ဘဏ်မှချေးငွေ ရယူလိုပါလျှင် သိထားသင့်သည့် အချက်များ - Property Knowledge in Myanmar from iMyanmarHouse.com
16136 Views

ဘဏ်မှချေးငွေ ရယူလိုပါလျှင် သိထားသင့်သည့် အချက်များ

Knowledge | Posted by Hnin Ei Khin

ဘဏ် မှငွေချေးယူ လိုပါက ဦးစွာငွေချေးယူမည့်ဘဏ်တွင် ဘဏ်ချေးငွေ အတွက် သတ်မှတ် ပုံစံဖြင့် လျှောက်လွှာ တင်ရမည်။သက်ဆိုင်ရာဘဏ်ချေးငွေဌာန မန်နေဂျာမှ တစ်ဆင့်အဆင့်ဆင့် ဆောင်ရွက်သွားရမည် ဖြစ်ပါသည်။
စာရွက်စာတမ်းပြည့်စုံမှုနှင့် လုပ်ငန်း အပေါ်မူတည်ပြီးဘဏ်ချေးငွေကို တစ်ပတ်ဆက်ရက်အတွင်း
ထုတ်ယူနိုင်သည်။

ဘဏ်ချေးငွေ ရယူလိုလျှင် ယေဘုယျအားဖြင့်အောက်ပါအချက်နှစ်ချက် ပြည်စုံရမည်။
၁ ။ ရှင်သန်တိုးတက်မှုရှိသော စီးပွားရေးလုပ်ငန်း
၂ ။ ဘဏ်မှ အပေါင်းပစ္စည်းအနေဖြင့် ရယူထားရှိနိုင်မည့်

အာမခံပစ္စည်း
ဘဏ်မှငွေချေးမည်ဆိုပါကသင့်လျော်ကောင်းမွန်သည့် အာမခံပစ္စည်း တစ်ခုခု တင်ပြရပါမည်။
အာမခံပစ္စည်းတန်ဖိုး၏ ၃၀% ခန့်ကိုသာချေးငွေအဖြစ် ထုတ်ပေးသည်။ရာခိုင်နှုန်းသတ်မှတ်ခြင်းကို ဘဏ်၏ ရာဖြတ်နှင့်
ဘဏ်၏ သတ်မှတ်ပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်သည်။

ဘဏ်တွင် တွေ့ရသည့် အာမခံအမျိုးအစားများမှာ -
1. လူပုဂ္ဂိုလ်ဆိုင်ရာ အာမခံ ၊
2. မရွှေ.မပြောင်းနိုင်သော ပစ္စည်းအာမခံ ၊
3. ရွှေ.ပြောင်းနိုင်သော ပစ္စည်းအာမခံ
ဥပမာ- စိန်ရွှေရတနာ ၊ မော်တော်ကား၊စက်ပစ္စည်းစသည်အာမခံပစ္စည်းသည်ရန်ကုန်၊ စစ်တွေ၊ မော်လမြိုင် ၊ ပုသိမ် ၊ မန္တလေးမြို့ နှင့်နိုင်ငံတော်သမ္မတက ပြန်တမ်များ ကြော်ငြာပြီးသတ်မှတ်ထားသည့်မြို့များ၌ရှိလျှင် ချေးငွေစာချုပ် အတွက် တံဆိပ်ခေါင်းခွန်ကင်းလွတ်ခွင့်ရပြီး ၊ချေးငွေစာချုပ်ကို ဘဏ်တွင်သာ ချုပ်ဆိုကြရမည် ဖြစ်ပါသည်။

အကယ်၍အာမခံပစ္စည်းသည် အထက်ဖေါ်ပြပါမြို့ များတွင် မပါဝင်ပါက အာမခံပစ္စည်းတည်နေရာ မြို့၏
စာချုပ်စာတမ်း၊ မှတ်ပုံတင်ရုံးသွား၍ မှတ်ပုံတင်အရာရှိရှေ.မှောက်တွင် ငွေချေးစာချုပ်ကို ပြုလုပ်ချုပ်ဆိုရမည်။

ဤအတွက် ချေးငွေ ၁၀၀ အပေါ် ၂% တံဆိပ်ခေါင်းခွန် ထမ်းဆောင်ရမည် ဖြစ်သည်။

အာမခံပစ္စည်းသည် ရန်ကုန်မြို.၌ တည်ရှိခြင်းမဟုတ်ပါက အာမခံပစ္စည်း တည်နေရာမြို့သို့
ဘဏ်ရာဖြတ်၊ ဘဏ်ရှေ့နေနှင့် မီးအာမခံတို့ကို ခေါ်ရမည် ဖြစ်သည်။ ၎င်းအတွက် အကြိုအပို့တာဝန်ကို ငွေချေးသူများကတာဝန်ယူ ကြရသည်။ ဘဏ်အနေအထားကိုလိုက်၍ ဘဏ်ရာဖြတ်ကိုသာ ခေါ်ဆိုကြခြင်းလည်း ရှိပါသည်။

ဘဏ်ရှေ.နေကိုခေါ် ခြင်းမှာ သက်ဆိုင်ရာ စာချုပ်စာတမ်းရုံးနှင့် မြေစာရင်းရုံးတို့တွင် ကြည့်ရှုစစ်ဆေးရန် ဖြစ်သည်။
ဘဏ်ရာဖြတ်မှာ အာမခံပစ္စည်းများကို တန်ဖိုးသတ်မှတ် ပေးရန် ဖြစ်သည်။မီးအာမခံမှာ အာမခံအတွက် လုပ်ဆောင်ရန်ဖြစ်သည်။

