ဟုမ္မလင်းနှင့် ခန္တီးတွင် ချင်းတွင်းမြစ်ကူး တံတားနှစ်စင်း တည်ဆောက်မည် - Property News in Myanmar from iMyanmarHouse.com
1203 Views

ဟုမ္မလင်းနှင့် ခန္တီးတွင် ချင်းတွင်းမြစ်ကူး တံတားနှစ်စင်း တည်ဆောက်မည်

ဟုမ္မလင်းနှင့် ခန္တီးမြို့တို့တွင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်၌ ချင်း တွင်းမြစ်ကူးတံတားနှစ်စင်း တည် ဆောက်သွားမည် ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ ရုံးမှ သတင်းရရှိသည်။

ချင်းတွင်းမြစ် အထက်ပိုင်း ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအ တွက် ခန္တီး-ဆင်သေ-လဟယ် ကားလမ်းပေါ်ရှိ ချင်းတွင်းမြစ်ကူး တံတား(ခန္တီး) အား ကျပ်သန်း ၄,၅၀၀၊ အောင်ဇေယျ-ကတ်သာ-ဟုမ္မလင်း ကားလမ်းမကြီးပေါ်ရှိ ချင်းတွင်းတံတား (ဟုမ္မလင်း) အား ကျပ်သန်း ၄,၅၀၀ အကုန်အကျခံတည် ဆောက်ရန် လျာထားသည်။

‘‘လိုအပ်ချက်အရ ချင်းတွင်း မြစ်ကူးတံတား နှစ်စင်း တည် ဆောက်ဖို့ အဆိုတင်သွင်းခဲ့တာ ပါ။ ချင်းတွင်းမြစ်ကူး တံတား (ခန္တီး)တည်ဆောက်မယ့် နေရာမှာ လက်ရှိဇက်နဲ့ ကူးနေရတယ်။ တံတားတည်ဆောက်ပြီးတဲ့အချိန် မှာ နာဂဒေသအတွက် သွားလာရေး အဆင်ပြေစေမှာပါ။

ချင်းတွင်း တံတား(ဟုမ္မလင်း) တည်ဆောက်ပြီးချိန်မှာ ချင်းတွင်းမြစ်အနောက်ဘက်ခြမ်း ဒေသတွေအတွက် ဖွံ့ဖြိုးသွားစေမှာ ဖြစ်ပါတယ်’’ ဟု စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးတင်ဝင်းက ပြောသည်။

ချင်းတွင်းမြစ်ကူး တံတား တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် ပထမအကြိမ် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်အထူးအစည်းအဝေး ၂/၂၀၁၅ တွင် ဒီဇင်ဘာ ၂ ရက်က စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဘဏ္ဍာရေးဝန်ကြီးက အဆိုတင်သွင်းခဲ့ပြီး ဒီဇင်ဘာ ၄ ရက်၌ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်က အတည်ပြုဆောင်ရွက်ခဲ့သည်။

‘‘လက်ရှိ ချင်းတွင်းမြစ်ကူး တံတား (ကလေးဝ) ကို တည် ဆောက်နေဆဲ ဖြစ်ပါတယ်။ လာ မယ့်ဘဏ္ဍာနှစ်မှာ ချင်းတွင်းမြစ် ကူးတံတား (ခန္တီး)နဲ့ ချင်းတွင်းမြစ် ကူးတံတား (ဟုမ္မလင်း)ကို တိုးချဲ့ တည်ဆောက်ဖို့ လျာထားခဲ့တယ်။

တိုးချဲ့ တည်ဆောက်မယ့် ချင်း တွင်းမြစ်ကူးတံတားတွေက အာစီတံတားအမျိုးအစား တည်ဆောက်မှာ ဖြစ်ပါတယ်’’ဟု စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးက ပြောသည်။

ချင်းတွင်းမြစ်ကူး တံတား များအဖြစ် ချောင်းဦးမြို့နယ်ရှိ ချင်းတွင်းမြစ်ကူး ဆင်ဖြူရှင်တံ တား၊ မုံရွာမြို့နယ်ရှိ ချင်းတွင်းတံ တား(မုံရွာ)တို့ တည်ဆောက်ပြီး စီး၍ အသုံးပြုနေပြီး ချင်းတွင်းမြစ် ကူးတံတား(ကလေးဝ)မှာ တည်ဆောက်နေဆဲ ဖြစ်သည်။

ချင်းတွင်းမြစ်ကူး တံတား (ခန္တီး)နှင့် ချင်းတွင်းမြစ်ကူးတံ တား(ဟုမ္မလင်း)တို့ တည်ဆောက်ပြီး ပါက ချင်းတွင်းမြစ်ကြောင်းတစ် လျှောက်တွင် မြစ်ကူး တံတားငါးစင်းဖြင့် လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာမည်ဖြစ် ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရရုံးက ဆိုသည်။

Credit : 7Day Daily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 08 Jul To 08 Aug

Central Shophouse

Emerald Bay Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service