အိမ်လခက ဈေးတက်၊ လစာက မတက်၊ အကြွေးတွေ ထပ်ထပ်လာ - Property News in Myanmar from iMyanmarHouse.com
1187 Views

အိမ်လခက ဈေးတက်၊ လစာက မတက်၊ အကြွေးတွေ ထပ်ထပ်လာ

အိမ်လခတွေသာ တက်သွားပေမယ့် ကုမ္ပဏီဝန်ထမ်း ကိုအောင်ရဲ့ လစာကတော့ မတက်ပါဘူး။ လစာမတက်တာကြောင့်လည်း ကိုအောင်တို့မိသားစုမှာ တစ်လတစ်လ ၀မ်းရေးကို ကြုံသလို ဖြေရှင်းနေရတာပါ။ အပြင်စာ ၀ယ်မစားနိုင်တာ နှစ်နဲ့ချီ ကြာမြင့်နေပါပြီ။ ကိုအောင်တို့မိသားစုဟာ တောင်ဒဂုံမှာ နေထိုင်ပါတယ်။ သူ့မှာ မိန်းမနဲ့ ကလေးတစ်ဦးရှိပါတယ်။

ကိုအောင်က "ကလေးမမွေးခင်တုန်းကလဲ ဒီလစာပဲ၊ ကလေးမွေးပြီးတော့လဲ ဒီလစာပဲ၊ အခု ကလေးတောင် လမ်းလျှောက်တတ်နေပြီ၊ စရိတ်တွေသာ ကြီးကုန်တာ လစာက မတက်တော့ ကြပ်ပြီပေါ့"လို့ ပြောပါတယ်။

လခစား ပုဂ္ဂလိက ၀န်ထမ်းတချို့မှာ ရတဲ့လစာနဲ့ အိမ်ငှားစ၇ိတ် မမျှတတာတွေကြောင့် စားဝတ်နေရေးမှာ အခက်အခဲကြုံတွေ့နေရတယ်လို့ သိရပါတယ်။

ကိုအောင်က "ရတဲ့လစာ ၀င်ငွေနဲ့ အိမ်လခက ကွာဟလာတော့ အခက်တွေ့ပြီပေါ့ဗျာ။ အိမ်ဖိုးပြည့်တဲ့လဆို လိုက်ပြီးချေးငှားနေရတယ်၊ လစာက တစ်သိန်းကျော်ပဲ ရတာ၊ အခုအိမ်လခက တစ်လကို တစ်သိန်းကျော်လာပြီ၊ လစာလဲ အိမ်လခထဲမှာပဲ ကုန်နေတော့ ကျွန်တော်တို့လို မိသားစုတွေ တစ်လ တစ်လ အကျွေးတွေ ထပ်လို့ဗျာ"လို့ ပြောပါတယ်။

ကိုအောင်ဟာ လွန်ခဲ့တဲ့ (၄) နှစ်ကျော်လောက်ကတည်းက အိမ်ထောင်ကျတာ ဖြစ်ပါတယ်။ အိမ်ထောင်ကျ ကတည်းက အိမ်ငှားနေတာပါ။ အိမ်စငှားနေတုန်းက အိမ်လခစာ တစ်လကို ကျပ် (၅၀,၀၀၀) လောက်သာ ပေးရပါတယ်။ အခုအချိန်မှာတော့ အိမ်လခက တစ်လကို ကျပ် (၁၂၀,၀၀၀) အထိ ပေးနေရပြီလို့ သိရပါတယ်။

အခုဆိုရင် အိမ်ငှားခတွေဟာ မြို့နယ်တိုင်းလိုလိုမှာ ဈေးတက်နေတာ ဖြစ်ပါတယ်။ တချို့မိသားစုတွေဆိုရင် အိမ်လခဈေး မတတ်နိုင်တော့တာကြောင့် ဘော်ဒါဆောင်တွေမှာ
ပြောင်းနေတာမျိုး၊ တည်းခိုခန်းတွေမှာ နေတာမျိုး၊ တစ်လတစ်ခါ ပေးလို့ရတဲ့အခန်းကျဉ်းလေးတွေမှာ နေထိုင်လာတာမျိုးတွေ ဖြစ်လာပါတယ်။

Credit : Wai Phyoe

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 02 Aug To 03 Aug

Emerald Bay Luxury Condo

From 08 Jul To 08 Aug

Central Shophouse

INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service