Myanmar Property Awards 2016 ကို ဒုတိယအကြိမ်အဖြစ် ကျင်းပမည် - Property News in Myanmar from iMyanmarHouse.com
1471 Views

Myanmar Property Awards 2016 ကို ဒုတိယအကြိမ်အဖြစ် ကျင်းပမည်

ပထမအကြိမ်အခမ်းအနားကို ၂ဝ၁၅ ခုနှစ်တွင် အလွန်အောင်မြင်စွာ ကျင်းပပြီးနောက် Myanmar Property Awards ဂုဏ်ပြုညစာစားပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို အိမ်ခြံမြေလုပ်ငန်းမှ နာမည်ကျော် ဦးဆောင်သူများနှင့်အတူ ထပ်မံ ကျင်းပမည် ဖြစ်ပါသည်။

ပြီးခဲ့သည့် ဇွန်လက Best Developer (Myanmar) အဖြစ် အမြင့်ဆုံးဆုကို ဆွတ်ခူးခဲ့သော Yoma Strategic Holdings ၊ ဆုတံဆိပ်များစွာရရှိခဲ့သော Myint & Associate Co.,Ltd တို့နှင့်အတူ နိုင်ငံတွင်းမှ ထိပ်တန်းလုပ်ငန်းရှင် ၂၅ဝကျော်သည် ၎င်းအခမ်းအနားကို ပါဝင် ဆင်နွှဲခဲ့ကြပါသည်။ ၂ဝ၁၆ ခုနှစ် အခမ်းအနားအတွက် လုပ်ငန်းရှင်များနှင့် လူထုက ရွေးချယ်ဆန္ဒပေးခြင်းများကို စတင် လက်ခံနေပြီဖြစ်ပါသည်။

တရားဝင်ဆန်ကာတင်စာရင်းကို မေလ (၃ဝ)ရက် တနင်္လာနေ့တွင် ထုတ်ဖော်ကြေငြာမည်ဖြစ်ပြီး ရွေးချယ်ခံရသူအား ဇွန်လ (၃ဝ)ရက် ကြာသပတေးနေ့တွင် ရန်ကုန်မြို့၊ ဆူးလေရှန်ဂရီလာ ဟိုတယ်၌ ကျင်းပမည့်အခမ်းအနားတွင် ထုတ်ပြန် ကြေငြာပေးမည် ဖြစ်ပါသည်။ ဒေသတွင်းမှ ထိပ်တန်းပုဂ္ဂိုလ်များနှင့် ကျွမ်းကျင်သူများက မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်း၏ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်ကို ဆွေးနွေးကြမည့် အဆင့်မြင့်ဆွေးနွေးပွဲဖြစ်သော Property Report Congress Myanmar 2016 က ပထမဆုံးအကြိမ်အဖြစ် ထိုအခမ်းအနားကို ထောက်ပံ့ပေးမည်ဖြစ်ပါသည်။

Asia Property Awards Series ၏ အစိတ်အပိုင်းတစ်ခုဖြစ်သော ဆုချီးမြှင့်ပွဲ၏ အကြိုအခမ်းအနားကို ဇန်နဝါရီ ၁၉ရက်၊ အင်္ဂါနေ့တွင် ရန်ကုန်မြို့ ၊ ဆူးလေရှန်ဂရီလာဟိုတယ်တွင် ညနေ ၆နာရီမှ ည၈နာရီအထိ ကျင်းပမည်ဖြစ်ပါသည်။ မီဒီယာ များထံသို့ သတင်းထုတ်ပြန်ခြင်းကို အဆိုပါနေရာ၌ပင် ဇန်နဝါရီ ၂ဝရက်၊ နံနက်တွင် ကျင်းပမည်ဖြစ်ပါသည်။

(၂၅)နှစ်အတွင်း ပထမဆုံး လွတ်လပ်သည့်ရွေးကောက်ပွဲဖြစ်သော သမိုင်းဝင် အထွေထွေရွေးကောက်ပွဲကြီးကို ၂ဝ၁၅ ခုနှစ်တွင် ကျင်းပခဲ့ပြီးနောက် မြန်မာနိုင်ငံသည် တိုင်းပြည်၏ ဖွံ့ဖြိုးနေသော အိမ်ခြံမြေကဏ္ဍကို လှုပ်ခတ်စေမည့် တင်သွင်းထားဆဲဖြစ်သော ကွန်ဒိုမီနီယံဥပဒေ အပါအဝင် အပြောင်းအလဲများစွာကို ဖြစ်ပေါ်စေမည့် မူဝါဒ အပြောင်းအလဲ များကို ကြိုဆိုလျက်ရှိပါသည်။

“ အခုဆိုရင် ရွေးကောက်ပွဲကာလ ပြီးဆုံးသွားပါပြီ။ မြန်မာနိုင်ငံရဲ့ ဈေးကွက်ဟာ စိတ်လှုပ်ရှားစရာကောင်းပြီး သစ်လွင်တဲ့ ဆောက်လုပ်ဆဲ ဒါမှမဟုတ် စီစဉ်နေဆဲ အဆင့်မှာ ရှိနေတဲ့ ကမ္ဘာ့အဆင့် ပရောဂျက်တွေနဲ့အတူ အရှိန်အဟုန် ပြန်လည် မြင့်မား လာမယ်လို့ မျှော်လင့်ထားပါတယ်” ဟု Asia Property Awards ကို စတင်သူဖြစ်သည့် Mr. Terry Blackburn က မှတ်ချက်ပေး ပြောကြားခဲ့ပါသည်။

