။ကျွန်တော်တို့နိုင်ငံအတွက်ပါ အကျိုး ဖြစ်ထွန်းစေပါတယ်။ ဆောက်လုပ် ရေးလုပ်ငန်းရှင်တွေအတွက် ဆောက် လုပ်ရေးလုပ်ငန်းတွေကို တစ်ဖက် တစ်လမ်းက စည်းမျဉ်း၊ စည်းကမ်း တွေသတ်မှတ်ပြီး ဥပဒေအရ တင်းကျပ် လိုက်တာဖြစ်တဲ့ အတွက် ဆောက် လုပ်ရေးလုပ်ငန်းတွေဟာ နိုင်ငံ တကာအဆင့်မီ စံချိန်စံညွှန်းတွေ ဖြစ် လာတော့မှာပါ၊ ကျွန်တော်တို့ နိုင်ငံ က ပြည်သူတွေအတွက် လွန်စွာ အကျိုးရှိသွားပါတယ်။ ဘာလို့လဲ ဆိုတော့ ကွန်ဒိုရဲ့စံချိန်စံညွှန်းနဲ့ ညီ ညွတ်တဲ့အခန်းတွေကို အများပြည်သူ တွေကလည်း ဝယ်ယူနိုင်ကြတော့မှာ မို့ပါ'' ဟုပြောကြားသည်။

ကွန်ဒိုမီနီယံဥပဒေ ထွက်ပေါ် လာသဖြင့် နိုင်ငံခြားသားခရီးသွား ဧည့်သည်များအတွက် ကွန်ဒိုတိုက် ခန်း တစ်လုံးလုံး၏ ၄ဝ ရာခိုင်နှုန်း ကို ဆောက်လုပ်ရေးကုမ္ပဏီများမှ ရောင်းချနိုင်ကြကြောင်း၊ ကွန်ဒိုမီနီယံ ဥပဒေအရ ဆောက်လုပ်ရေးလုပ်ငန်း များကို စည်းမျဉ်း၊ စည်းကမ်းများ သတ်မှတ်ပြီး ဥပဒေအရ တင်းကျပ် လိုက်ခြင်းဖြစ်သည့်အတွက် ဆောက် လုပ်ရေးလုပ်ငန်းများအနေဖြင့် နိုင်ငံ တကာ စံချိန်စံညွှန်းများ အတိုင်းဖြစ်လာတော့မည်ဖြစ်၍ နိုင်ငံခြားသား များသာမက ပြည်သူများ အတွက် လည်းအကျိုးရှိကြောင်း၊ ကွန်ဒိုစံချိန် မီ အခန်းများကို ဝယ်ယူနိုင်ကြမည် ဖြစ်ကြောင်း၊ ဆောက်လုပ်ရေး လုပ်ငန်းများကိုလည်း တစ်ဖက် တစ်လမ်းမှမြှင့်တင်ပေးလိုက်ခြင်းဖြစ် ကာ အိမ်၊ ခြံမြေလုပ်ငန်းများ လုပ် ဆောင်နေကြသူများ အတွက်လည်း ပိုမိုကောင်းမွန်သော အကျိုးကျေးဇူး ရလဒ်များ ရလာနိုင်မည်ဖြစ်ကြောင်း နှင့် ဥပဒေထွက်ပေါ်လာခြင်းကို အိမ်၊ ခြံ၊ မြေ အသိုင်းအဝိုင်းက ကြိုဆိုကြောင်းလည်း ၄င်းက ဆက် လက်ပြောသည်။

