ဂေါဝိန်ဆိပ်ရှိ ကျူးကျော်များ အငှားအိမ်ရာ ချထားပေးရန် စာရင်းကောက် - Property News in Myanmar from iMyanmarHouse.com
1272 Views

ဂေါဝိန်ဆိပ်ရှိ ကျူးကျော်များ အငှားအိမ်ရာ ချထားပေးရန် စာရင်းကောက်

မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းရှိ ကျူးကျော် နေထိုင်သည့် တဲတန်းများအား အငှားအိမ်ရာ ချထားပေးရန် အတွက် စာရင်းကောက်ခံလျှက် ရှိကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

ယင်းကျူးကျော် နေထိုင်သူများအား ၂၀၁၅ ခုနှစ် နှစ်ဆန်းပိုင်းက နော်ဝေဘုရင်နှင့် မိဘုရားတို့ လာမည်ဆိုသောကြောင့် မန္တလေး မြို့တော် စည်ပင်သာယာမှ လာရောက် ဖယ်ရှားခြင်းများ ပြုလုပ်ခဲ့သည်။

''ကျူးကျော်တွေ စာရင်းကောက်ခံမှုက ဒီဇင်ဘာလ (၁၀) ရက်နေ့ စကောက်တယ်။ တတ်နိုင်သလောက် မြန်မြန်ပြီးအောင် ကောက်သွားမယ်။ ကြာသွားရင် ကျူးကျော်တွေ တိုးလာမှာ စိုးလို့ပါ။ သေချာ မှတ်သားပြီး မြို့နယ် ထွေအုပ်၊ ရဲတပ်ဖွဲ့ ၊ စည်ပင် စတာတွေ ပေါင်းလုပ်နေပါတယ်'' ဟု မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီ စီမံရေးရာဌာနမှ ဌာနမူး ဦးလှမျိုးက ပြောသည်။

မန္တလေးမြို့ စည်ပင်သာယာ နယ်နိမိတ် ငါးမြို့နယ် အတွင်း၌ ကျူးကျော်နေအိမ် စုစုပေါင်း (၈၄၉) လုံးရှိပြီး ယင်းထဲမှ (၁၇၂) လုံးအား ဖယ်ရှားရှင်းလင်းပြီး ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

''ဖယ်တယ် ဆိုတာလည်း ဥပဒေအရ စနစ်တကျနဲ့ ကြိုတင်စာပို့ အကြောင်းကြားပြီး ဖယ်တာပါ။ လက်ရှိ ကျူးကျော် နေထိုင်သူတွေ အတွက်လည်း အငှားအိမ်ရာတွေ ချထားပေးဖို့ရာ ဆောင်ရွက်နေပါတယ်''ဟု မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ တွဲဖက် အတွင်းရေးမူး ဦးသက်နိုင်ထွန်းက ပြောသည်။

မန္တလေးမြို့တွင် ကျူးကျော် နေထိုင်သူ အများဆုံးမြို့နယ်မှာ ပြည်ကြီးတံခွန် မြို့နယ်ဖြစ်ပြီး ရောင်းမှားဝယ်မှား နေထိုင်သူများနှင့် လမ်းဘေးတွင် ကျူးကျော် နေထိုင်သူများ ဖြစ်သည်။

''ကျွန်တော်တို့ဆီကို ဒီနေ့စာရင်းတွေ လာကောက်တယ်။ ကျွန်တော်တို့ အငှားအိမ်ရာ ဆိုတာလည်း ဈေးနှုန်း အနေအထား ကြည့်ရဦးမယ်။ တစ်နေ့လုပ်မှ တစ်နေ့စား ကုန်ထမ်း နေရတာ ဆိုတော့ စားဖို့တောင် အနိုင်နိုင်ဖြစ်နေတာ'' ဟု ကျူးကျော်နေ ထိုင်သူ ကိုငွေစိုးက ပြောသည်။

အငှားအိမ်ရာ အတွက် တစ်ခန်းလျှင် (၂၀၀) စတုန်းပေ ကျယ်သည့် (၁၂) ခန်းတွဲ ခြောက်ထပ်တိုက် (၂၂) လုံး ဆောက်လုပ်နေပြီး အခန်းပေါင်း (၁၅၈၄) ကို ငှားရမ်းပေးမည် ဖြစ်ကြောင်း မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

Credit : Messenger

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment
Emerald Bay Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service