အိမ်၊မြေ ပေါင်နှံခြင်းနှင့် ပတ်သက်၍ သတိထားဖွယ်ရာများ - Property Knowledge in Myanmar from iMyanmarHouse.com
7449 Views

အိမ်၊မြေ ပေါင်နှံခြင်းနှင့် ပတ်သက်၍ သတိထားဖွယ်ရာများ

Knowledge | Posted by Hnin Ei Khin

မြန်မာ အိမ်ခြံမြေ ဈေးကွက် အတွင်း အိမ်ခန်း၊ တိုက်ခန်း၊ မြေ ကွက်များကို ပေါင်နှံလျက်
ငွေကြေး ချေးယူရာတွင်
- ငွေရှင်အများစုက စာချုပ်စာတမ်း ချုပ်ဆိုရာ၌
အားသာ ချက်များ ရယူချုပ်ဆိုခြင်း၊
- မြေရှင်၊ အိမ်ရှင်များအနေဖြင့်လည်း အပေါင်ပစ္စည်းဖြင့်
ငွေရှင်းမှုအတွက် ပြဋ္ဌာန်း ထားသည့် ဥပဒေများကို
စေ့စေ့ငင နားလည်မှု အားနည်းခြင်း
စသည် တို့ကြောင့် ပိုင်ရှင်များဘက်မှ ဆုံးရှုံး နစ်နာမှုများ
ဖြစ်ပေါ်နေရကြောင်း ဝါရင့်တရားလွှတ်တော်ရှေ့နေများ
နှင့်အိမ်ခြံမြေ အကျိုးဆောင်များ ထံမှ သိရသည်။

"အိမ်ဈေးတွေကလည်း တက် လာတော့ ငွေရှင်တွေက အိမ်ကို အရင်ပေါင်ထားတဲ့ ဈေးနဲ့တင်
သိမ်း ချင်ကြတယ်။ မြေရှင်တွေဘက်က လည်း စပေါင်ခါစ အရောင်းအဝယ်စာချုပ်ချုပ်တဲ့ အချိန်မှာကတည်းက မှတ်ချက်အနေနဲ့ နှစ်အပိုင်းအခြား တစ်ခုအတွင်း
သူ့ကိုပဲ တန်ဖိုး သတ်မှတ်ချက်တစ်ခုနဲ့ ပြန်ရောင်း ပေးရမယ်
ဆိုတဲ့ အချက်ကလေး တစ်ခုကို ထည့်သွင်းချုပ်ဆိုထား ရမယ်။မဟုတ်ရင်တော့ အိမ်မြေ ဆုံးသွားတာများတဲ့အပြင်
တရားမ မှုတွေနဲ့ အပြန်အလှန်စွဲရမှာ ဆို တော့အမှုကြာနိုင်တယ်။ ငွေရှင်တွေက ဥပဒေအသာစီးယူပြီး စာချုပ် စာတမ်းတွေနဲ့
အပိုင်ချုပ်တာရယ်။ မြေရှင်၊ အိမ်ရှင်တွေကလည်း ငွေရ လိုမှု တစ်ခုတည်းနဲ့အလွယ် လက်မှတ်ထိုးမိတာကြောင့် နစ်နာ တဲ့သူ အများစုကမြေရှင်၊ အိမ်ရှင် တွေ များတယ်”ဟု ဝါရင့် တရား လွှတ်တော်ရှေ့နေကြီး ဦးထွန်းအေး
ကပြောသည်။

မိမိတို့ ပိုင်ဆိုင်သည့် အိမ်၊ ခြံ၊ တိုက်ခန်းများကို နိုင်ငံပိုင်ဘဏ် များ၊ ပုဂ္ဂလိကပိုင် ဘဏ်များတွင်သွားရောက်ပေါင်နှံမည်ဆိုပါက အတိုးနှုန်းမှာ တစ်နှစ်လျှင် ၁၃ ရာခိုင်နှုန်းသာ ရှိသော်လည်း
ပိုင်ဆိုင်မှု စာရွက်စာတမ်းများ အပြင် လုပ်ငန်းဝင်ငွေများပါ ထည့် သွင်းဖော်ပြရခြင်း၊ယင်းလုပ်ငန်း များမှ နှစ်ချုပ်စာရင်းဇယားများကို
တင်ပြရသည့်အပြင် မီတာ၊ မြေခွန် ဆောင်သည့် စာရွက်စာတမ်းများကိုပါထည့်သွင်းတင်ပြခြင်းတို့ ပြုရ
ကြောင်း၊ ထိုသို့ တင်ပြရာတွင် စာရွက်စာတမ်း အထောက်အထားမြောက်မြားစွာ တောင်းဆိုခြင်း၊ စစ်ဆေးချိန် ကြာမြင့်ခြင်း စသည် တို့ရှိသည့်အတွက် ငွေကြေး အမြန် လိုအပ်နေသည့် အိမ်ရှင်၊ မြေရှင်တို့အနေဖြင့်မိတ်ဆွေအချင်းချင်း
ငွေလှည့်ခြင်းဖြင့်သော်လည်ကောင်း၊
ငွေရှင်များနှင့် ချိတ်ဆက်၍သော် လည်းကောင်း
ပေါင်နှံမှုများ အများ အပြားရှိကြောင်း၊
ယခုကဲ့သို့ အိမ်ခြံ မြေဈေးကွက် အေးနေချိန်တွင်
အိမ် ခြံမြေများကို ဈေးကွက်ပေါက်ဈေး ၏ ထက်ဝက်ပမာဏဖြင့်အပေါင် ထားကာ ငွေလှည့်သုံးသည့် အလေ့အထများကြောင့်အရှုပ်အရှင်းများ ဖြစ်ပေါ်လျက်
ရှိကြောင်း သိရသည်။

