အိမ်ရာလှပ မြို့ပြဖွံ့ဖြိုး - Property News in Myanmar from iMyanmarHouse.com
1011 Views

အိမ်ရာလှပ မြို့ပြဖွံ့ဖြိုး

လွန်ခဲ့သောတစ်နှစ်၊ နှစ်နှစ်အတွင်း ရန်ကုန်မြို့အပါအဝင် မြို့ကြီးများ၌မြို့ပြ အလှအပကို ထင်ဟပ်ဖော်ပြသည့် အိမ်ရာ သစ်စီမံကိန်းများ အကောင် အထည်ဖော်တည်ဆောက်လျက်ရှိပါ သည်။ တစ်ချိန်တည်းမှာပင် အထပ်မြင့်နှင့် ဟိုတယ်စီမံကိန်းများ လည်း အရှိန်အဟုန်မြှင့်တင် တည်ဆောက်လျက် ရှိပါသည်။ ဤသို့အိမ်ရာသစ်များနှင့် ဗိသုကာ လက်ရာမြောက်သော စီမံကိန်း အဆောက်အအုံကြီးများ၊ အထပ်မြင့် တိုက်တာအဆောက်အအုံ များပေါ်ပေါက် လာခြင်းသည် မြို့ပြ၏ဖွံ့ဖြိုးမှုသာမက နိုင်ငံ နှင့်လူမျိုးတို့၏ ဂုဏ်ကျက် သရေကိုပါ တိုးပွားစေနိုင်ပါသည်။

မြို့ကြီးပြကြီးများတွင် အထပ်မြင့်နှင့်မိုးမျှော်တိုက်များ တိုးပွား လာခြင်းသည် နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးလာမှုကို ထင်ဟပ် ဖော်ပြနေပါသည်။ လူစည်ကားရာမြို့ကြီးများနှင့် ဆိပ်ကမ်း မြို့ကြီးများ၌ နိုင်ငံတကာအဆင့်မီ အထပ်မြင့်အဆောက်အအုံ များ၊ မိုးပျံတိုက်တာများ ပေါ်ပေါက်လာအောင် စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်သွားရန် လိုအပ်လျက်ရှိပါသည်။ မကြာသေးမီက အထပ်မြင့်အဆောက်အအုံများ ဆောက်လုပ် ရာတွင် စည်းကမ်းလိုက်နာမှုအားနည်းနေသည့်အတွက် သတိပေး တားမြစ်မှုများ ကြားသိရသည်။ အကောင်အထည်ဖော် ဆောင်ရွက်နေသည့်ီနလနူသစနမ များအနေဖြင့်လည်း မိမိတို့ အဆောက်အအုံ စံချိန်စံညွှန်းပြည့် မီရေး၊ နိုင်ငံ တကာအဆင့်မီ ဗိသုကာလက်ရာမြောက်စွာ တည်ဆောက်ရန် လိုအပ်ပါသည်။

အခြားတစ်ဖက်တွင်လည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ကဲ့သို့ တာဝန်ရှိသည့်အဖွဲ့အစည်းများ ကလည်း ဖြေလျှော့နိုင် သည်များကို ဖြေလျှော့ပြီး မြို့ပြအတွင်းခေတ်မီ အဆောက် အအုံများ တိုးပွားလာရေးကို အလေးပေးဆောင်ရွက် သွားသင့် ပါသည်။

ယခုအခါ မြန်မာနိုင်ငံ၏အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သော ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ် နိုင်ငံတို့ရှိ မြို့တော်နှင့် မြို့ကြီးများတွင် မိုးပျံ တိုက်တာများ အစီအရီပေါ်ထွက်လာလျက် ရှိပါသည်။

ကျွန်ုပ်တို့မြန်မာ နိုင်ငံတွင်လည်း ရန်ကုန်နှင့်မန္တလေးမြို့ကြီးများ၌ ကမ္ဘာလှည့် ခရီးသွားများအား ဆွဲဆောင်မှုရှိသော မိုးမျှော်တိုက်တာများ၊ ဗိသုကာ လက်ရာမြောက်သော အထပ်မြင့်အဆောက်အအုံများ အကောင်အထည်ဖော် တည်ဆောက်သွားနိုင်မည်ဖြစ်ပါသည်။ ယခုအခါ အိမ်ရာဖွံ့ဖြိုးရေးဆုများကို အရှေ့တောင်အာရှနိုင်ငံအများစုတွင် ထုတ်ပြန်ကြေညာပေးလျက်ရှိပါသည်။ ဤသည်မှာ မြို့ပြများ စနစ်တကျဖွံ့ဖြိုးလာရေးကို တွန်းအားပေးလျက် ရှိပါသည်။

သို့ဖြစ်၍ မြို့ပြများဖွံ့ဖြိုးလာခြင်းသည် အဘက်ဘက်မှ လူမှုဘဝမြင့်မား တိုးတက်ရေးကို အထောက်အကူပြုနိုင်သည်ဖြစ်၍ မြို့ပြ၏အခြေခံ လမ်းများကောင်းမွန်တိုးတက်ရေးအပြင် အခြား သော မိုးမျှော် အထပ်မြင့်အဆောက်အအုံများနှင့် မိုတယ် စီမံကိန်းများ၊ လူနေအိမ်များ အရှိန်အဟုန်ဖြင့် ပေါ်ပေါက်လာရေးကို ဖြေလျှော့မှုများဖြင့် တွန်းအားပေးလုပ်ဆောင်သွားသင့်ပြီဖြစ်ပါ ကြောင်း။ ။

Credit: MOI Webportal Myanmar

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service