မြေနှင့်အိမ် အပေါင်ထား၍ငွေချေးယူခြင်းအတွက်တင်ပြရန် လိုအပ်ချက်များ"

1. လွှဲပြောင်းနိုင်သော မြေအမျိုးအစားဖြစ်ရမည်။
2. မြေစာရင်းရုံးပုံစံ ၁၀၅ ၊ ၁၀၆ နှင့် ၁ (က) ရှိရမည်။
3. မြေနှင့် မြေပေါ်အဆောက်အအုံ ပိုင်ဆိုင်ကြောင်းမှတ်ပုံတင် စာချုပ် ၊မြေပုံ ၊မြေရာဇဝင်၊ ခြောက်လအတွင်း ဆက်စပ်စာချုပ်များ ၊
4. တရားဝင်လုပ်ကိုင်နေသော သက်တမ်းရှိ လုပ်ငန်းလိုင်စင် ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနတစ်ခုခုမှ ရယူထားသော လုပ်ငန်းလိုင်စင် ၊ company မှတ်ပုံတင်လတ်မှတ် ၊ သင်းဖွဲ.မှတ်တမ်းနှင့် သင်းဖွဲ.စည်းမျဉ်း ၊ ပုံစံ ၆/၂၆/ အီး စည်ပင်သာယာတွင် လုပ်ငန်းတစ်ခုခုအတွက် အခွန်ဆောင်ရပါက ၎င်းတွင်မိမိပိုင်အိမ်အတွက်
လုပ်ငန်းအတွက် အခွန်ကြွေးကျန်မရှိကြောင်း ထောက်ခံချက်ယူရန် ၊ company ဖြစ်လျှင် ဒါရိုက်တာ အဖွဲ.အစည်းအဝေး ဆုံးဖြတ်ချက် ၊
5. လုပ်ငန်းနှင့်ပတ်သက်၍ နိုင်ငံတော်သို့ ပေးဆောင်ထားသော အမြတ်ခွန်ပြေစာများ၊ ပြည်တွင်းအခွန်မှ အခွန်ကြွေးကျန်ကင်းရှင်းကြောင်း ထောက်ခံစာ၊
6. အာမခံ ဆောက်အအုံနှင့် လုပ်ငန်းဆောက်အအုံတို့ကို မှတ်တမ်းတင်ဓာတ်ပုံ ( ရှေ. ၊ နောက် ၊ ဝဲယာ ၊ အတွင်းပုံ )
7. လုပ်ငန်းနှင့်သက်ဆိုင်သော အရှုံးအမြတ်စာရင်း၊
8. အာမခံပစ္စည်းနှင့် သက်ဆိုင်သော တခြား လိုအပ်သော စာရွက်စာတမ်းအပြည့်အစုံ (မြေပုံ၊ မြေရာဇဝင်)၊
9. ဘဏ်တွင် အပေါင်ထားသည့် မြေနှင့်အိမ်ကို မိမိအမှန်တကယ်ပိုင်ဆိုင်ကြောင်း ၊ လွှဲပြောင်းရောင်းချ
ပေါင်းနှံထားခြင်း မရှိကြောင်း တရားသူကြီးထံမှ ကျမ်းကျိန်လွှာ၊
10. တခြားလိုအပ်သော စာရွက်စာတမ်းများ ( စည်ပင်ခွန်၊ မြေခွန် ၊ပြေစာများ ၊အိမ်ထောင်စုစာရင်း
မိတ္တူသုံးစုံ မှတ်ပုံတင် ) ( company အစည်းအဝေး ဆုံးဖြတ်ချက်) ၊ မှတ်ပုံတင်မိတ္တူ ၊
11. အဆောက်အအုံမှာ အသစ်ဖြစ်က ဆောက်လုပ်ပြီးစီးကြောင်းသက်သေခံလက်မှတ် B.C.C ။
ထိုကဲ့သို. ချေးငွေလျှောက်လွှာ အမှုတွဲတင်ရာတွင်ဘဏ်ရှေ.နေထောက်ခံချက်နှင့် ရာဖြတ်အစီရင်ခံစာတို့
ပါရှိရမည်။ အဆိုပါ ဘဏ်ချေးငွေကို အတိုးရော အရင်းပါ တစ်နှစ်အတွင်းပြန်ဆပ်ရသည်။

ဘဏ်တွင်း ငွေသွင်းငွေထုတ် လုပ်ရန်ကြိုတင်ပြုလုပ်ထားရသောစာရင်းရှင်လက်မှတ်မှတစ်ဆင့် ( Current Account )
ထုတ်ယူနိုင်ပါသည်။ ဘဏ်များမှ ငွေချေးယူခြင်းနှင့်ပက်သက်၍လိုအပ်ချက်နှင့် လုပ်ထုံးလုပ်နည်းများအား နမူနာဗဟုသုတအဖြစ် အကြမ်းဖျင်းတင်ပြခြင်းသာ ဖြစ်ပါသည်။ဘဏ်တစ်ခုနှင့်တစ်ခုမှာ ငွေချေးယူရန် လိုအပ်သည့်
အထောက်အထား စာရွက်စာတမ်း၊ ဘဏ်တိုး၊ အချိန်ကာလနှင့် လုပ်နည်းလုပ်ဟန်မှာ အနည်းအကျဉ်းစီ ကွဲလွဲမှုများ
ရှိနိုင်မည်ဖြစ်ပါသည်။


Credit : ဇော်မြင့်ဦး (အိမ်ခြံမြေ လမ်းညွှန်)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ

Upcoming Property Events

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service