တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ် အစိုးရမှ ရေဘေးသင့်ဒေသ များအတွက် အိမ်ခေါင်မိုးသွပ်ပြားများလှူဒါန်းခြင်း - Property News in Myanmar from iMyanmarHouse.com
1161 Views

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ် အစိုးရမှ ရေဘေးသင့်ဒေသ များအတွက် အိမ်ခေါင်မိုးသွပ်ပြားများလှူဒါန်းခြင်း

မြန်မာနိုင်ငံ ရေဘေးသင့် ဒေသများအတွက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ် ပြည်သူ့အစိုးရမှ အလျား ၂၂၀၀ မီလီမီတာ x အနံ ၉၂၀ မီလီမီတာ x အထူ ၀.၃၂ မီလီမီတာ အတိုင်းအတာရှိ အလူမီနီယံ သွပ်ပြားအချပ်ရေ(၂)သိန်းကို ယူနန်ပြည်နယ် ပြည်သူ့ အစိုးရ၊ နိုင်ငံခြားရေးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် မစ္စရှင်လင်းနှင့် မန္တလေးမြို့အ‌ခြေစိုက် တရုတ် ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ် မစ္စတာဝမ်ယုတို့က (၃-၁၂-၂၀၁၅) ရက်နေ့တွင် မူဆယ်မြို့၌ လာရောက် လှူဒါန်းသည်။

၎င်းလှူဒါန်းပစ္စည်းများကို ရှမ်းပြည်နယ် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးနိုင်နှင့် မူဆယ်ခရိုင် အမျိုးသား သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌဖြစ်သူ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်းတို့ က လက်ခံရယူသည်။

၎င်းအိမ်ခေါင်မိုး သွပ်ပြားများကို အမျိုးသား သဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီမှ ရေဘေးသင့် ဒေသများဖြစ်သည့် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ရခိုင် ပြည်နယ်၊ဧရာဝတီတိုင်း၊မကွေးတိုင်း နှင့်ပဲခူးတိုင်းများသို့ ဆောလျင်စွာ ဖြန့်ဝေ သွားနိုင်ရန် အတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ကူမင်းမြို့ရှိ မြန်မာ ကောင်စစ်ဝန်ချုပ်၊ ဦးအောင်ကျော်ဦးမှ မူဆယ်မြို့သို့ လာရောက်ပြီး အဆိုပါ လွှဲပြောင်းခြင်းကိစ္စများ အဆင်ပြေ ချောမွေ့ စေရေးအတွက် ကူညီဆောင်ရွက် ပေးသည်။

အိမ်ခေါင်မိုး သွပ်ပြားများ လွှဲအပ်ခြင်းနှင့် ဆိုင်သည့် စာရွက် စာတမ်းများကို မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် ပြည်သူ့သမ္မတ နိုင်ငံ၊ သံအမတ်ကြီး မစ္စတာ ဟောင်လျန်မှ နေပြည်တော်သို့ မကြာမီ လာရောက်ပြီး ပေးအပ်မည်ဟု နိုင်ငံခြားရေး ဝန်ကြီးဌာနမှ သိရှိရသည်။

Credit: MOI Webportal Myanmar
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ် အစိုးရမှ ရေဘေးသင့်ဒေသ များအတွက် အိမ်ခေါင်မိုးသွပ်ပြားများလှူဒါန်းခြင်း - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
စိတ်ဖိစီးမှုတွေပြေပျောက်ချင်ရင် အိုးတိုက်ပန်းကန်ဆေးပါ.....
စိတ်ဖိစီးမှုတွေပြေပျောက်ချင်ရင် အိုးတိုက်ပန်းကန်ဆေးပါ.....
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အမေရိကန်တွင် ဇနီး၏ ကွာရှင်းခံရသော အမျိုးသားက ထီထိုးပြီး ထီလက်မှတ်မေ့ကျန်ခဲ့ရာ ကောက်ရသူက ပြန်ပေး၊ ထိုထီလက်မှတ်မှ ဒေါ်လာ ၂
အမေရိကန်တွင် ဇနီး၏ ကွာရှင်းခံရသော အမျိုးသားက ထီထိုးပြီး ထီလက်မှတ်မေ့ကျန်ခဲ့ရာ ကောက်ရသူက ပြန်ပေး၊ ထိုထီလက်မှတ်မှ ဒေါ်လာ ၂
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
သင့်အိမ်ခန်းအတွင်းက အနံ့ဆိုးတွေကို ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းကောင်း (၅)ခု
သင့်အိမ်ခန်းအတွင်းက အနံ့ဆိုးတွေကို ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းကောင်း (၅)ခု
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ

Upcoming Property Events

From 11 Oct To 12 Oct

Jade Palace Condo

From 11 Oct To 12 Oct

Shwe Moe Kaung

Jade Palace Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service