သန်လျင်တွင် တည်ဆောက်မည့် အိုင်စီတီစီးတီး စီမံကိန်းလုပ်ငန်း မေလတွင် စတင်မည် - Property News in Myanmar from iMyanmarHouse.com
1709 Views

သန်လျင်တွင် တည်ဆောက်မည့် အိုင်စီတီစီးတီး စီမံကိန်းလုပ်ငန်း မေလတွင် စတင်မည်

သန်လျင်မြို့အနီးရှိ မြေဧက ၃၆၀ ပေါ်တွင် နည်းပညာကုမ္ပဏီများ စုဝေးတည်ရှိမည့် အိုင်စီတီစီးတီးကို အကောင်အထည်ဖော်ရန် လာမည့်မေလ၌ တည်ဆောက်ရေးလုပ်ငန်းများ စတင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါ အိုင်စီတီစီးတီးတည်ဆောက်မည့် မြေနေရာပေါ်တွင် ဇုန် ၄ ခု ပါဝင်မည်ဖြစ်ပြီး မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၊ ပြည်တွင်းအများပိုင်ကုမ္ပဏီအချို့နှင့် နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံသူအချို့တို့မှ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း ကွန်ပျူတာအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးဇော်မင်းဦးက ပြောသည်။

‘‘မြေဝယ်တဲ့ကိစ္စက ပြီးပြတ်သွားပြီ။ လောလောဆယ် လုပ်ငန်းလုပ်ကိုင်ခွင့် Process ကို လုပ်နေတယ်။ အိုင်စီတီစီးတီးကို အကောင်အထည်ဖော်မှာက သီလ၀ါတည်ဆောက်တဲ့ ပုံစံနဲ့ နည်းနည်းဆင်တူမယ်’’ဟု ဦးဇော်မင်းဦးက ရှင်းပြသည်။

အိုင်စီတီစီးတီး၌ ပါဝင်မည့် ဇုန် ၄ ခုမှာ ပြည်တွင်း နည်းပညာကုမ္ပဏီများအတွက် ဇုန်၊ လူနေအိမ်ရာဇုန်၊ နိုင်ငံခြားသားများကို နေရာငှားပေးရန် စီးပွားရေးဇုန်နှင့် ဈေးဝယ်စင်တာပါဝင်သည့် ကွန်ဗင်းရှင်းဇုန်တို့ဖြစ်ပြီး နိုင်ငံခြားမှ အကြံပေးအဖွဲ့များကို ငှားရမ်းလုပ်ဆောင်မည်ဖြစ်ကြောင်း အထက်ပါ အထွေထွေအတွင်းရေးမှူးက ဆိုသည်။

အဆိုပါ အိုင်စီတီစီးတီး တည်ဆောက်ရေးလုပ်ငန်းသည် လာမည့် ၂ နှစ်အတွင်း နည်းပညာကုမ္ပဏီများအတွက် လုပ်ငန်းများစတင်နိုင်ရန် ဆောင်ရွက်မည်ဟု မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် တာဝန်ရှိသူအချို့က 7Day News အား အတည်ပြုပြောကြားသည်။

လက်ရှိ၌ လှိုင်တက္ကသိုလ်နယ်မြေအတွင်းရှိ မြန်မာအင်ဖိုတက်ခ်ခေါ် MICT Park ၌ ပြည်တွင်းနှင့် ပြည်ပ နည်းပညာကုမ္ပဏီများ စုဝေးနေသော်လည်း နေရာလုံလောက်မှုမရှိ၍ ၂၀၁၄ အတွင်းက နိုင်ငံတော်သမ္မတက အိုင်စီတီစီးတီးတည်ဆောက်ရန် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြေဧက ၅၀၀ နေရာပေးမည်ဟု ပြောကြားခဲ့သည်။

သို့ရာတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်တို့ ညှိနှိုင်းပြီး သန်လျင်မြို့အနီးရှိ မြေဧက ၃၀၀ ပေါ်တွင် အိုင်စီတီစီးတီး အကောင်အထည်ဖော်ရန် သဘောတူညီခဲ့ခြင်း ဖြစ်သည်။

လက်ရှိ မြန်မာအင်ဖိုတက်ခ်ရှိ အဆောက်အအုံများမှာ နည်းပညာစွန့်ဦးတီထွင်မှုစတင်သူ (Start-up)များအတွက် ဈေးနှုန်းကြီးမြင့်နေ၍ သန်လျင်တွင် အကောင်အထည်ဖော်မည့် အိုင်စီတီစီးတီး၌ ကုမ္ပဏီရုံးခန်း ဈေးနှုန်းသက်သာရန်မှာ အရေးကြီးဆုံးဖြစ်ကြောင်း ပြည်တွင်း လူငယ်နည်းပညာလုပ်ငန်းရှင် အချို့က သုံးသပ်သည်။

Credit: 7Day News

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 02 Aug To 03 Aug

Emerald Bay Luxury Condo

From 08 Jul To 08 Aug

Central Shophouse

INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service