သင့်အိမ်ကိုကြာရှည်သက်တမ်းခံအောင်ဘယ်လိုထိန်းသိမ်းမလဲ - Property Knowledge in Myanmar from iMyanmarHouse.com
1301 Views

သင့်အိမ်ကိုကြာရှည်သက်တမ်းခံအောင်ဘယ်လိုထိန်းသိမ်းမလဲ

Knowledge | Posted by Si Thu Aung

အိမ်တစ်အိမ်ဖြစ်လာဖို့ဆိုတာမလွယ်ကူပါဘူး။ အချိန်၊ငွေ၊လူ အင်အားတွေအများကြီးစိုက်ထုတ်ပြီးမှ ဖြစ်လာတာပါ။ ဒါကြောင့်မို့ဖြစ်လာတဲ့အိမ်လေးအပေါ်မှာလည်း တန်ဖိုးထားထိန်းသိမ်းဖို့လိုပါတယ်။ အိမ်တစ်လုံးဟာ နေဖို့သက်သက်တင်မဟုတ်ဘဲ သင့်ရဲ့အောင်မြင်မှုဘဝအလှည့်အပြောင်းတွေမှာလဲ နေရာတစ်ခုကနေ ပါနေလို့ဘဲဖြစ်ပါတယ်။

၁။ မီးဖိုချောင်

အိမ်တစ်လုံးအတွက် စတင်ပျက်စီးနိုင်ဖို့ဖြစ်နိုင်ချေအများဆုံးဟာ မီးဖိုချောင်ပါဘဲ။ နေ့စဉ်ချက်ပြုတ် စားသောက်တဲ့ ထမင်းဟင်းတွေ၊ အသားငါးအစိမ်းအစိတ်အပိုင်းတွေ၊ စားကြွင်းစားကျန်နဲ့ အမှိုက်သရိုက်တွေ၊ ဒါတွေကိုနေ့စဉ်ရှင်းလင်းမှုမလုပ်နိုင်ရင် ကြွက်တွေရဲ့အန္တရာယ်ရှိလာပါတယ်။
ကြွက်တွေဟာအိမ်ကြမ်းခင်း၊ ပစ္စည်းတွေများပြီးမှောင်မိုက်စိုစွတ်တဲ့ထောင့်တွေနဲ့ အကြိုအကြားတွေမှာခိုအောင်းပါတယ်။ မီးဖိုချောင်မှာ သင်သေချာမသိမ်းဆည်းမိတဲ့အရာတွေက သူတို့ကိုဖိတ်ခေါ်ပါတယ်။ ရောဂါပိုးတွေနဲ့အိမ်ကိုလည်း မြန်မြန်ပျက်ဆီးစေပါမယ်။ ထမင်းဟင်းချက်တဲ့မီးဖိုကနေ မီးအန္တရာယ်လည်းရှိတာကြောင့်
မီးဖိုချောင်ကသင့်အိမ်အတွက် အားအနည်းဆုံးနေရာပါဘဲ။

၂။ ရေပိုက်များ

သံစောင်း၊ ဓါးစောင်း၊ ကျောက်စောင်းထက် ရေစောင်းထက်တယ်ဆိုတဲ့ စကားလိုပါဘဲ။ သင့်အိမ်မှာရေပိုက်တွေ ဟာလုံခြုံမှုမရှိဘူး၊ ယိုစိမ့်နေမယ်ဆိုရင် စက္ကန့်နဲ့အမျှအိမ်ကိုထိုးနှက်နေသလိုပါဘဲ။ ပထမဆုံးရေတွေဆုံးရှုံးမယ်။ ဒုတိယရေနဲ့ထိနေတဲ့နေရာတွေမှာ ရေညှိတက်လို့အမြင်ဆိုးမယ်။ နောက်ဆက်ပြီးတော့ အိမ်နံရံတွေကြံ့ခိုင်မှု လျော့လာမယ်။ စပျက်ဆီးမယ်။
အချိန်မသင့်ခင်ပျက်စီးရတာလောက်နှမြောဖို့ကောင်းတာမရှိပါဘူး။ သည်တော့ ဒါကိုအသေးအမွှားလို့သဘောမထားသင့်ပါဘူး။ အိမ်ကရေပိုက်တွေကိုအမြဲစစ်ဆေးပေးပါ။

၃။ အိမ်နံရံတွေကိုဆေးသုတ်ပေးပါ။

အိမ်ရဲ့သက်တမ်းကြာလာတာနဲ့အမျှ ရာသီဥတုဒဏ်ကိုတိုက်ရိုက်ခံရတဲ့ အိမ်နံရံတွေဟာ ကြံ့ခိုင်မှုအားနည်းလာ ပါတယ်။ နံရံရဲ့အပြင်ဘက်မျက်နှာပြင်စပါတယ်။ ပထမဆုံးသုတ်ထားတဲ့ဆေးတွေခြောက်လာမယ်။ ဆေးတွေ ကွာကျမယ်။ အင်္ဂတေသားမျက်နှာပြင်တွေခြောက်လာပြီး အမှုန်တွေထမယ်။ သည်အဆင့်ထိမရောက်ခင် ထိန်းသိမ်းမှုကိုစတင်ပါ။
ဆေးလေးပုံမှန်သုတ်ပါ။ သင့်အနေနဲ့ရက်သတ္တပတ်တိုင်းမှာ တစ်ပါတ်ကိုနှစ်နာရီ လောက်ဘဲအချိန်ပေးပါ။ နှစ်ထပ်အိမ်တစ်လုံးကိုလေးလအတွင်းဆေးသုတ်ပြီးနိုင်ပါတယ်။

၎။ အိမ်ပတ်ဝန်းကျင်သန်ရှင်းရေးလည်းဂရုစိုက်ပါ။

သင့်အိမ်ကျန်းမာရေးကောင်းမွန်ဖို့ အိမ်ကိုဘဲဂရုစိုက်နေလို့မရပါဘူး။ လူတောင်မှဘယ်လောက်ဘဲအားဆေး အကောင်းစားတွေမှီဝဲပါစေ၊ နေထိုင်တဲ့ပတ်ဝန်းကျင်မသန့်ရှင်းရင် ရောဂါထူပြောနိုင်သေးတာ အိမ်လဲအတူတူပါ။ အိမ်ရဲ့ပတ်ဝန်းကျင်တစ်ဝိုက်က အမှိုက်တွေ၊ ပလတ်စတစ်တွေ၊ ရေဝပ်နိုင်မယ့်နေရာတွေ၊ ချုံနွယ်ပိတ်ပေါင်းတွေ၊ အနံ့ဆိုးဖြစ်စေမယ့်အရာတွေ အားလုံးကိုဂရုစိုက်ပါ။

Credit : Social News

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ

Upcoming Property Events

From 25 Apr To 09 May

Mingalardon Garden City

From 10 May To 11 May

Mingalar Market

From 10 May To 11 May

Magical World Apartment

Magical World
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service