သီလ၀ါ အထူးစီးပွားရေးဇုန်တွင် လက်ရှိအချိန်အထိ နိုင်ငံပေါင်း ၁၂ နိုင်ငံမှ ကုမ္ပဏီ ၄၈ ခုက ဒေါ်လာ သန်း ၅၀၀ ကျော် ရင်းနှီးမြှုပ်နှံထား - Property News in Myanmar from iMyanmarHouse.com
1223 Views

သီလ၀ါ အထူးစီးပွားရေးဇုန်တွင် လက်ရှိအချိန်အထိ နိုင်ငံပေါင်း ၁၂ နိုင်ငံမှ ကုမ္ပဏီ ၄၈ ခုက ဒေါ်လာ သန်း ၅၀၀ ကျော် ရင်းနှီးမြှုပ်နှံထား

သီလ၀ါ အထူးစီးပွားရေးဇုန်တွင် ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်အထိ နိုင်ငံပေါင်း ၁၂ နိုင်ငံမှ ကုမ္ပဏီပေါင်း ၄၈ ခုက စုစုပေါင်း အမေရိကန် ဒေါ်လာ သန်း ၅၀၀ ကျော် ရင်းနှီးမြှုပ်နှံထားကြောင်း မြန်မာ အထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဥာဏ်ထွန်းက ပြောကြားခဲ့ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားချက်အရ သိရသည်။

သီလ၀ါ အထူးစီးပွားရေးဇုန် ပထမ အဆင့်(၁) အနေဖြင့် ဟက်တာ ၄၀၀ ရှိသည့် Residential Area နှင့် Commercial Area ကို လုပ်ဆောင်မည် ဖြစ်ကြောင်း၊ ထို့ပြင် သီလ၀ါ အထူးစီးပွားရေးဇုန်၏ ဒုတိယအဆင့် အနေဖြင့် ဟက်တာ ၇၀၀ ကို စတင် အကောင်အထည်ဖော် ဆောင်ရွက်မည် ဖြစ်ပြီး ဟက်တာ ၇၀၀ အကောင်အထည် ဖော်မည့် MOU စာချုပ် လက်မှတ်ရေးထိုးရန် အတွက် ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၂၇ ရက်တွင် အစည်းအဝေး ကျင်းပခဲ့ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ထို့ပြင် သီလ၀ါ အထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံမှု အနေဖြင့် ၂၀၁၄ ခုနှစ် နိုဝင်ဘာ ၂၅ ရက်မှ ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်အထိ နိုင်ငံပေါင်း ၁၂ နိုင်ငံမှ ကုမ္ပဏီ ၄၈ ခုအား ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုမိန့် ထုတ်ပေးခဲ့ပြီး ကုမ္ပဏီ ၄၆ ခုကို ဖွဲ့စည်း မှတ်ပုံတင်ပေးခဲ့ကြောင်းနှင့် ကုမ္ပဏီ ၄၈ ခု၏ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော် ရှိကြောင်း သိရသည်။

သီလ၀ါ အထူးစီးပွားရေးဇုန်တွင် လုပ်ကိုင်ခွင့် ရရှိထားသည့် ကုမ္ပဏီများအနက် အချို့မှာ လက်ရှိ စမ်းသပ် လည်ပတ်လျက်ရှိပြီး မကြာခင် ထုတ်လုပ်ရေး လုပ်ငန်းများ စတင်တော့မည် ဖြစ်ကြောင်း သိရသည်။

“အခုချိန်မှာ Test Running လုပ်နေတဲ့ ကုမ္ပဏီတွေကတော့ ဂျပန်နိုင်ငံက မော်တော်ကား Radiator ထုတ်လုပ်တဲ့ ကုမ္ပဏီဖြစ်တဲ့ KOYORAD နဲ့တရုတ်နိုင်ငံက ကမ္ဘာ့ဒုတိယ အကြီးဆုံး ရှပ်အင်္ကျီ ထုတ်လုပ်တဲ့ ကုမ္ပဏီဖြစ်တဲ့ LUTHAI ကုမ္ပဏီတို့ ဖြစ်ပါတယ်။ နောက်မကြာခင်မှာ ဂျပန်က လျှပ်စစ်ပစ္စည်း ထုတ်လုပ်တဲ့ Foster လည်း လာပါတော့မယ်” ဟု Myanmar Japan Thilawa Development Limited မှ Officer & General Manager ဦးမြင့်ဇော်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။

သီလ၀ါ အထူးစီးပွားရေးဇုန်တွင် မြန်မာနိုင်ငံမှ ၅၁ ရာခိုင်နှုန်း၊ ဂျပန်နိုင်ငံမှ ၄၉ ရာခိုင်နှုန်းဖြင့် အကောင်အထည် ဖော်နေခြင်းဖြစ်ပြီး သီလ၀ါ အထူးစီးပွားရေးဇုန်၊ Zone A ၏ ၂၁၁ ဟက်တာရှိသည့် Phrase-1 ကို ၂၀၁၅ ခုနှစ် စက်တင်ဘာ ၂၃ ရက်က ဖွင့်လှစ်ခဲ့သည်။

Credit: Eleven News

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 02 Aug To 03 Aug

Emerald Bay Luxury Condo

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service