“ Myanmar Property Awards ဟာ မိမိတို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို ကမ္ဘာအနှံ့က ပုဂ္ဂိုလ်တွေထံ ပြသနိုင်ဖို့ အရမ်း ကောင်းတဲ့ ပလက်ဖောင်းတစ်ခုဖြစ်ပါတယ်။ ” ဟု ၎င်းက ပြောကြားခဲ့သည်။ “ကျွန်တော်တို့ဟာ ၂ဝ၁၆ ခုနှစ်ကို အလွန် စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ သတင်းနဲ့ စတင်မှာဖြစ်ပါတယ်။ အဲဒါကတော့ Asia Property Awards ၊ အာရှဒေသက လုပ်ငန်းတွေရဲ့ရှေ့ဆောင် Property Report Magazine နဲ့ Property Report Congress တို့ဟာ ယခုအခါ Property Guru Group ရဲ့ အစိတ်အပိုင်းတွေ ဖြစ်သွားကြပါပြီ။ မြန်မာနိုင်ငံမှာ ဒုတိယအကြိမ် ကျင်းပရခြင်းအတွက် ပါရမီရှင်တွေရဲ့ အတွေးအခေါ်သစ်တွေကို ကျွန်တော်တို့အနေနဲ့ အလွန်ကျေနပ်အားရပြီး လူတိုင်းကိုလည်း ရွေးချယ်ဆန္ဒပေးကြဖို့ တိုက်တွန်းလိုပါတယ်။ ”

ကွန်ဒိုမီနီယံ၊ အိမ်ရာ၊ ဟိုတယ်၊ အပန်းဖြေစခန်း၊ ဝန်ဆောင်မှုပေးခြင်း၊ ပြုပြင်မွမ်းမံခြင်း၊ ရုံးခန်းနှင့် လက်လီရောင်းချခြင်း အပါအဝင် ကဏ္ဍများအတွက် ၂ဝ၁၆ခုနှစ် Myanmar Property Awards ဆုပေးပွဲတွင် ဆုတံဆိပ်ပေါင်း ၂ဝကျော် ပေးအပ်ချီးမြှင့်မည်ဖြစ်ပါသည်။

Myanmar Property Awards အတွက် ပါဝင်ယှဉ်ပြိုင်ခွင့်မှာ အခမဲ့ဖြစ်သည်။ ရွေးချယ်ဆန္ဒပေးခြင်းများကို ဧပြီလ (၁)ရက် အထိ လက်ခံပေးမည်ဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းအမျိုးမျိုး ၊ အကောင်အထည်ဖော်ဆောင်ရွက်သူများနှင့် ဒီဇိုင်းအမျိုးအစားများအတွက် ပါဝင်ယှဉ်ပြိုင်သူများကို ဧပြီလ (၈)ရက်အထိ လက်ခံမည်ဖြစ်သည်။

ဆုချီးမြှင့်ရန်အတွက် အကဲဖြတ်ခြင်းကို ကမ္ဘာ့အကြီးဆုံး စာရင်းပိုင်းဆိုင်ရာနှင့် စာရင်းစစ်လုပ်ငန်းဖြစ်သော BDO မှ ကြီးကြပ်မည်ဖြစ်ပါသည်။ BDO သည် ၎င်း၏ တရားမျှတမှုနှင့် ပွင့်လင်းမြင်သာမှုတို့အတွက် အသိအမှတ်ပြုခံရသော အဖွဲ့အစည်းဖြစ်ပြီး Myanmar Property Awards ၏ ယုံကြည်စိတ်ချရသော ဆုချီးမြှင့်ရေး ကြီးကြပ်သူဖြစ်ကာ ယခုအကြိမ် တွင် (၁၁)ကြိမ်မြောက်အဖြစ် ကြီးကြပ်မည်ဖြစ်သည်။

ဆုအမျိုးအစား အမျိုးမျိုးထဲတွင် Property Report အယ်ဒီတာများမှ တင်ဆက်သော အထူးဆုတစ်ခုဖြစ်သည့် Myanmar Real Estate Personality of Year လည်း ပါဝင်မည်ဖြစ်ပြီး ၎င်း၏ လွှမ်းမိုးမှုသည် လုပ်ငန်းနယ်ပယ်အတွင်း ထင်ရှားသော အမှတ်အသားတစ်ခုလည်း ဖြစ်ပါသည်။ ၂ဝ၁၅ ခုနှစ် အခမ်းအနားတွင် အဆိုပါဆုကို ရန်ကုန်မြို့ မှ Dagon City 1 စီမံကိန်းကို ဦးဆောင်သော Marga Group of Companies ၏ တည်ထောင်သူ Dr. Stephen Suen က ဆွတ်ခူးနိုင်ခဲ့ပါ သည်။


Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo
Emerald Bay Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service