ဂရန်မူရင်းကို ကန်ထရိုက်တာဆီ လွှဲဖို့မလို - Property Knowledge in Myanmar from iMyanmarHouse.com
4534 Views

ဂရန်မူရင်းကို ကန်ထရိုက်တာဆီ လွှဲဖို့မလို

Knowledge | Posted by Shwe Zin Win

အကျိုးတူကန်ထရိုက်တိုက်တွေ ဆောက်လုပ်တဲ့အခါမှာ ဂရန်မူရင်းကို မြေပိုင်ရှင်က ကန်ထရိုက်တာဆီ လွှဲအပ်ထားဖို့ မလိုအပ်တာကို မြေပိုင်ရှင်တွေ အနေနဲ့ သိထားသင့်တယ်။

မြေပိုင်ရှင်တွေက သေချာမသိဘဲ ဂရန်မူရင်းကို ကိုယ်စားလှယ်လွှဲစာတွေနဲ့ လွှဲအပ်ကြသူတွေ ရှိပါတယ်။ အဲသည်လိုကြောင့် တချို့မြေပိုင်ရှင်တွေမသိအောင် ဂရန်ကိုပေါင်ထားခံရတဲ့ အဖြစ်တွေရှိတယ်လို့ သိရပါတယ်။

စီးပွားရေးနှင့် ဥပဒေလမ်းညွှန် ဦးသန်းဦးက "ကမ်းနားလမ်းဘက်မှာဆို ကန်ထရိုက်တာက လွှဲပေးထားတဲ့ဂရန်ကို ပေါင်ပြီးပြေးတာ၊ အိမ်ရှင်ကမသိလိုက်ဘူး၊ နောက်မှ သိလို့တရားစွဲထားတယ်၊ တော်တော်များများက လွယ်လွယ်ကူကူနဲ့ လွှဲပေးလိုက်ကြတယ်၊ ဂရန်တွေပေါင်ထားပြီးမှ ပြန်မရွေးနိုင်ဘဲ တရားစွဲကြရော"လို့ ရှင်းပြပါတယ်။

အကျိုးတူလုပ်မယ်ဆိုရင် မြေပိုင်ရှင်က ကန်ထရိုက်တာကို လွှဲအပ်ရင်ဘာအတွက် ကိုယ်စားလှယ်လွှဲတာပါ ဆိုတာကို တိတိကျကျ ဥပဒေနားလည်သူနဲ့ လုပ်သင့်တယ်လို့ ဆိုပါတယ်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ)က သည်လိုပြသနာတွေ မဖြစ်အောင် ဂရန်မူရင်းကို ကန်ထရိုက်တာဆီမှာ အပ်နှံထားဖို့ မလိုအပ်ကြောင်း ထုတ်ပြန်ကြေငြာထားပါတယ်။

ဂရန်မူရင်းကို အဆောက်အအုံ ဆောက်လုပ်ခွင့်တွေ ခွင့်ပြုပေးဖို့ ဌာနကစိစစ်ရာမှာ ပိုင်ဆိုင်မှု အထောက်အထားအဖြစ် တစ်ကြိမ်ပဲ တိုက်ဆိုင်စစ်ဆေးတာလို့ သိရပါတယ်။ စစ်ဆေးပြီးတာနဲ့ ဂရန်မူရင်းကို မြေရှင်ကသာ ပြန်သိမ်းထားရမှာ ဖြစ်တယ်။ ကန်ထရိုက်တာတွေကို ဂရန်မူရင်းတွေ အပ်ဖို့ ဌာနအနေနဲ့ ညွှန်ကြားထားတာမရှိဘူးလို့ ကြေညာထားပါတယ်။

ဒါပေမယ့် တချို့မြေပိုင်ရှင်တွေက သေချာမသိဘဲ ကန်ထရိုက်တာတွေ ပြောသမျှအတိုင်း လုပ်ဆောင်ပြီး ကိုယ်စားလှယ်လွှဲစာတွေနဲ့ အလွယ်တကူ လွှဲပေးထားကြပါတယ်။ ဂရန်မူရင်းကို အပ်နှံထားတဲ့အတွက် မလိုလားအပ်တဲ့ ပြသနာတွေ ဖြစ်လာနိုင်တာကြောင့် မြေပိုင်ရှင်တွေအနေနဲ့ သတိပြုသင့်ပါတယ်။

သေချာစိစစ်ပါ

အကျိုးတူဆောက်လုပ်တော့မယ်ဆိုရင် ကိုယ်နဲ့ အကျိုးတူလုပ်မယ့် ကန်ထရိုက်တာက လိုင်စင်ရသလား၊ စိတ်ချယုံကြည်ရရဲ့လား စိစစ်သင့်ပါတယ်။ လုပ်ငန်းခွင်စတဲ့ အခါမှာလည်း တရားဝင်ခွင့်ပြုချက် ကျပြီလားဆိုတာတွေကို သိထားသင့်ပါတယ်။ တချို့က ပြောင်းရွှေ့စရိတ် များများပေးတာနဲ့ အကုန်လုံးကို မစိစစ်တော့ဘဲ လွယ်လွယ်ကူကူ ခွင့်ပြုတာတွေကြောင့် မြေပိုင်ရှင်နဲ့ ၀ယ်သူတွေ နစ်နာမှုတွေ ရှိနေတာလို့ သိရပါတယ်။

ဆောက်လုပ်ရေးနှင့် ပတ်သက်ပြီး လိုင်စင်ရှိတဲ့ပ ကန်ထရိုက်တာက (၁၀၀၀) ကျော် ရှိတယ်လို့သိရပါတယ်။ လိုင်စင်ရှိကန်ထရိုက်တာနဲ့ အဆောက်အအုံ ဆောက်လို့ပြသနာဖြစ်ရင် ဖြေရှင်းရလွယ်ပေမယ့် လိုင်စင်မရှိတဲ့ သူတွေနဲ့ ဆောက်တဲ့ ပြသနာဆိုရင် ဖြေရှင်းရတာခက်ခဲတယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ)က သိရပါတယ်။

ဦးတင်သန်းဦးက"ဖြေရှင်းပေးနိုင်တဲ့ ဥပဒေလိုအပ်နေတာ၊ ကြိုပွိုင့်နဲ့ ၀ယ်မိလို့ အလိမ်ခံရရင် ၀ယ်သူကဘယ်လိုလုပ်ရမယ်၊ ဘယ်သူ့ကို တရားစွဲရမလဲ မသိတာ၊ မြေပိုင်ရှင်ကလဲ ကန်ထရိုက်တာ ကဆောက်လက်စနဲ့ထားပြီး ပြေးသွားရင်၊ လိမ်သွားရင် ဘယ်လိုနည်းလမ်းမျိုးနဲ့ လုပ်ဆောင်လို့ ရတာမျိုး အတိအကျမရှိဘူး"လို့ ပြောပါတယ်။

အဆောက်အအုံဆောက်လုပ်ရာမှာ အလွယ်တကူနဲ့ ကိုယ်စားလှယ်လွှဲစာ ပေးပြီး အပ်နှံတာတွေကြောင့် အလွဲသုံးစား လုပ်ခံရတာ၊ လိမ်လည်ခံရတာတွေ ဖြစ်နေကြတယ်လို့ သိရပါတယ်။

Credit : The Kumudra

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service