ပြည်တွင်းအိမ်ခြံမြေ ဈေးကွက် သည် ၂ဝ၁၄ ခုနှစ်မှ ၂ဝ၁၅ ခုနှစ် နှစ်ကုန်ပိုင်း အထိ အရောင်းအဝယ် အေးနေခဲ့ကြောင်း၊ အငှားသမားများသာ ပုံမှန်ရှိခဲ့ကြောင်း၊ ရွေးကောက်ပွဲ အပြီးတွင် အိမ်၊ ခြံ၊ မြေအရောင်း အဝယ်အချို့ရှိခဲ့ကြောင်း၊ ၂ဝ၁၆ ခုနှစ်တွင် လက်ရှိ အိမ်၊ ခြံ၊ မြေဈေး ကွက်၌ အရောင်း၊ အဝယ်၊ အငှား များ ပိုမိုဖြစ်လာနိုင်ပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏမှာလည်း ယခင် နှစ်များထက် ၅ဝ ရာခိုင်နှုန်း ပိုမိုတိုးတက်လာနိုင်မည် ဟု အိမ်၊ ခြံ၊ မြေ လုပ်ငန်းရှင်များက ခန့်မှန်းထားကြသည်။
''လက်ရှိ အိမ်၊ ခြံ၊ မြေဈေးကွက်က ပြီးခဲ့တဲ့နှစ်ကထက်စာရင် အရောင်း အဝယ် နည်းနည်းပြန်ဖြစ်နေပြီလို့ ပြောလို့ရပါတယ်။ အချို့တိုက်ခန်း သမားတွေ၊ မြေကွက်သမားတွေက လည်း ဈေးလျှော့ပြီးရောင်းချလာကြ တာကို တွေ့ရပါတယ်။ ဒီနှစ်အတွင်း နဲ့ လာမယ့် ၂ဝ၁၇ ခုနှစ် ကာလတွေ မှာ အိမ်၊ ခြံ၊ မြေဈေးကွက်ဟာ အရောင်းအဝယ်တွေ ပိုမိုဖြစ်လာ တော့မှာပါ၊ အငှားတွေလည်းဖြစ်လာ ပါလိမ့်မယ်။ နိုင်ငံခြားကနေ အိမ်၊ ခြံ၊ မြေရင်းနှီးမြှုပ်နှံ မှုတွေ အလုံးအရင်းနဲ့ ဝင်ရောက်လာပါလိမ့်မယ်''ဟု ဦးနေ မင်းသူက ခန့်မှန်းပြောကြားသည်။

နိုင်ငံ၏ အိမ်၊ ခြံ၊ မြေ ဈေးနှုန်း အတက်၊ အကျကမူ နောက်တက်မည့် အစိုးရအပေါ်တွင် မူတည်ကြောင်း၊ နောက်အစိုးရလက်ထက်တွင် အခြေခံ လူတန်းစား ပြည်သူများအတွက် တန်ဖိုးနည်းအိမ်ရာစီမံကိန်းများကို အရင်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သင့်ကြောင်း၊ လက်ရှိ ဆောက်လုပ်ပြီး သည့် တန်ဖိုးနည်း အိမ်ရာစီမံကိန်းများမှာ တစ်ခန်းလျှင် ကျပ် သိန်း ၂ဝဝ၊ ၃ဝဝ အထိ ဈေး ပေါက်ပြီး ဈေးကစားမှုများလည်း ရှိခဲ့ သဖြင့်အခြေခံလူတန်းစား များအတွက် မတတ်နိုင်ခဲ့ကြောင်း၊ နောင်ဆောက် လုပ်မည့် တန်ဖိုးနည်း အိမ်ရာစီမံကိန်း များကို အများပြည်သူများလက်ထဲ အမှန်တကယ်ရောက်ရန် မူဝါဒများချမှတ်ပြီးရောင်းစေချင်ကြောင်းလည်း ၄င်းက သုံးသပ်ပြောကြားသည်။

တန်ဖိုးနည်းအိမ်ရာစီမံကိန်းများကို ရေရှည်စီမံကိန်းအနေဖြင့် အကောင် အထည်ဖော် ဆောင်ရွက် သင့်ပြီး ကြည့်မြင်တိုင်တစ်ဖက်ကမ်း တွံတေး၊ သန်လျင်နှင့် မှော်ဘီ မြို့နယ်များ၌ မြို့သစ်စီမံကိန်းများ အကောင် အထည်ဖော်ဆောင်ရွက် ခြင်းဖြင့် မြေယာရှားပါးမှု ပြဿနာ များ ကို ဖြေရှင်းပေးနိုင်ကာ မြေဈေး နှုန်းမြင့်တက်မှုများကို လျော့ကျစေ နိုင်ကြောင်းလည်း ၄င်းက အကြံပြု ပြောကြားခဲ့သည်။

Credit: MOI Webportal Myanmar

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 08 Jul To 08 Aug

Central Shophouse

Emerald Bay Condo
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service