လှပပြီးစွဲဆောင်မှုရှိတဲ့ နေချင်စဖွယ်ဧည့်ခန်းအဖြစ် ပြောင်းလဲလို့ရမယ့် နည်းလမ်းသွယ် - Property Knowledge in Myanmar from iMyanmarHouse.com
7021 Views

လှပပြီးစွဲဆောင်မှုရှိတဲ့ နေချင်စဖွယ်ဧည့်ခန်းအဖြစ် ပြောင်းလဲလို့ရမယ့် နည်းလမ်းသွယ်

Knowledge | Posted by Zarni Kyaw

သင့်ရဲ့အိမ်တစ်လုံးကို အဓိကခြုံငုံပြီးကြည့်လိုက်မယ်ဆိုရင် အမြင်သာဆုံးနဲ့ အသုံးများဆုံး အခန်းကတော့ ဧည့်ခန်းပဲဖြစ်ပါတယ်။ အိမ်တစ်ခုလုံးက ဘယ် လောက်ပဲ လှပနေပါစေ အိမ်ရဲ့အဓိကအရေးပါတဲ့ မျက်နှာစာ ဧည့်ခန်းက လှ ပပြီး သပ်သပ်ရပ်ရပ်နဲ့ ကြည့်ကောင်းမနေဘူးဆိုရင် သင့်အိမ်ကဘယ်လိုမှ လှပနေမှာ မဟုတ်ပါဘူး။ နေအိမ်တစ်အိမ်ရဲ့ အသက်ကအိမ်ရဲ့ဝင်ဝင်ချင်း မျက်နှာဧည့်ခန်းအလှပါပဲ။ တစ်ခါတစ်ရံမှာ ဆိုဖာတွေ၊ ကုလားထိုင်တွေ၊ အလှထိုင်ခုံတွေစတဲ့ ပရိဘောဂတွေ နေရာတကျမ ထားတတ်ခြင်း၊ မလို လားအပ်တဲ့အရာတွေ ပန်းစိုင်း၊ ပန်းခြင်းတွေ၊ ရုပ်မြင်သံကြားဆက်တီခုံတွေ တွေကြောင့် ကျက်သရေဆောင် ဧည့်ခန်းတစ်ခုလုံးကိုရှုပ်ပွသွားစေတတ်ပါ တယ်။

ဒီ့ အတွက်ကြောင့် ဘယ်လိုပရိဘောဂတွေကိုဖယ်ရှားပြီး လှပပြီးအသုံးဝင် တဲ့ အရာလေးတွေကို ဘယ်လိုဒီဇိုင်း ပြင်ဆင်ခြယ်သမှုမျိုးတွေနဲ့ သင့်ရဲ့ဧည့် ခန်းလေးကိုလှပပြီး နေချင်စဖွယ်ဖြစ်အောင် ပြင်ဆင်ထားရမလဲဆိုတဲ့နည်း လမ်းလေးတချို့ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ အမွှေးပွပွနဲ့ နူးညံ့အိစက်တဲ့ အလှခေါင်းအုံးလေးတွေကို သင့်ဧည့်ခန်းထဲ ကဆက်တီခုံလေးတွေမှာ လှလှပပပြင်ဆင်ပြီးထားဖို့ အသင့်တော်ဆုံးဖြစ် ပါတယ်။ လှပပြီးအရောင်းအသွေး ဒီဇိုင်းမျိုးစုံရှိတာကြောင့် ပိုပြီးတော့ ရွေး ချယ်ထားရှိနိုင်ပါတယ်။ ဆက်တီခုံနဲ့အလိုက် ဒီဇိုင်းဖော်ပြီးတော့လည်း ထားရှိ နိုင်သလို ကွဲပြားတဲ့ ဒီဇိုင်းခေါင်းအုံးလေးတွေနဲ့လည်း သင့်ဧည့်ခန်းရဲ့ အလှ ကိုပံ့ပိုးပေးနိုင်ပါတယ်။ အိစက်တဲ့ အထိအတွေ့တွေကြောင့် ခေါင်းအောက်၊ ခါးအောက်ပိုင်းတွေမှာ သက်တောင့်သက်သာ အုံးနိုင်မှာပါ။

၂။ သင့်အနေနဲ့ ဧည့်ခန်းထဲမှာ ဆက်တီခုံတွေ အများအပြား မထားချင်ဘူး၊ နောက်ပြီး ဟာလာဟင်းလင်းကြီးလည်း ဖြစ်နေမှာစိုးရင်တော့ ပန်းဆိုင်း မီး ဆိုင်းတွဲလေးတွေ၊ အလှပန်းအိုးလေးတွေနဲ့အလှဆင်နိုင်ပါတယ်။ နံရံတွေ မှာဖြစ်စေ၊ တန်းမြင့်လေးတွေမှာဖြစ်စေ၊ မျက်နှာကျက်မှာဖြစ်စေ ချိတ်ဆွဲပြီး လှလှပပ အလှဆင်နိုင် ပါတယ်။ ဒါပေမဲ့ ဧည့်ခန်းနေရာတစ်ခုလုံးမှာတော့ ပန်းဆိုင်းတွေချည်းနဲ့ပဲ ပြည့်နေတာမျိုးတော့ မလုပ်သင့်ဘူးပေါ့။ တွဲလောင်း တွဲလောင်းနဲ့ မျက်စိရှုပ်စရာကောင်းသွားမှာမို့လို့ပါ။