"အခုနောက်ပိုင်း အပေါင်ခံတဲ့ လူတွေက အရောင်းအဝယ်စာချုပ် လည်း ချုပ်ခိုင်းတယ်။
GP လည်း လုပ်ခိုင်းတဲ့အပြင် မူရင်းဂရန်ကို လည်း ယူထားတဲ့အတွက် ပိုင်ဆိုင် သွားတာ
သေချာသလောက်ဖြစ် လို့ ဖြစ်နိုင်ရင် အိမ်ရှင်၊ မြေရှင်တွေ ကို GP လွှဲပေးတာမျိုးမလုပ်စေ ချင်ပါဘူး။ တကယ်လို့ မဖြစ်မနေ လွှဲပေးမှ ဖြစ်မှာမို့
လုပ်ပေးရ မယ်ဆိုရင်လည်း စာချုပ်ထဲမှာ ပိုင်အောင်
ထည့်ချုပ်စေချင်တယ်” ဟု ဦးထွန်းအေးက ပြောသည်။

အိမ်ခန်း၊ မြေကွက်များကို အပေါင်ထားရာတွင်
အရပ်စာချုပ် များဖြင့် နှစ်ဦးသဘောတူ စာချုပ် ချုပ်ဆိုလျက်
အတိုးရယူခြင်းသည် မြန်မာနိုင်ငံ ငွေချေးငှားခြင်း အက်ဥပဒေနှင့်အကျုံးမဝင်သည့် အတွက် ငွေရှင်များနှင့် အိမ်ပေါင် သူများအကြား အပေါင်ပစ္စည်းဖြင့်
ငွေချေးရာတွင် အိမ်အရောင်းအဝယ် စာချုပ် ချုပ်ဆိုပြီး
၎င်းအိမ်တွင်ပင် မူလနေထိုင်သူများကို မေတ္တာဖြင့်
နေထိုင်ခွင့်ပေးခြင်း၊ စာချုပ်များ ပြန်လည်ချုပ်ဆိုပြီး အတိုးနှုန်းများ ကိုနှစ်ဦးနှစ်ဖက်ကျေနပ်သည့် နှုန်း ထား သတ်မှတ်၍ပေါင်နှံကြခြင်း ဖြစ်ကြောင်း၊ငှားရမ်းကာလအား အများဆုံး တစ်နှစ်နှင့် အတိုးနှုန်းကိုကျပ် ၁ဝဝ လျှင် ငွေ ငါးကျပ်နှုန်း သတ်မှတ်ကာအပေးအယူလုပ်ကြ ကြောင်း အိမ်ခြံမြေအကျိုးဆောင် များထံမှ သိရသည်။

"လူနေရင် ငွေရှင်တွေက ငွေ မချေးတာ များတယ်။ချေးမယ်ဆို ရင်လည်း အတိုးက ရှစ်ကျပ်ယူ တယ်။
ပုံမှန်ကတော့ ငါးကျပ်ယူ တယ်။အရောင်းအဝယ်စာချုပ်၊ SpecialPowerမရရင်GeneralPower တောင်းတယ်။အများဆုံး ပေးတာကတော့ ဈေးကွက်ထဲမှာ ရှိတဲ့
ပေါက်ဈေး၊ တကယ်ရရမယ့် အိမ်တန်ဖိုးရဲ့ ၃ဝ ရာခိုင်နှုန်းပဲ
ထုတ်ချေးပေးတာ များတယ်။ ကျွန်တော့အတွေ့အကြုံအရတော့
မြေရှင်၊ အိမ်ရှင်တွေဘက်ကသာ ဆုံးရှုံးသွားပြီး ဘာမှ ပြန်မလုပ်နိုင် တာများတယ်”ဟု
အေးရိပ်စံ အိမ် ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ကိုဝင်းထိန်က ပြောသည်။

Credit :Trade Time Journal

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service