အိမ်ခြံမြေ အချက်အလက်လေးတွေ အပ်နှံတော့မည်ဆိုလျှင် - Property Knowledge in Myanmar from iMyanmarHouse.com
2613 Views

အိမ်ခြံမြေ အချက်အလက်လေးတွေ အပ်နှံတော့မည်ဆိုလျှင်

Knowledge | Posted by Zarni Kyaw

ယခုအချိန်အခါသည် စီးပွားရေး၊ ပညာရေး များ တိုးတက်မှုဘက်သို့ ဦးတည်နေခြင်းနှင့်အတူ နည်းပညာ ပိုင်းဆိုင်ရာ ကျွမ်းကျင် သူများလည်း ပိုမို များပြားလာကြပါတယ်။ ဒီတစ်ပတ်မှာတော့ အိမ်ခြံမြေ ရောင်းဝယ်မည့်သူများအတွက် မိမိတို့ အိမ်ခြံမြေ အရောင်းအဝယ်ပြုလုပ်ဖို့ စီစဉ် ပြင်ဆင်ပြီ ဆိုကတည်းက မချွင်းမချန် ထည့်သွင်း စဉ်းစားသင့်တဲ့ အချက်လေးတွေ ကို အကြံပြု တင်ပြချင်ပါတယ်။

အထက်တွင်ဖေါ်ပြခဲ့သည့်အတိုင်း နည်းပညာ နယ်ပယ် ကျယ်ပြန်လာသည်နှင့်အညီ အိမ်၊ ခြံ၊ မြေ ရောင်း၊ ငှား ချင်သူ ပိုင်ရှင်များ အနေဖြင့် ဂျာနယ်နှင့် သတင်းစာများတွင် ကြော်ငြာခြင်း၊ အကျိုးဆောင်များတွင် အပ်နှံခြင်း၊ အရပ်ပွဲစားများနှင့် ဆက်သွယ်ခြင်း များအပြင် အင်တာနက် စာမျက်နှာများ နှင့် Mobile Application များတွင် ကြော်ငြာခြင်းများလည်း ရှိလာကြပါတယ်။ အကျိုးဆောင်ပေးသူများကလည်း ၎င်းတို့ကို ယုံကြည်စွာ အပ်နှံထားသူ အိမ်ပိုင်ရှင်များ၏ အိမ်၊ခြံ၊မြေ များကို အမြန် ရောင်း/ငှား ထွက်စေရန် ကြိုးစားပေးသည့် နည်းလမ်းများအနက် လူသိများ ကျော်ကြားသော ဂျာနယ်၊ သတင်းစာမျာနှင့် အင်တာနက် စာမျက်နှာများတွင် ၎င်း အိမ်၊ ခြံ၊ မြေ အချက်အလက် အပြည့်အစုံ၊ ပတ်ဝန်းကျင် အနေအထားမှအစ အသေးစိတ် ဖော်ပြကြော်ငြာပေးခြင်းကလည်း တစ်ချက် အပါအဝင် ဖြစ်ပါတယ်။

အိမ်၊ ခြံ၊ မြေ ဝယ်/ငှားလိုသူများအနေနဲ့လည်း မိမိတို့ လိုအပ်ချက်နှင့် ကိုက်ညီသော အိမ်၊ ခြံ၊ မြေ ကို အမှန်ကန်ဆုံးနဲ့ အမြန်ဆုံးရရှိနိုင်ရန် ဂျာနယ်နှင့်သတင်းမီဒီယာများ၊ အင်တာနက်စာမျက်နှာများ၊ မိုဘိုင်း ဝန်ဆောင်မှုများမှာပါ မကျန် နည်းလမ်းများစွာ အသုံးပြု ရှာဖွေလာကြပါတယ်။ အဲလို ရှာဖွေတဲ့အခါမှာတော့ အင်တာနက်စာမျက်နှာများမှ အိမ်၊ ခြံ၊ မြေ အချက်အလက်များကို ရှာဖွေတဲ့အခါ မိမိ လိုချင်သော အချက်အလက်များကို စိတ်တိုင်းကျ စစ်ထုတ် ရှာဖွေလာနိုင်တဲ့ အခွင့်အရေးတွေလည်း ရှိလာကြပါတယ်။

အဲဒါကြောင့် အိမ်၊ ခြံ၊ မြေ များ အမြန်ရောင်း/ ငှား ထွက်ချင်သော ပိုင်ရှင်များသို့ အကြံပြုလိုသည်ကတော့ မိမိတို့ အိမ်၊ ခြံ၊ မြေ များ ရောင်းတော့ ငှားတော့ မယ်လို့ စီစဉ် ဆုံးဖြတ်ပြီး အကျိုးဆောင်ပေးမည့် သူများသို့ အပ်နှံတဲ့အခါမှာ ရှိရှိသမျှသော မိမိ အိမ်၊ ခြံ၊ မြေ ၏ အခန်းများ ဖွဲ့စည့်တည်ဆောက်ပုံအနေအထား၊ ပါဝင်ရရှိနိုင်သော အချက်အလက်များကို မချွင်းမချန်ပဲ ပြောပြ အပ်နှံပေးပြီး ပတ်ဝန်းကျင် အနေအထားနှင့် ဆက်သွယ်ရမယ့် ဖုန်းနံပတ်များကိုပါ သေချာ ပြည့်စုံမှန်ကန်စွာ ဖော်ပြ အပ်နှံသင့်ပါတယ်။ သို့မှသာ လိုအပ်ချက်များစွာနှင့် အချက်အလက်စုံလင်သော အိမ်၊ ခြံ၊ မြေ များကို ရှာဖွေသူများနှင့် တွေ့ဆုံနိုင်ပြီး မြန်ဆန် မှန်ကန်သော အရောင်းအဝယ်လုပ်ငန်းကို ပြီးမြောက်အောင်မြင်နိုင်မည်ဖြစ်ကြောင်း အကြံပြုတင်ပြလိုက်ရပါတယ်။

Credit: Myanmar Property News

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ

Upcoming Property Events

Magical World
Innwa Pyae Sone Residence

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service