၃။ ဧည့်ခန်းနေရာအကျယ်အဝန်းအလိုက် ရုပ်မြင်သံကြားစက်ဆက်တီခုံ အပြင် ဆိုဖာခုံနည်းနည်းနဲ့လှပပြီးဒီဇိုင်းဆန်းတဲ့ ကော်ဖီဆက်တီခုံလေးတွေ ထားလိုက်တာက ဧည့်ခန်းအလှရဲ့စိတ် ဝင်စားစရာကောင်းပြီး စွဲဆောင်မှုရှိ စေနိုင်ပါတယ်။ အခန်းအရောင်နဲ့ကွဲပြားတဲ့ ကာလာအရောင်လေးတွေ ဆက် တီခုံလေးတွေဆိုပိုပြီး ကြည့်ရတာဆန်းပြားပါတယ်။

၎။ သပ်သပ်ရပ်ရပ်နဲ့ နေရာအထားမှန်တဲ့ စာအုပ်စင်ကလေးတွေကိုလည်း ဧည့်ခန်းမှာ ထည့်သွင်းလိုက်နိုင်ပါတယ်။ ထောင့်တစ်ထောင့်ဖြစ်စေ၊ နံရံကပ် နေရာတစ်ခုဖြစ်စေ အကောင်းဆုံးနေရာချပေးနိုင်ပါတယ်။ အဆင့်တွေအများ ကြီးမဟုတ်ပဲ အဆင့်နည်းနည်းနဲ့ အဖိုးကြီးတဲ့ ဗဟုသုတစာအုပ်တွေ၊ နိုင်ငံ ကျော်စာရေးဆရာတွေရဲ့ ကမ္ဘာကျော်စာအုပ်လေးတွေ ကန့်စီပြီးထားလိုက် တာကလာတဲ့ ဧည့်သည်တွေကို စိတ်ဝင်တစားရှိစေနိုင်ပြီး နောက်သင့်အိမ် ရဲ့ မိသားစုအဆင့်အတန်းကို ဖော်ပြပြီးလိုက်သလို ဖြစ်သွားစေနိုင်မှာပါ။

၅။ သင်က စိတ်ကူးယဉ်ဆန်တဲ့သူ၊ အနုပညာဆန်ချင်တဲ့ သူဆိုရင်တော့ သင့် ရဲ့ ဧည့်ခန်းထဲမှာ ဖယောင်းတိုင်၊ အလှမီးအလင်းတိုင်လေးတွေကို အလှစိုက် ထူထားနိုင်ပါတယ်။ မီးထွန်းထားသည်ဖြစ်စေ၊ မီးမထွန်းထားသည်ဖြစ်စေပါ။ ဒေါက်တိုင်ပေါ် မီးအလင်းတိုင်ရောင်စုံလေးတွေကို ထိုးစိုက်ထားရုံနဲ့ သင့်ရဲ့ ဧည့်ခန်းလေးထဲ ဝင်လိုက်ရုံနဲ့ နွေးထွေးမှုနဲ့ ကဗျာဆန်ဆန်ခံစားမှုအရသာ ကို ရရှိစေနိုင်မှာဖြစ်ပါတယ်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team ဘာသာပြန်သည်။)
လှပပြီးစွဲဆောင်မှုရှိတဲ့ နေချင်စဖွယ်ဧည့်ခန်းအဖြစ် ပြောင်းလဲလို့ရမယ့် နည်းလမ်းသွယ် - Property Knowledge in Myanmar from iMyanmarHouse.com
လှပပြီးစွဲဆောင်မှုရှိတဲ့ နေချင်စဖွယ်ဧည့်ခန်းအဖြစ် ပြောင်းလဲလို့ရမယ့် နည်းလမ်းသွယ် - Property Knowledge in Myanmar from iMyanmarHouse.com
လှပပြီးစွဲဆောင်မှုရှိတဲ့ နေချင်စဖွယ်ဧည့်ခန်းအဖြစ် ပြောင်းလဲလို့ရမယ့် နည်းလမ်းသွယ် - Property Knowledge in Myanmar from iMyanmarHouse.com
လှပပြီးစွဲဆောင်မှုရှိတဲ့ နေချင်စဖွယ်ဧည့်ခန်းအဖြစ် ပြောင်းလဲလို့ရမယ့် နည်းလမ်းသွယ် - Property Knowledge in Myanmar from iMyanmarHouse.com
လှပပြီးစွဲဆောင်မှုရှိတဲ့ နေချင်စဖွယ်ဧည့်ခန်းအဖြစ် ပြောင်းလဲလို့ရမယ့် နည်းလမ်းသွယ် - Property Knowledge in Myanmar from iMyanmarHouse.com
လှပပြီးစွဲဆောင်မှုရှိတဲ့ နေချင်စဖွယ်ဧည့်ခန်းအဖြစ် ပြောင်းလဲလို့ရမယ့် နည်းလမ်းသွယ် - Property Knowledge in Myanmar from iMyanmarHouse.com
လှပပြီးစွဲဆောင်မှုရှိတဲ့ နေချင်စဖွယ်ဧည့်ခန်းအဖြစ် ပြောင်းလဲလို့ရမယ့် နည်းလမ်းသွယ် - Property Knowledge in Myanmar from iMyanmarHouse.com
လှပပြီးစွဲဆောင်မှုရှိတဲ့ နေချင်စဖွယ်ဧည့်ခန်းအဖြစ် ပြောင်းလဲလို့ရမယ့် နည်းလမ်းသွယ် - Property Knowledge in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ

ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ

အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ

လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...

မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။

ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr

ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်

အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ

Upcoming Property Events

imyanmarmarket
The Rich Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service