လက်ရှိ အိမ်မြေဈေးကွက်မှာ ဈေးနှုန်း အလယ်အလတ်တန်းကို ဦးစားပေးသင့် - Property News in Myanmar from iMyanmarHouse.com
1576 Views

လက်ရှိ အိမ်မြေဈေးကွက်မှာ ဈေးနှုန်း အလယ်အလတ်တန်းကို ဦးစားပေးသင့်

အိမ်ခြံမြေဈေးကွက်မှာ လတ်တလောဝင်ရောက် ရင်းနှီးမြှုပ်နှံထားလိုသူတွေ အနေနဲ့ဈေးနှုန်း အလယ်အလတ်တန်းစား ကို ဦးစားပေး အလုပ်လုပ်ခြင်းက အမှားအယွင်း နည်းပါးနိုင်ကြောင်း အတွေ့အကြုံ ရှိတဲ့ အိမ်ခြံမြေအကျိုးဆောင်တချို့က ပြောပါတယ်။

လက်ရှိ အိမ်ခြံမြေဈေးကွက် အနေအထားဟာ အရောင်းအ၀ယ် သိပ်မဖြစ်ဘဲ တန်ဖိုးမြင့်တဲ့ အကွက်အကွင်းတွေကတော့ အလုပ်မဖြစ်သလောက် ရှိနေကြောင်း ဈေးကွက်သတင်းတွေအရ သိရပါတယ်။

ဒီလိုအနေအထားမှာ နိုင်ငံရေးအခြေအနေ ပြောင်းလဲမှုအပေါ်မူတည်ပြီး ဈေးကွက်မှာ အလုပ်လုပ်ရတဲ့ အခြေအနေ ကောင်းလာ နိုင်တယ်လို့ မှန်းဆ သုံးသပ်တာမျိုး ရှိပေမယ့် ရှေ့အလားအလာကို ပီပီပြင်ပြင် အကဲခတ်နိုင်တာမျိုးတော့ မရှိပါဘူး။

ဒီလိုအခြေအနေ ရှိနေပေမယ့် လတ် တလောမှာ အိမ်မြေဈေးကွက်မှာသာ ရင်းနှီးမြှုပ်နှံဖို့ စဉ်းစားနေတယ်ဆိုရင် တော့ ကျပ်သိန်း ၁,၀၀၀ နဲ့ ၁,၅၀၀ ကြား ဈေးနှုန်း အလယ် အလတ်ကို ရွေးချယ် အလုပ်လုပ်တာက အကျိုးအမြတ်ရှိနိုင် တယ်လို့ အကျိုးဆောင် တချို့က သုံးသပ် ကြပါတယ်။

ဈေးနှုန်း အလယ်အလတ်တန်းစား အိမ်ခြံမြေ အကွက်အကွင်းတွေအတွက် လူဦးရေ တိုးပွားလာမှုက အခရာကျပြီး ဒီအချက်က သူ့ရဲ့ ဈေးကွက်ကို အချိန်ကြာလာတာနဲ့အမျှ မြှင့်တင်ပေးနိုင်လိမ့်မယ်လို့ သုံးသပ်ကြပါတယ်။

အလယ်အလတ် ဈေး နှုန်းထားဖြစ်လို့ အမှန်တကယ် နေထိုင်စရာ လိုအပ်တဲ့ လူလတ်တန်းစားအလွှာနဲ့ ရင်းနှီး
မြှုပ်နှံထားလိုတဲ့ ငွေကြေးတတ်နိုင်သူတွေ စိတ်ဝင်စားစရာ အကွက်အကွင်းအဖြစ် ရှိနေနိုင်မှာ ဖြစ်ပါတယ်။

အဲဒီလို အကွက်အကွင်းမှာ အလုပ်လုပ် မယ်ဆိုရင် အရေးကြီးတာက အကွက်အကွင်းကို ရွေးချယ်တာ
မှန်ကန်ဖို့ပဲဖြစ်ပါတယ်။

လူနေခွင်ဧရိယာတွေနဲ့ အတတ်နိုင် ဆုံးနီးကပ်တာ၊ မြေကွက်မျက်နှာပြုတာတွေ အားသာတာကို ရွေးချယ်ဖို့ လိုအပ်သလို၊ ကိုယ်မှန်းထားတဲ့ ငွေပမာဏထက် အနည်း ငယ် ပိုလိုက်ရင် အနေအထား ပိုကောင်းတာကို ရနိုင်မယ့်
မြေကွက်မျိုးဆိုရင်လည်း ဆုံးဖြတ်ချက် မှားမသွားအောင် အလုပ်လုပ်တတ်ဖို့လိုကြောင်း အကျိုးဆောင်တချို့က အကြံပြုပါတယ်။

လတ်တလောအနေအထားမှာ အိမ်ခြံ မြေဈေးကွက် အရောင်းအ၀ယ် ပြန်သွက်လက်လာဦးမယ် ဆိုရင်တောင် ဈေးနှုန်းအမြင့်တန်းတွေဟာ အထနှေးဦး မှာဖြစ်ပြီး မြို့တွင်း အိမ်ခြံမြေဈေးကွက်ဟာ အငှား ဈေးကွက်ကိုသာ ဆက်လက် အားထားရ ဖွယ် ရှိနေပါတယ်။

အလယ်အလတ် ဈေးနှုန်းတန်း အိမ်ခြံမြေအကွက် အကွင်းတွေကတော့ ခပ်သွက်သွက် လည်ပတ်နိုင်စွမ်းရှိကြမယ်လို့ အကျိုးဆောင် အများစုက သုံးသပ်ကြပါတယ်။

Credit : Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 02 Aug To 03 Aug

Emerald Bay Luxury Condo

From 08 Jul To 08 Aug

Central Shophouse

INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service